သခင်ဖြစ်သူရဲ့ အုတ်ဂူဆီ ရောက်တိုင်း ငိုကြွေးနေတတ်တဲ့ ခွေးလေး

ခွေးလေးတွေက လူတွေရဲ့တကယ့်ကိုသစ္စာရှိတဲ့ အဖော်မွန်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း Nathan Phan အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ခွေးလေးနဲ့ အတူ သူ့ရဲ့မိခင်အုတ်ဂူဆီသို့ သွားရောက်လည်ပတ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ခွေးလေးဟာ အုတ်ဂူပေါ်က သခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး မျက်ရည်တွေ အဆက်မပျက်ကျနေခဲ့တာကို Nathan က အံ့အားသင့်စွာတွေ့ရှိခဲ့ရတာပါ ။

မိခင်ဖြစ်သူ အသက်ရှိစဉ်အချိန်က ခွေးလေးကို အရမ်းဂရုစိုက်ချစ်ခင်ပေးပြီး အစားအသောက် နဲ့ အိပ်ဖို့ကိုပါ မကျန် အသေးစိတ်ပြင်ဆင်ပြုစုပေးခဲ့တာပါ ။ မိခင်ဖြစ်သူ သေဆုံးပြီးနောက်မှာတော့ ခွေးလေးဟာ မတတ်ကြွတော့ဘဲ ငူငူငိုင်ငိုင်ဖြစ်နေလို့ အုတ်ဂူသို့ခေါ်သွားစဉ် ခွေးလေးက အရင်ဆုံးအုတ်ဂူဆီသို့ အပြေးသွားခဲ့ကြောင်း သိရပါတယ် ။ ခွေးလေးရဲ့အဖြစ်ကိုကြည့်ရုံနဲ့ သူ့ရဲ့သခင်ကို ဘယ်လောက်လွမ်းဆွတ်နေမလဲဆိုတာကို သိနိုင်ပါတယ်လေ ။

.

Zawgyi

ေခြးေလးေတြက လူေတြရဲ႕တကယ့္ကိုသစၥာ႐ွိတဲ့ အေဖာ္မြန္ပါပဲ ။ ဒီတစ္ေခါက္မွာလည္း Nathan Phan အမည္႐ွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေခြးေလးနဲ႔ အတူ သူ႔ရဲ႕မိခင္အုတ္ဂူဆီသို႔ သြားေရာက္လည္ပတ္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ေခြးေလးဟာ အုတ္ဂူေပၚက သခင္ျဖစ္သူရဲ႕ဓာတ္ပံုကိုၾကည့္ၿပီး မ်က္ရည္ေတြ အဆက္မပ်က္က်ေနခဲ့တာကို Nathan က အံ့အားသင့္စြာေတြ႔႐ွိခဲ့ရတာပါ ။

မိခင္ျဖစ္သူ အသက္႐ွိစဥ္အခ်ိန္က ေခြးေလးကို အရမ္းဂ႐ုစိုက္ခ်စ္ခင္ေပးၿပီး အစားအေသာက္ နဲ႔ အိပ္ဖို႔ကိုပါ မက်န္ အေသးစိတ္ျပင္ဆင္ျပဳစုေပးခဲ့တာပါ ။ မိခင္ျဖစ္သူ ေသဆံုးၿပီးေနာက္မွာေတာ့ ေခြးေလးဟာ မတတ္ႂကြေတာ့ဘဲ ငူငူငိုင္ငိုင္ျဖစ္ေနလို႔ အုတ္ဂူသို႔ေခၚသြားစဥ္ ေခြးေလးက အရင္ဆံုးအုတ္ဂူဆီသို႔ အေျပးသြားခဲ့ေၾကာင္း သိရပါတယ္ ။ ေခြးေလးရဲ႕အျဖစ္ကိုၾကည့္ရံုနဲ႔ သူ႔ရဲ႕သခင္ကို ဘယ္ေလာက္လြမ္းဆြတ္ေနမလဲဆိုတာကို သိႏိုင္ပါတယ္ေလ ။

Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *