မိခင်ဖြစ်သူရဲ့အကူအညီနဲ့ ချစ်သူအတွက် အိတ်လေးကို ကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ ကောင်လေး

ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးကတော့ နှစ်သစ်ကူးနေ့မှာ သူ့ရဲ့ချစ်သူ အိတ်အသစ်လေးလွယ်နိုင်အောင် online ပေါ်မှာ အိတ်ချုပ်မဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူခဲ့ပါတယ် ။ သို့ပေမဲ့လည်း အစပိုင်းမှာ အပ်ချည်ဘယ်လိုထိုးရမယ်မှန်းမသိလို့ မိခင်ဖြစ်သူက ကိုယ်တိုင်ကူညီသင်ကြားပေးခဲ့ရပါတယ် ။

နောက်တော့ တစ်နေကုန် အိမ်ထဲ ၊ ခြံဝန်ထဲမှာ နေ့ရော ညပါ အိတ်ချုပ်နေခဲ့တာပါ ။ အိတ်လေးပြီးဆုံးသွားချိန်မှာတော့ အတော်လေးလှပပြီး ကြည့်ကောင်းတဲ့ brand အိတ်လေးလိုဖြစ်ခဲ့ပါတယ် ။

ချစ်သူကောင်မလေးက အိတ်လေး လက်ဆောင်ရချိန်မှာတော့ သူများရည်းစားတွေက နှစ်သစ်ကူးနေ့မှာ အိမ်တွေသန့်ရှင်းရေးလုပ်ရင်း အလုပ်များနေပေမဲ့လည်း သူမရည်းစားကတော့ အိတ်ချုပ်ရင်း အချိန်ကုန်နေခဲ့ကြောင်း ဟာသနှောပြီး ပြောပြသွားခဲ့ပါတယ် ။

.

.

.

Zawgyi




Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *