သားဖြစ်သူရဲ့ အုတ်ဂူဘေးမှာ လှဲအိပ်နေရင်း စကားတွေပြောနေခဲ့တဲ့ ဖခင်

လူတွေက အခါကြီးရက်ကြီးတွေ ၊ နှစ်သစ်ကူးနေ့တွေမှာ မိသားစုတွေနဲ့စုံစုံလင်လင်ရှိချင်ကြပေမဲ့လည်း အချို့သူတွေကတော့ အဆိုပါဆန္ဒမျိုး မဖြည့်ဆည်းနိုင်ကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း ဒီဇင်ဘာ 30 ရက်နေ့ ညမှာ ကွယ်လွန်သွားတဲ့ သားဖြစ်သူရဲ့ အုတ်ဂူဘေးမှာ ဖခင်ဖြစ်သူဟာ လှဲအိပ်ရင်း စကားတွေပြောနေခဲ့တာပါ ။ တရုတ်နှစ်သစ်ကူးနေ့မှာ အတူမရှိနိုင်လို့ ဖခင်ဖြစ်သူက အတော်လေး ကြေကွဲနေခဲ့ပုံပါ ။

ယောင်္ကျားသေဆုံးသွားရင် မုဆိုးမ ၊ ဇနီးသေဆုံးသွားရင် မုဆိုးဖို ၊ မိဘတွေမရှိတဲ့ကလေးကို မိဘမဲ့လို့ခေါ်ကြပေမဲ့ သားသမီးဆုံးရှုံးသွားတဲ့ မိဘကို ခေါ်တွင်ဖို့ အမည်မရှိလောက်အောင် ဆုံရှုံးမှုကြီးက ဖော်ပြနှိုင်းယှဉ်စရာမရှိလောက်အောင်ပါပဲ ။

ဖခင်ဟာ သားသမီးတွေအပေါ် အမြဲ ချစ်ပြလေ့မရှိပေမဲ့လည်း သားသမီးအပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာက မိခင်နဲ့တန်းတူပဲဆိုတာ အခုအဖြစ်အပျက်လေးကို ကြည့်ရုံနဲ့ ခံစားနိုင်ပါတယ်လေ ။

Zawgyi




Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *