ဘာသာစကား 3 မျိုး နားလည်ပြီး လူလိုနေထိုင်တဲ့ ဘဲလေး
လူအတော်များများက အိမ်မွေးတိရစ္ဆာန်ကို ခွေးတွေ ကြောင်တွေ စတဲ့အကောင်မျိုး မွေးတတ်ပေမဲ့ ဗီယက်နမ်နိုင်ငံက အမျိုးသမီးကတော့ ဘဲကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးခဲ့ပါတယ် ။ သူမရဲ့ပြောပြပုံအရ လွန်ခဲ့တဲ့ 2 နှစ်ခန့်က သူမဟာ ဈေးသွားရင်း ခြင်းထဲက ဘဲပေါက်လေးတွေကိုမြင်ရင်း ချစ်လွန်းလို့ တစ်ကောင်ဝယ်ပြန်ခဲ့ပါတယ် ။အဆိုပါ ဘဲပေါက်လေးက 2 ရက်အကြာမှာတော့ အတော့်ကို ဉာဏ်ကောင်းပြီးသိတတ်လို့ သခင်ဖြစ်သူ အချစ်ပိုခဲ့ရပါတယ် ။
ဘဲလေးဟာ အဝတ်အစား ဖိနပ်တွေပါမကျန် ဝတ်ဆင်ရပြီး သခင်ဖြစ်သူနဲ့အတူ တစ်ကုတင်ထဲ အတူ အိပ်စက်လေ့ရှိလို့ သခင့်ကို အရမ်းကပ်တဲ့ ဘဲလေးပါ ။ အစာစားတဲ့ အချိန်မှာဆိုရင်လည်း ခေါင်းလေးငုံ့ပြီး ကျေးဇူးတင်တတ်ကြောင်း နှင့် သားဖြစ်သူက အင်္ဂလိပ် နဲ့ ကိုးရီးယားစကား ပြောရင်လည်း နားလည်တတ်ပြီး ခေါင်းငုံ့ကာ အချက်ပြတတ်ကြောင်း သိရပါတယ် ။
.
.
.
.
.
Zawgyi
Jasmine ( Everonline )
Posted
in
by
Tags:
Comments
Leave a Reply
Your email address will not be published. Required fields are marked *