မိခင်နွားမကြီးရဲ့နို့ကို မစို့ဘဲ သခင်ကတိုက်တဲ့ အသင့်စားနို့ဘူး တစ်မျိုးထဲသာ သောက်တတ်တဲ့ နွားငယ်လေး

အခြားနွားတွေနဲ့မတူဘဲ Ms.Tam ရဲ့ အိမ်မှာရှိတဲ့ နွားငယ်လေးက အလွန်ထူးဆန်းလွန်းလှပါတယ် ။ အကြောင်းကတော့ မွေးဖွားပြီးနောက် နွားငယ်လေးက မိခင်ကို လုံးဝမကပ်တဲ့အပြင် နို့လည်းမစို့ပါဘူး ။ မြက်တွေလည်းမစားတာကြောင့် အတော်လေး ပိန်နေခဲ့လို့ သခင်ဖြစ်သူက ခေါ်ပြီး အသင့်စားနို့ဘူး ဖောက်တိုက်လိုက်ပါတယ် ။

ထိုအချိန်မှစပြီး နွားပေါက်လေးက သခင်ဖြစ်သူဆီက နို့ဘူးကိုသာ သောက်ပါတော့တယ် ။ သို့ပေမဲ့လည်း နို့ဘူးစရိတ်က တစ်ပတ်အတွင်းအကုန်အကျများလွန်းလို့ မိခင်နွားမကြီးနဲ့အတူ နွားငယ်လေးကို ကြိုးချည်ထားပြီး ကလေးနို့ဘူးထဲ နို့ရည်ညှစ်ထဲ့ပြီးနောက် နွားငယ်လေးကို တိုက်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး ။ ထိုအချိန်ကစပြီး မိခင်နွားမကြီးက နွားငယ်လေးကို လုံးဝဂရုမစိုက်တော့ပါဘူး ။

နွားငယ်လေးက အမြဲ သခင်သွားတဲ့နေရာနောက် တကောက်ကောက်လိုက်လေ့ရှိပြီး သခင်ဖြစ်သူကို မမြင်ရရင် တုန်လှုပ်ချောက်ချားနေတတ်ပါတယ် ။ အသင့်စားနို့ဘူးကိုလည်း အခြားသူတွေ တိုက်ရင်မသောက်ပါဘူး ။ သခင်ဖြစ်သူ လက်ထဲက နို့ဘူးကိုသာ သောက်လေ့ရှိကြောင်း သိရှိရပါတယ် ။

.

.

Zawgyi




Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *