Shopping Mall ထဲရှိ ကြမ်းပြင်ပေါ်မှာ ကလေးငယ်ကို လွတ်ချထားပြီး စက်ပေါ်မှာ စိတ်ပြေလက်ပျောက် ကခုန်နေခဲ့တဲ့ မိခင်

ကလေးငယ်တစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ မလွယ်ကူလို့ တစ်ခါတစ်လေ မိခင်တွေမှာတောင် အားလပ်ချိန်ဆိုတာမျိုး မရှိတော့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက မိခင်တစ်ဦးဟာ သူမရဲ့ကလေးနဲ့အတူ shopping mall တစ်ခုဆီသို့ ရောက်ရှိလာပါတယ် ။ ထို့နောက် ကတဲ့စက်တစ်ခုကိုမြင်တော့ သူမဟာ ကခုန်ချင်လာလို့ ကလေးကို ပွေ့ချီနေရင်း စက်ပေါ်ကနေခဲ့ပါတယ် ။ ခဏအကြာမှာတော့ မလွတ်လပ်လို့ဆိုပြီး သူမရဲ့ ကလေးကို ကြမ်းပြင်ပေါ်ချပြီး စိတ်လွတ်လပ်လွတ်ကနေခဲ့ပါတယ် ။ ထိုအချိန်မှာပဲ ကလေးငယ်က သူမရှိရာ စက်ပေါ်ဆီသို့ လေးဖက်ကုန်းပြီးတက်နေပေမဲ့ မိခင်က ဂရုမစိုက်လို့ လုံခြုံရေးတွေက မိခင်ဖြစ်သူကို သတိပေးခဲ့ရပါတယ် ။

ထို့နောက် မိခင်ဖြစ်သူက သူမရဲ့ကလေးကို ပြန်ပွေ့ချီပြီး ပြီးဆုံးအောင် ပြန်ကနေခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ online ပေါ်မှာ အတော်လေးပျံ့နှံ့သွားပြီးနောက် လူအတော်အများက ကလေးကိုပိုပြီး ဂရုစိုက်စောင့်ရှောက်ဖို့ မိခင်ဖြစ်သူကို ဝေဖန်ခဲ့ကြပါတယ် ။

Zawgyi

ကေလးငယ္တစ္ေယာက္ကို ျပဳစုေစာင့္ေ႐ွာက္ရတာ မလြယ္ကူလို႔ တစ္ခါတစ္ေလ မိခင္ေတြမွာေတာင္ အားလပ္ခ်ိန္ဆိုတာမ်ိဳး မ႐ွိေတာ့ပါဘူး ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက မိခင္တစ္ဦးဟာ သူမရဲ႕ကေလးနဲ႔အတူ shopping mall တစ္ခုဆီသို႔ ေရာက္႐ွိလာပါတယ္ ။ ထို႔ေနာက္ ကတဲ့စက္တစ္ခုကိုျမင္ေတာ့ သူမဟာ ကခုန္ခ်င္လာလို႔ ကေလးကို ေပြ႔ခ်ီေနရင္း စက္ေပၚကေနခဲ့ပါတယ္ ။ ခဏအၾကာမွာေတာ့ မလြတ္လပ္လို႔ဆိုၿပီး သူမရဲ႕ ကေလးကို ၾကမ္းျပင္ေပၚခ်ၿပီး စိတ္လြတ္လပ္လြတ္ကေနခဲ့ပါတယ္ ။ ထိုအခ်ိန္မွာပဲ ကေလးငယ္က သူမ႐ွိရာ စက္ေပၚဆီသို႔ ေလးဖက္ကုန္းၿပီးတက္ေနေပမဲ့ မိခင္က ဂ႐ုမစိုက္လို႔ လံုျခံဳေရးေတြက မိခင္ျဖစ္သူကို သတိေပးခဲ့ရပါတယ္ ။

ထို႔ေနာက္ မိခင္ျဖစ္သူက သူမရဲ႕ကေလးကို ျပန္ေပြ႔ခ်ီၿပီး ၿပီးဆံုးေအာင္ ျပန္ကေနခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ online ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားၿပီးေနာက္ လူအေတာ္အမ်ားက ကေလးကိုပိုၿပီး ဂ႐ုစိုက္ေစာင့္ေ႐ွာက္ဖို႔ မိခင္ျဖစ္သူကို ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *