လက်ထပ်ပွဲနေ့မှာ ပျော်ရွှင်ရလွန်းလို့ ငိုယိုပြီး သီချင်းတွေဆိုနေခဲ့တဲ့ သတို့သား

မင်္ဂလာပွဲနေ့တွေမှာဆိုရင် သတို့သမီးတွေ အတော်များများက မိဘဆွေမျိုးတွေနဲ့ခွဲခွာပြီး သတို့သားနောက်လိုက်သွားကြရမှာမို့ ငိုကြွေးတတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မင်္ဂလာပွဲလေးကတော့ သတို့သမီးက မငိုဘဲ သတို့သားက ငိုကြွေးနေခဲ့တာပါ ။ သတို့သားဟာ သတို့သမီးအတွက် ရည်ညွန်းတဲ့ ‘The most wonderful wife’ အမည်ရှိတဲ့ သီချင်းကို သီဆိုချိန် ပျော်ရွှင်ရလွန်းလို့ လက်တစ်ဖက်က သတို့သမီးကို ပွေ့ဖက်ရင်း ကျန်တစ်ဖက်က မိုက်ကိုကိုင်ကာ သီချင်းဆိုပြီး ငိုကြွေးနေခဲ့တာပါ ။

သတို့သမီးကတော့ သတို့သားဘေးမှာထိုင်ပြီး တည်ငြိမ်စွာနဲ့ သတို့သားကိုသာ ကြည့်နေခဲ့တာပါ ။ သီချင်းပြီးဆုံးသွားခဲ့ချိန်မှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောခဲ့ကြရပါတယ် ။

သူတို့စုံတွဲလေးက အခုလို ပေါင်းဖက်နိုင်ဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရပုံရပြီး နောက်ဆုံး လှပလွန်းတဲ့ ကောင်မလေးကို သူရဲ့ဇနီးအဖြစ်ပေါင်းဖက်နိုင်ခဲ့လို့ သတို့သားက အတော်လေးကို ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့ပုံပါ ။ အဆိုပါ video ကိုကြည့်ပြီး လူအတော်အများကတော့ သတို့သားရဲ့ အချစ်ကြီးလွန်းပုံကို သတိထားမိကြောင်း မျိုးစုံမှတ်ချက်ပေး ရေးသားသွားခဲ့ကြပါတယ် ။

Zawgyi

မဂၤလာပြဲေန႔ေတြမွာဆိုရင္ သတို႔သမီးေတြ အေတာ္မ်ားမ်ားက မိဘေဆြမ်ိဳးေတြနဲ႔ခြဲခြာၿပီး သတို႔သားေနာက္လိုက္သြားၾကရမွာမို႔ ငိုေႂကြးတတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ မဂၤလာပြဲေလးကေတာ့ သတို႔သမီးက မငိုဘဲ သတို႔သားက ငိုေႂကြးေနခဲ့တာပါ ။ သတို႔သားဟာ သတို႔သမီးအတြက္ ရည္ၫြန္းတဲ့ ‘The most wonderful wife’ အမည္ရွိတဲ့ သီခ်င္းကို သီဆိုခ်ိန္ ေပ်ာ္႐ႊင္ရလြန္းလို႔ လက္တစ္ဖက္က သတို႔သမီးကို ေပြ႕ဖက္ရင္း က်န္တစ္ဖက္က မိုက္ကိုကိုင္ကာ သီခ်င္းဆိုၿပီး ငိုေႂကြးေနခဲ့တာပါ ။

သတို႔သမီးကေတာ့ သတို႔သားေဘးမွာထိုင္ၿပီး တည္ၿငိမ္စြာနဲ႔ သတို႔သားကိုသာ ၾကည့္ေနခဲ့တာပါ ။ သီခ်င္းၿပီးဆုံးသြားခဲ့ခ်ိန္မွာေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ရယ္ေမာခဲ့ၾကရပါတယ္ ။

သူတို႔စုံတြဲေလးက အခုလို ေပါင္းဖက္ႏိုင္ဖို႔ အခ်ိန္အေတာ္ၾကာ ႀကိဳးစားခဲ့ရပုံရၿပီး ေနာက္ဆုံး လွပလြန္းတဲ့ ေကာင္မေလးကို သူရဲ႕ဇနီးအျဖစ္ေပါင္းဖက္ႏိုင္ခဲ့လို႔ သတို႔သားက အေတာ္ေလးကို ဝမ္းသာလြန္းလို႔ ငိုေႂကြးခဲ့ပုံပါ ။ အဆိုပါ video ကိုၾကည့္ၿပီး လူအေတာ္အမ်ားကေတာ့ သတို႔သားရဲ႕ အခ်စ္ႀကီးလြန္းပုံကို သတိထားမိေၾကာင္း မ်ိဳးစုံမွတ္ခ်က္ေပး ေရးသားသြားခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *