Environment

ပျော်ပျော်ပါးပါးတောင်တက်ဖို့လုပ်ခဲ့ပေမဲ့ လူတို့ရဲ့စည်းကမ်းမရှိမှုကြောင့် အမှိုက်တွေကိုသာသွားကောက်ခဲ့ရတဲ့ အမျိုးသားနှစ်ဦး

Written by admin

အသက် 27 နှစ်အရွယ် Muhamad Hafizi Tajudin အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Nuralia Faziera Mohamad အမည်ရှိကောင်လေးနှင့်အတူ အောက်တိုဘာလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ Kijal မြို့မှာရှိတဲ့ Janda Mandi ရေတံခွန်မှာ ပျော်ပျော်ပါးပါးတောင်တက်ဖို့တွေးထားခဲ့ပေမဲ့ တောင်တက်လမ်းတစ်လျှောက် အမှိုက်တွေအများကြီးစွန့်ပစ်ထားတာကိုတွေ့ခဲ့ရပြီးနောက်မှာ သူတို့ရဲ့တောင်တက်ချင်တဲ့ရည်ရွယ်ချက် ဖျက်သိမ်းခဲ့ရပါတယ်။ “ အရင်ဆုံး၊ အဲဒီမှာ ပစ်ချထားတဲ့ရေသန့်ဘူးတစ်ဘူးကို ကောက်ယူလိုက်ပေမယ့် အဲဒီ့မှာ ရက်သတ္တပတ်အတော်ကြာကျန်ထားခဲ့တဲ့ ပလတ်စတစ် အနက်ရောင် အမှိုက်ပုံကြီးကိုတွေ့ရှိခဲ့ရတယ်၊

ဒါကြောင့် တောင်တက်ချင်တဲ့ရည်ရွယ်ချက်ကို ချက်ချင်း ဖျက်သိမ်းလိုက်ပြီး အဲဒီ့နေရာမှာ ကျန်ခဲ့တဲ့အမှိုက်တွေကိုလိုက်ကောက်ပြီး အမှိုက်ပုံးကြီးကိုလည်း ဧရိယာအဝင်ဝမှာထားဖို့ ကြိုးစားခဲ့တယ် ” လို့ Hafizi ကပြောကြားခဲ့ပါတယ်။

Hafizi ဟာ သူ့ရဲ့TikTok မှာ ဧရိယာသန့်ရှင်းရေးလုပ်ဖို့အတွက် သူ့ရဲ့ကြိုးစားအားထုတ်မှုဗီဒီယိုကိုလည်း ပြန်လည်မျှဝေထားပါတယ်။

Hafizi က ၁၀ ကီလိုဂရမ်ရှိတဲ့အမှိုက်အိတ်ကိုသယ်ခဲ့ရတဲ့အတွက် နည်းနည်းပင်ပန်းပေမယ့် ထိုဧရိယာကိုသန့်ရှင်းရေးအောင်လုပ်လိုက်ရတာက အတော်ပင်ကျေနပ်တယ်လို့ပြောကြားခဲ့ပါတယ်။

၎င်းတို့ဟာ ၁ ကီလိုမီတာအကွာဝေးစာလောက်မတ်စောက်နေတဲ့လမ်းကြောင့် အမှိုက်များအားလုံးကိုဖယ်ရှားဖို့ မိနစ် ၄၀ ခန့် အချိန်ယူခဲ့ရပါတယ်။

ထို့ပြင် Hafizi က အမှိုက်များကို စနစ်တကျမစွန့်ပစ်ပါက ထိုဧရိယာနှင့် အနီးနားပတ်ဝန်းကျင်ကိုပါ ပျက်စီးသွားစေလိမ့်မယ်လို့လည်း လူအများအား ထပ်မံသတိပေးပြောကြားခဲ့ပါတယ်။

တောင်တက်ခရီးထွက်ဖို့စီစဉ်နေသူများကို တာဝန်သိသူတစ်ယောက်ဖြစ်အောင် နှင့် အမှိုက်ကိုစနစ်တကျစွန့်ပစ်တတ်ဖို့ ဦးဆောင်လုပ်ပြသွားခဲ့တဲ့ သဘာဝကိုချစ်မြတ်နိုးသူ Hafizi ကိုကျေးဇူးတင်မိသလို ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို သန့်ရှင်းစင်ကြယ်ပြီး အေးချမ်းသာယာစေဖို့ အမှိုက်တွေကို စည်းကမ်းမဲ့စွာ မစွန့်ပစ်သင့်ပါဘူးဗျာ။

Mia (KB Chimmy One)

Reference : worldofbuzz

About the author

admin

Leave a Comment