တွေ့ဆုံပွဲကိုအတူလိုက်ခွင့်မရလို့ ဇနီးကို ကိုယ်တိုင်အလှပြင်ပေးပြီး သွားခိုင်းခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ဦးဟာ သူမရဲ့မိဘနှစ်ပါးရဲ့ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကို online ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ သူမရဲ့မိခင်ဖြစ်သူက ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့တွေ့ဆုံပွဲသွားဖို့ အစီအစဉ်ရှိနေသူပါ ။ ဒါကြောင့် ခင်ပွန်းဖြစ်သူကလည်း အတူလိုက်ဖို့ အဝတ်အစားတွေပါရွေးချယ်ပြင်ဆင်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ဇနီးသည်က အတူလိုက်ခွင့်မပေးလို့ အနည်းငယ် စိတ်ဆိုးသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း လက်မလျော့ဘဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ တွေ့ဆုံပွဲအတွက် အံဝင်အောင် ဇနီးကို မိတ်ကပ်ပြုပြင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ဒါကြောင့် ဇနီးသည်ရဲ့ မျက်ခုံးကို ပုံဖော်ခွင့်ရခဲ့ပြီး မထင်မှတ်ထားတဲ့ ဟင်းချက်ဇွန်းကြီးနဲ့ မျက်ခုံးပုံဆွဲပေးခဲ့လို့ ဇနီးသည်ကလည်း အဆိုပါ မျက်ခုံးပုံစံအတိုင်းတွေ့ဆုံပွဲသို့ သွားခဲ့ရပါတယ် ။

ခင်ပွန်းရဲ့ လုပ်ရပ်ကြောင့် ဇနီးသည်က ပြောစရာစကားမရှိအောင်ဖြစ်ခဲ့ရပြီး ရယ်မောခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းအလိုကျ အဆိုပါ မဲနက်ပြီး သာမှန်ထက်ထူပြီးကြီးနေတဲ့ မျက်ခုံပုံစံနဲ့အပြင်သွားခဲ့တဲ့ သူမကို လူအများက မယုံနိုင်အောင်ဖြစ်ခဲ့ကြပါတယ် ။

Zawgyi

တ႐ုတ္ႏိုင္ငံက မိန္းမငယ္ေလးတစ္ဦးဟာ သူမရဲ႕မိဘႏွစ္ပါးရဲ႕ ရယ္စရာေကာင္းတဲ့အျဖစ္အပ်က္တစ္ခုကို online ေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ သူမရဲ႕မိခင္ျဖစ္သူက ေက်ာင္းတုန္းက သူငယ္ခ်င္းေတြရဲ႕ေတြ႔ဆံုပြဲသြားဖို႔ အစီအစဥ္႐ွိေနသူပါ ။ ဒါေၾကာင့္ ခင္ပြန္းျဖစ္သူကလည္း အတူလိုက္ဖို႔ အဝတ္အစားေတြပါေရြးခ်ယ္ျပင္ဆင္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ဇနီးသည္က အတူလိုက္ခြင့္မေပးလို႔ အနည္းငယ္ စိတ္ဆိုးသြားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း လက္မေလ်ာ့ဘဲ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ေတြ႔ဆံုပြဲအတြက္ အံဝင္ေအာင္ ဇနီးကို မိတ္ကပ္ျပဳျပင္ခြင့္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ဒါေၾကာင့္ ဇနီးသည္ရဲ႕ မ်က္ခံုးကို ပံုေဖာ္ခြင့္ရခဲ့ၿပီး မထင္မွတ္ထားတဲ့ ဟင္းခ်က္ဇြန္းႀကီးနဲ႔ မ်က္ခံုးပံုဆြဲေပးခဲ့လို႔ ဇနီးသည္ကလည္း အဆိုပါ မ်က္ခံုးပံုစံအတိုင္းေတြ႔ဆံုပြဲသို႔ သြားခဲ့ရပါတယ္ ။

ခင္ပြန္းရဲ႕ လုပ္ရပ္ေၾကာင့္ ဇနီးသည္က ေျပာစရာစကားမ႐ွိေအာင္ျဖစ္ခဲ့ရၿပီး ရယ္ေမာခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ခင္ပြန္းအလိုက် အဆိုပါ မဲနက္ၿပီး သာမွန္ထက္ထူၿပီးႀကီးေနတဲ့ မ်က္ခံုပံုစံနဲ႔အျပင္သြားခဲ့တဲ့ သူမကို လူအမ်ားက မယံုႏိုင္ေအာင္ျဖစ္ခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *