ညနက်ကြီးမှာ ဖခင်နဲ့အတူ မမောမပန်း ထီလတ်မှတ်ရောင်းနေခဲ့ရတဲ့ ကလေးငယ်တွေ

တစ်ချို့သောသူတွေက ညအချိန်မှာ အိပ်ယာထဲမှာ သက်သောင့်သက်သာအနားယူနေကြပြီဖြစ်ပေမဲ့ အချို့သောကလေးငယ်တွေကတော့ အနားမယူနိုင်ဘဲ မိဘတွေရဲ့အလုပ်နောက်ကို လိုက်သွာပြီး အကူအညီပေးနေကြရတာပါ ။ ဒီတစ်ခေါက်မှာလည်း မိခင်ဖြစ်သူဆုံးပါးသွားလို့ ကလေးငယ်နှစ်ယောက်ကို နေအိမ်မှာ မချန်ထားရစ်နိုင်လို့ ဖခင်ဖြစ်သူက အလုပ်ဆီသို့ခေါ်ဆောင်လာခဲ့ရပါတယ် ။ ဖခင်ဖြစ်သူကတော့ ထီလတ်မှတ်ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပြီး စက်ဘီးတစ်စီးနဲ့ လှည့်ပတ်ရောင်းချနေခဲ့တာပါ ။

.

.

ကလေးအငယ်တစ်ယောက်ကို စက်ဘီးအရှေ့က ခြင်းတောင်းလေးထဲ ထည့်ထားပြီး ၊ အကြီးတစ်ယောက်ကိုတော့ အနောက်က ထိုင်ခုံလေးမှာ တင်ထားခဲ့တာပါ ။ ကလေးငယ်နှစ်ယောက်ဟာ အတော်လေးကို ငယ်ရွယ်လွန်းနေသေးလို့ ဖခင်ဖြစ်သူက သွားတဲ့နေရာတိုင်း ခေါ်သွားနေခဲ့ရတာပါ ။ သို့ပေမဲ့လည်း သားအဖ၃ ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးလေးတွေနဲ့ ရွှင်လန်းနေပြီး ဘဝကို အကောင်းဆုံး ဖြတ်သန်းနေပုံပါပဲ ။ ကလေးတွေကလည်း ပင်ပန်းတယ်ဆိုပြီး ဖခင်အပေါ် ငြီးငြူခဲ့ခြင်းမျိုးလည်း မရှိကြောင်း သိရှိရပါတယ် ။

Zawgyi


.

.


Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *