အတတ်ပညာရဲ့ တန်ဖိုး

တနေ့ လူတစ်ယောက် ကားမောင်းပြီး ခရီး သွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ကိုယ်တိုင် ပြင်ကြည့်တယ် ။ မရဘူး။ ဆက်ပြင်တယ် ။ ၁၅ မိနစ် ၊ နာရီဝက် ၊ တစ်နာရီ မရဘူး ။အဲ့ဒါနဲ့ လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင် တစ်ခုကို ရှာပြီး ကားပြင်သမားကို ပြင်ခိုင်း လိုက်တယ် ။

ကားပြင်သမားက ကားအဖုံး ဖွင့်ကြည့်ပြီး လိုအပ်တာတွေ ပြုပြင်လိုက်တယ် ။၃ မိနစ်လောက်ပဲ ကြာလိုက်တယ် ။ ကားက ပြန်ကောင်း သွားတယ် ။” ဘယ်လောက်ကျလဲ.. ကောင်လေး “” ၅၀၀၀ ကျပ် ကျပါတယ်ခင်မျ “” ဘာ.. ၃ မိနစ်လောက်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူး လားကွ “” ဒါနဲ့ ဦးလေး ဘာအလုပ် လုပ်နေ ပါသလဲ “” ငါဆရာဝန်ကွ “” ဟုတ်ကဲ့ပါ ဆရာ ။

ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီကနေ ၂၀၀ ကျပ်ဖိုး လောက်ပဲ တန်တဲ့ ဆေးအတွက် ၅၀၀၀ ကျပ် ယူတယ် မလား “” ဟ.. အဲဒါက ဒီဆေး သောက်ရင် ဒီရောဂါ ပျောက်တယ် ဆိုတဲ့ ပညာကို သိအောင် ငါ လေ့လာခဲ့ရတာ နှစ်ပေါင်း များစွာ ကြာတယ်ကွ ၊ ဆေးဖိုး ယူတာ မဟုတ်ဘူး၊ ပညာဖိုးကို ယူတာ “” ဟုတ်ကဲ့ ။

ကျနော် ပြောချင်တဲ့ စကားကို ဆရာ အခုပဲ ပြောပြီးနေ ပါပြီ ။ ပျက်နေတဲ့ ကားတစ်စီးကို ၃ မိနစ်နဲ့ ပြန်ကောင်း လာအောင် လုပ်တတ်တဲ့ ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာခဲ့ရ ပါတယ် ဆရာ “သင်ခန်းစာ – ကိုယ့်ရဲ့ပညာ ကိုလည်း လေးစားပါ၊ သူတစ်ပါးရဲ့ ပညာ ကိုလည်း လေးစားပါ ။

အတတ်ပညာတိုင်းကို တန်ဖိုး ထားပါ ။အသိပညာ ၊ အတတ်ပညာ တို့ကို တတ်မြောက် ကြအောင် သင်ထား ကြဖို့ တိုက်တွန်း ပေးသည့် ဥပမာကောင်း တစ်ခုအား ပြန်လည် မျှဝေသည် ။

မူရင်းရေးသားသူကို လေးစာတန်ဖိုးထားလျှက်

Leave a Reply

Your email address will not be published. Required fields are marked *