အသင့်စား hot pot ဘူးထဲကနေ လောက်တွေ တွေ့ရှိခဲ့တဲ့ အမျိုးသားအဖြစ်

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ H လို့ တိတ်တဆိတ်အမည်မှည့်ခေါ်ထားတဲ့ အသက် 21 နှစ်အရွယ် အမျိုးသားတစ်ဦးဟာ စတိုးဆိုင်တစ်ခုကနေ အသင့်စား hot pot ဘူးကို ဝယ်ယူပြီးနောက် ဆိုင်မှာသာ ဖျော်စားနေခဲ့တာပါ ။ သို့ပေမဲ့လည်း စားသောက်နေရင်း ဘူးထဲကနေ အဖြူရောင် လောက်ကဲ့သို့အကောင် 3 ကောင်ခန့်တွေ့ရှိခဲ့လို့ အံ့အားသင့်ပြီး အဆိုပါအဖြစ်ကို social media ပေါ် ဝေမျှခဲ့ပါတယ် ။ ဒါ့အပြင် H ဟာ ဆိုင်ဝန်ထမ်းတွေကို အပြစ်တင်ဝေဖန်ပြီး ငွေပြန်အမ်းဖို့ မတောင်းဆိုဘဲ အေးခဲသိုလှောင်ထားတဲ့ အစားအစာတွေကို စနစ်တကျ စစ်ဆေးဖို့သာ မှာကြားခဲ့ပါတယ် ။

အဆိုပါအဖြစ်ဟာ online ပေါ် အတော်လေးပျံ့နှံသွားခဲ့ပြီးနောက် လူအတော်အများက အသင့်စား hot pot ဘူးတွေ မစားချင်တော့လောက်အောင်ဖြစ်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း စတိုးဆိုင်ဖက်ကတော့ ယုံကြည်စိတ်ချရတဲ့အစားအစာတွေသာ ထားရှိထားလို့ အဆိုပါအဖြစ်အပျက်ဟာ အမှန်တကယ် ဟုတ် /မဟုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းပြောဆိုသွားခဲ့ပါတယ် ။

.

.

Zawgyi



Jasmine ( Everonline )


Posted

in

,

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *