ဝယ်ယူသွားတဲ့အင်္ကျီကို 4 ရက်လောက်ဝတ်ပြီး ဆိုင်မှာပြန်လာ လဲလှယ်ခွင့်တောင်းဆိုခဲ့တဲ့ အမျိုးသမီး

ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်လေးကတော့ တစ်ကယ့်ကို မမျှော်လင့်ထားစရာပါပဲ ။ အကြောင်းကတော့ ဈေးဝယ်အမျိုးသမီးတစ်ဦးဟာ ဆိုင်ကနေ လွန်ခဲ့တဲ့ 4 ရက်က အင်္ကျီလာရောက်ဝယ်ယူခဲ့ပြီး ယခုချိန်မှ ပြန်ပြီးလဲလှယ်ခွင့်တောင်းခဲ့တာပါ ။ ဆိုင်ရှင်ကတော့ အဝတ်ဟာ တံဆိပ်တွေမရှိတော့ဘဲ ၊ လျှော်ထားတဲ့ပုံစံလည်း ဖြစ်နေလို့ ဆိုင်ရှင်က လဲလှယ်ခွင့်မပေးခဲ့ပါဘူး ။ ဈေးဝယ်ကလည်း အဆိုပါအင်္ကျီကိုပြန်လဲပေးမယ်လို့ ဆိုင်ရှင်က ကတိပေးထားကြောင်းသာပြောဆိုပြီး ငြင်းနေခဲ့တဲ့အပြင် အဆိုပါနေ့က အင်္ကျီအလှတွေမရှိလို့ သူမနဲ့မမှန်တဲ့အဆိုပါအင်္ကျီကို ဝယ်ပြန်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ဆိုင်ရှင်ကတော့ အင်္ကျီတန်ဖိုးက ဘယ်လောက်မှ မရှိပေမဲ့လည်း အဆိုပါအမျိုးသမီးလို ဈေးဝယ်ကြောင့် အတော်ကို စိတ်ပျက်ခဲ့ရပြီး အချိန်တစ်နာရီခွဲခန့် ကုန်ခဲ့ရကြောင်း ၊ သူမလို ဈေးဝယ်မျိုးနဲ့သာတွေ့နေရရင် ဘယ်လို အဝတ်အစားတွေရောင်းစားရတော့မလဲဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

ဈေးဝယ်အမျိုးသမီးကတော့ အင်္ကျီမလဲပေးလို့ဆိုပြီး ဒေါသထွက်ကာ သူမရဲ့အင်္ကျီကိုယူပြန်ပြီး နောက်ခါဒီဆိုင်ကို လုံးဝ လာအားမပေးတော့ဘူးဆိုပြီး ဝေဖန်အော်ဟောက်သွားခဲ့ကြောင်း သိရှိရပါတယ် ။

Zawgyi

ဒီတစ္ေခါက္ေဖာ္ျပမဲ့ အျဖစ္အပ်က္ေလးကေတာ့ တစ္ကယ့္ကို မေမ်ွာ္လင့္ထားစရာပါပဲ ။ အေၾကာင္းကေတာ့ ေစ်းဝယ္အမ်ိဳးသမီးတစ္ဦးဟာ ဆိုင္ကေန လြန္ခဲ့တဲ့ 4 ရက္က အက်ႌလာေရာက္ဝယ္ယူခဲ့ၿပီး ယခုခ်ိန္မွ ျပန္ၿပီးလဲလွယ္ခြင့္ေတာင္းခဲ့တာပါ ။ ဆိုင္႐ွင္ကေတာ့ အဝတ္ဟာ တံဆိပ္ေတြမ႐ွိေတာ့ဘဲ ၊ ေလ်ွာ္ထားတဲ့ပံုစံလည္း ျဖစ္ေနလို႔ ဆိုင္႐ွင္က လဲလွယ္ခြင့္မေပးခဲ့ပါဘူး ။ ေစ်းဝယ္ကလည္း အဆိုပါအက်ႌကိုျပန္လဲေပးမယ္လို႔ ဆိုင္႐ွင္က ကတိေပးထားေၾကာင္းသာေျပာဆိုၿပီး ျငင္းေနခဲ့တဲ့အျပင္ အဆိုပါေန႔က အက်ႌအလွေတြမ႐ွိလို႔ သူမနဲ႔မမွန္တဲ့အဆိုပါအက်ႌကို ဝယ္ျပန္ခဲ့ရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ဆိုင္႐ွင္ကေတာ့ အက်ႌတန္ဖိုးက ဘယ္ေလာက္မွ မ႐ွိေပမဲ့လည္း အဆိုပါအမ်ိဳးသမီးလို ေစ်းဝယ္ေၾကာင့္ အေတာ္ကို စိတ္ပ်က္ခဲ့ရၿပီး အခ်ိန္တစ္နာရီခြဲခန္႔ ကုန္ခဲ့ရေၾကာင္း ၊ သူမလို ေစ်းဝယ္မ်ိဳးနဲ႔သာေတြ႔ေနရရင္ ဘယ္လို အဝတ္အစားေတြေရာင္းစားရေတာ့မလဲဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

ေစ်းဝယ္အမ်ိဳးသမီးကေတာ့ အက်ႌမလဲေပးလို႔ဆိုၿပီး ေဒါသထြက္ကာ သူမရဲ႕အက်ႌကိုယူျပန္ၿပီး ေနာက္ခါဒီဆိုင္ကို လံုးဝ လာအားမေပးေတာ့ဘူးဆိုၿပီး ေဝဖန္ေအာ္ေဟာက္သြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *