အိမ်ထောင်သက်တမ်း နှစ် 20 နီးပါးရှိနေပေမဲ့လည်း သမီးဖြစ်သူအားကျရလောက်တဲ့အထိ ချစ်မဝဖြစ်နေကြတဲ့ လင်မယား

မကြာသေးခင်က မိန်းကလေးငယ်လေးတစ်ဦးဟာ သူမ မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးကို online ပေါ်မှာ ဝေမျှခဲ့လို့ လူအတော်အများ အားကျခဲ့ရပါတယ် ။ အကြောင်းကတော့ သူမ မိဘနှစ်ပါးဟာ လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီဆိုပေမဲ့လည်း အခုထိ ကြင်စဇနီးမောင်နှံလို ချစ်မဝဖြစ်နေကြရတာပါ ။ သူမရဲ့ဘဝမှာ အမြဲ ဖခင်ဖြစ်သူက မီးဖိုချောင်ထဲမှာ မိခင်တစ်ဦးထဲကို ထားရစ်ခဲ့ခြင်းမရှိပါဘူး ။ အကြောင်းကတော့ ဖခင်ဟာ မနက် 7 နာရီအချိန်ခန့်မှာထပြီး ဟင်းချက်နေတဲ့မိခင်ကို အမြဲအဆင်သင့် ကူညီပေးလေ့ရှိသူပါ ။ ဒါ့အပြင် မီးဖိုခန်းထဲမှာ လင်မယားနှစ်ယောက် ပွေ့ဖက်လေ့လည်း ရှိပါသေးတယ် ။

သမီးဖြစ်သူ အိမ်ပြန်ရောက်ချိန်တိုင်း ဖခင်ဖြစ်သူဟာ မိခင်ရဲ့ခြေထောက်ကို အမြဲနှိပ်နယ်ပေးလေ့ရှိပြီး မိခင်ရဲ့မွေးနေ့ရက်ဆိုရင်လည်း ကိုယ်တိုင် မွေ့နေ့ကိတ် ၊ ပန်းစည်းတွေ ပြင်ဆင်ပေးလေ့ရှိပါတယ် ။ ဇနီးဖြစ်သူကို အမြဲ surprise လုပ်ရုံတင်မကပါဘူး ဇနီးနဲ့အတူဓာတ်ပုံရိုက်ပြီး online ပေါ်မှာ ‘ ၁၅ နှစ်ကြာခဲ့ပေမဲ့လည်း အချစ်အတွက် နေ့သစ်တစ်ခုလိုပါပဲ ‘ ဆိုတဲ့ post လေးကိုပါ ဝေမျှခဲ့လို့ အဆိုပါ ခင်ပွန်းမျိုးပိုင်ဆိုင်ထားရတဲ့ သူမရဲ့မိခင်ကို မိန်းကလေးအတော်များများက အားကျနေရလျက်ရှိပါတယ် ။

.

.

.

Zawgyi



Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *