အလုပ်မရှုပ်အောင် တစ်ကြိမ်တည်းအတူ မင်္ဂလာဆောင်ခဲ့ကြတဲ့ ညီအစ်မ 3 ဦး

ဒီတစ်ခေါက်ဖော်ပြမဲ့ မင်္ဂလာပွဲကတော့ စုံတွဲ 3 တွဲဖြစ်တဲ့အပြင် ညီအစ်မအရင်း 3 ယောက်ရဲ့ တစ်ကြိမ်တည်းအတူ မင်္ဂလာဆောင်ကြတဲ့ ပွဲပဲဖြစ်ပါတယ် ။ ညီအစ်မ 3 ဦးဟာ 1994,1995,1996 ခုနှစ်ဖွားတွေဖြစ်ကြပြီး အခုလိုအတူ မင်္ဂလာဆောင်ရတဲ့အတွက် အမှတ်တရအတူ ဖန်တီးခဲ့ရတာမို့ အရမ်းကိုပျော်ရွှင်ခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ပွဲရဲ့ကုန်ကျစရိတ်ကြောင့် အခုလို မင်္ဂလာပွဲကျင်းပကြတယ်လို့ ထင်ကြတဲ့သူတွေအပေါ် ပွဲလုပ်ရင် ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ်များမှာဖြစ်ပြီး အခုပွဲဟာဆိုရင် ဧည့်သည်အမြောက်အများဖိတ်ကြားထားတာမို့ ကုန်ကျစရိတ်ဟာ ကွာဟလွန်းတာမျိုးမရှိကြောင်း ပွဲစီစဉ်သူကပြောပြသွားခဲ့ပါတယ် ။ ညီအစ်မ 3 ဦးလုံးက ပွဲပြီးတာနဲ့ သြစတြေးလျသို့ သွားရောက်နေထိုင်ကြမှာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

.

.

.

.

Zawgyi

ဒီတစ္ေခါက္ေဖာ္ျပမဲ့ မဂၤလာပြဲကေတာ့ စံုတြဲ 3 တြဲျဖစ္တဲ့အျပင္ ညီအစ္မအရင္း 3 ေယာက္ရဲ႕ တစ္ႀကိမ္တည္းအတူ မဂၤလာေဆာင္ၾကတဲ့ ပြဲပဲျဖစ္ပါတယ္ ။ ညီအစ္မ 3 ဦးဟာ 1994,1995,1996 ခုႏွစ္ဖြားေတြျဖစ္ၾကၿပီး အခုလိုအတူ မဂၤလာေဆာင္ရတဲ့အတြက္ အမွတ္တရအတူ ဖန္တီးခဲ့ရတာမို႔ အရမ္းကိုေပ်ာ္ရႊင္ခဲ့ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း ပြဲရဲ႕ကုန္က်စရိတ္ေၾကာင့္ အခုလို မဂၤလာပြဲက်င္းပၾကတယ္လို႔ ထင္ၾကတဲ့သူေတြအေပၚ ပြဲလုပ္ရင္ ဘယ္လိုပဲျဖစ္ျဖစ္ ကုန္က်စရိတ္မ်ားမွာျဖစ္ၿပီး အခုပြဲဟာဆိုရင္ ဧည့္သည္အေျမာက္အမ်ားဖိတ္ၾကားထားတာမို႔ ကုန္က်စရိတ္ဟာ ကြာဟလြန္းတာမ်ိဳးမ႐ွိေၾကာင္း ပြဲစီစဥ္သူကေျပာျပသြားခဲ့ပါတယ္ ။ ညီအစ္မ 3 ဦးလံုးက ပြဲၿပီးတာနဲ႔ ျသစေၾတးလ်သို႔ သြားေရာက္ေနထိုင္ၾကမွာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *