နောက်အိမ်ထောင်ပြုသွားခဲ့တဲ့ မိခင်ဖြစ်သူ သတို့သားအိမ်နောက် လိုက်ပြန်ချိန် မသွားဖို့ ငိုကြွေးကာတားနေခဲ့တဲ့ သမီးလေး

အမျိုးသမီးတွေဟာ အိမ်ထောင်ကွဲသွားလို့ သားသမီးကို ကိုယ်တစ်ယောက်ထဲ တာဝန်ယူစောင့်ရှောက်ရရင် သူမတို့ဘဝဟာ အခြားသာမှန်အမျိုးသမီးတွေထက် အစပေါင်းများစွာကြိုးစားရုန်းကန်ကြရပါတယ် ။ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ single mother တစ်ဦးဟာ သူမရဲ့မင်္ဂလာပွဲ့နေ့မှာ သတို့သားနေအိမ်သို့ လိုက်ပြန်ဖို့ ကားထဲသို့်ဝင်ဖို့ပြင်ဆင်နေချိန် သူမရဲ့သမီးငယ်က ငိုကြွေးပြီး မသွားဖို့လိုက်တားနေခဲ့တဲ့ပုံရိပ်ဟာ ပွဲလာသူတိုင်းကို ဝမ်းနည်းစေခဲ့ပါတယ် ။

အစပိုင်းမှာတော့ သမီးဖြစ်သူဟာ စတိတ်စင်ပေါ်မှာ ပျော်ရွှင်စွာကခုန်နေခဲ့ပေမဲ့ မိခင်ဖြစ်သူ ထွက်သွားမှာကို မြင်ခဲ့ချိန်မှာတော့ ဝမ်းနည်းမှု့ကို မထိန်းနိုင်ဘဲ အော်ငိုနေခဲ့တာပါ ။ မိခင်ဖြစ်သူကလည်း သမီးကို အချိန်ပေးပြီး ချော့မော့နေခဲ့ပြီး ဆွေမျိုးတွေကလည်း သမီးလေးကို ခေါ်ထားရင်း ဖျောင်းဖျနေခဲ့ကြတာပါ ။

သတို့သမီးဟာ single mother တစ်ယောက်ဖြစ်နေခဲ့ပေမဲ့လည်း သတို့သားဖက်က ရွှေငွေတွေမြောက်များစွာပေးပြီး တင်တောင်းခဲ့တာမို့ သတို့သားမိသားစုဖက်က သူမကို အတော်လေး လိုက်လဲစွာကြိုဆိုနေခဲ့ပုံပါ ။ ဒါ့အပြင် မိခင်ကနောက်အိမ်ထောင်ပြုခဲ့ပေမဲ့လည်း သမီးလေးက မိခင်နဲ့အတူပြန်နေရမှာဖြစ်ကြောင်းလည်း သိရပါတယ် ။

Zawgyi

.




Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *