Wedding ဓာတ်ပုံရိုက်နေစဉ် သတို့သမီးကိုတစ်ယောက်တည်းထားခဲ့ပြီး ထွက်ပြေးသွားခဲ့တဲ့ သတို့သား

တရုတ်နိုင်ငံက သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာခန်းမထဲမဝင်ခင် အမှတ်တရဓာတ်ပုံလေးကိုရိုက်ကူးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ မမျှော်လင့်ထားတဲ့ အခိုက်အတန့်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ အကြောင်းကတော့ သတို့သားဟာ မီးသတ်သမားတစ်ဦးဖြစ်ပြီး သူ့ရဲ့လုပ်ငန်းခွင်မှာ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မင်္ဂလာဓာတ်ပုံရိုက်ကူးနေခဲ့ကြတာပါ ။

ဓာတ်ပုံရိုက်ကူးနေစဉ် ရုတ်တရက် alarm သံအော်မြည်လာလို့ သတို့သားနဲ့ သူ့ရဲ့အပေါင်းအဖော်တွေ ချက်ချင်း မီးသတ်ကားပေါ် ပြေးတက်သွားခဲ့ကြပြီး သတို့သမီးမှာတော့ အဆိုပါနေရာမှာ တစ်ယောက်တည်းကျန်ရစ်နေခဲ့ပါတော့တယ် ။

သူမကို အခုလိုတစ်ယောက်တည်းချန်ထားရစ်ခဲ့လို့ သတို့သမီးမှာ စိတ်ဆိုးဒေါသထွက်သွားမှာ မဟုတ်ပေမဲ့လည်း သူမရဲ့ ခင်ပွန်းအသစ်စက်စက်လေးကိုတော့ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်မိမှာ အမှန်ပါပဲလေ ။

.

.

.

Zawgyi

တ႐ုတ္ႏိုင္ငံက သတို႔သားနဲ႔ သတို႔သမီးဟာ မဂၤလာခန္းမထဲမဝင္ခင္ အမွတ္တရဓာတ္ပုံေလးကို႐ိုက္ကူးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကံမေကာင္းစြာနဲ႔ပဲ မေမွ်ာ္လင့္ထားတဲ့ အခိုက္အတန႔္တစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ သတို႔သားဟာ မီးသတ္သမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕လုပ္ငန္းခြင္မွာ အျခားလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ မဂၤလာဓာတ္ပုံ႐ိုက္ကူးေနခဲ့ၾကတာပါ ။

ဓာတ္ပုံ႐ိုက္ကူးေနစဥ္ ႐ုတ္တရက္ alarm သံေအာ္ျမည္လာလို႔ သတို႔သားနဲ႔ သူ႔ရဲ႕အေပါင္းအေဖာ္ေတြ ခ်က္ခ်င္း မီးသတ္ကားေပၚ ေျပးတက္သြားခဲ့ၾကၿပီး သတို႔သမီးမွာေတာ့ အဆိုပါေနရာမွာ တစ္ေယာက္တည္းက်န္ရစ္ေနခဲ့ပါေတာ့တယ္ ။

သူမကို အခုလိုတစ္ေယာက္တည္းခ်န္ထားရစ္ခဲ့လို႔ သတို႔သမီးမွာ စိတ္ဆိုးေဒါသထြက္သြားမွာ မဟုတ္ေပမဲ့လည္း သူမရဲ႕ ခင္ပြန္းအသစ္စက္စက္ေလးကိုေတာ့ အႏၲရာယ္ကင္းကင္းနဲ႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္မိမွာ အမွန္ပါပဲေလ ။

Jasmine ( Everonline )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *