မမျှော်လင့်ဘဲ နဖူးရဲ့အလယ်တည့်တည့်မှာ အနီရောင်မက်မွန်ပန်းပွင့်ပုံ ပေါ်လာခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်

အချို့သောအဖြစ်အပျက်တွေဟာ မမျှော်လင့်ဘဲ ဖြစ်သွားခဲ့ကြတဲ့ ထူးထွေဆန်းပြားလွန်းလို့အရာတွေမို့ သိရှိနားလည်ဖို့ ခက်ခဲလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Ms.Tran Thi Ngoc Trong အမည်ရှိတဲ့ အမျိုးသမီးဟာလည်း သူမရဲ့နဖူးပေါ်မှာ အနီရောင်မက်မွန်ပန်းပွင့်ပေါ်လာခဲ့လို့ သူမရဲ့အဖြစ်အပျက်ကို လူအတော်လေးစိတ်ဝင်စားသွားခဲ့ကြပါတယ် ။ သူမရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ 8 နှစ်ဝန်းကျင်ခန့်က သူမဟာ မိသားစုဝင်တွေ စားသောက်ဖို့ ငါးတွေကို ကြော်နေခဲ့တာပါ ။ ထိုအချိန်မှာပဲ ရုတ်တရက် ဆီထပေါက်ပြီး သူမရဲ့ နဖူးထိပ်အလယ်တည့်တည့်ကို လွင့်စင်ခဲ့ပါတယ် ။

သူမရဲ့ တူလေး တော်စပ်သူက ဆီတွေကိုဖယ်ရှားပေးဖို့ ကူညီခဲ့ပေမဲ့လည်း သွေးတွေက မရပ်တန်းစီးကျနေခဲ့ပါတယ် ။အဆိုပါ ဒဏ်ရာက မကျက်သွားဘဲ တဖြည်းဖြည်းရောင်ရမ်းလာပြီး နောက်ဆုံး နဖူးမှာ ပွင့်ဖတ် 5 ခုပုံနဲ့ မက်မွန်ပန်းပွင့်ပုံဖြစ်လာခဲ့ပါတော့တယ် ။ သူမဟာ ဆေးတွေအသုံးပြုပြီး အဆိုပါ ပန်းပွင့်ပုံကို ဖျက်ပေမဲ့လည်း လုံးဝမပျောက်ကွယ်ခဲ့လို့ အပြင်သွားရင် လူတွေသတိထားမေးမြန်းကြလွန်းလို့ အရှက်ရပြီး လက်နဲ့ကာပြီး သွားလာနေရလျက်ရှိပါတယ် ။ ဒါကြောင့် သူမဟာ အပြင်မသွားလာရဲလောက်အောင် အရှက်ရနေခဲ့ရပါတယ် ။

သို့ပေမဲ့လည်း သူမဟာ သီချင်းဆိုရာမှာ အတော်လေး ဝါသနာပါခဲ့ပြီး အဆိုပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်းကနေ ဆုရရှိခဲ့ပြီး အခုဆိုရင် သူမကိုယ်သူမ စိတ်ဓာတ်ကျနေရာကနေ ရုန်းကန်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဒါကြောင့် သူမဟာ မိသားစုပြိုကွဲခဲ့ရသူဖြစ်ခဲ့တဲ့အပြင် ၊ နဖူးက ထူးဆန်းတဲ့ ပန်းပွင့်ပုံကြောင့် လူတောမတိုးနိုင်တဲ့အခြေအနေကနေ လက်ရှိမှာတော့ ယုံကြည်ချက်ရှိရှိနဲ့ ဘဝကို ဖြတ်သန်းနေလျက်ရှိပါတယ် ။

Zawgyi

.

အခ်ိဳ႕ေသာအျဖစ္အပ်က္ေတြဟာ မေမ်ွာ္လင့္ဘဲ ျဖစ္သြားခဲ့ၾကတဲ့ ထူးေထြဆန္းျပားလြန္းလို႔အရာေတြမို႔ သိ႐ွိနားလည္ဖို႔ ခက္ခဲလြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Ms.Tran Thi Ngoc Trong အမည္႐ွိတဲ့ အမ်ိဳးသမီးဟာလည္း သူမရဲ႕နဖူးေပၚမွာ အနီေရာင္မက္မြန္ပန္းပြင့္ေပၚလာခဲ့လို႔ သူမရဲ႕အျဖစ္အပ်က္ကို လူအေတာ္ေလးစိတ္ဝင္စားသြားခဲ့ၾကပါတယ္ ။ သူမရဲ႕ ေျပာျပခ်က္အရ လြန္ခဲ့တဲ့ 8 ႏွစ္ဝန္းက်င္ခန္႔က သူမဟာ မိသားစုဝင္ေတြ စားေသာက္ဖို႔ ငါးေတြကို ေၾကာ္ေနခဲ့တာပါ ။ ထိုအခ်ိန္မွာပဲ ႐ုတ္တရက္ ဆီထေပါက္ၿပီး သူမရဲ႕ နဖူးထိပ္အလယ္တည့္တည့္ကို လြင့္စင္ခဲ့ပါတယ္ ။

သူမရဲ႕ တူေလး ေတာ္စပ္သူက ဆီေတြကိုဖယ္႐ွားေပးဖို႔ ကူညီခဲ့ေပမဲ့လည္း ေသြးေတြက မရပ္တန္းစီးက်ေနခဲ့ပါတယ္ ။အဆိုပါ ဒဏ္ရာက မက်က္သြားဘဲ တျဖည္းျဖည္းေရာင္ရမ္းလာၿပီး ေနာက္ဆံုး နဖူးမွာ ပြင့္ဖတ္ 5 ခုပံုနဲ႔ မက္မြန္ပန္းပြင့္ပံုျဖစ္လာခဲ့ပါေတာ့တယ္ ။ သူမဟာ ေဆးေတြအသံုးျပဳၿပီး အဆိုပါ ပန္းပြင့္ပံုကို ဖ်က္ေပမဲ့လည္း လံုးဝမေပ်ာက္ကြယ္ခဲ့လို႔ အျပင္သြားရင္ လူေတြသတိထားေမးျမန္းၾကလြန္းလို႔ အ႐ွက္ရၿပီး လက္နဲ႔ကာၿပီး သြားလာေနရလ်က္႐ွိပါတယ္ ။ ဒါေၾကာင့္ သူမဟာ အျပင္မသြားလာရဲေလာက္ေအာင္ အ႐ွက္ရေနခဲ့ရပါတယ္ ။

သို႔ေပမဲ့လည္း သူမဟာ သီခ်င္းဆိုရာမွာ အေတာ္ေလး ဝါသနာပါခဲ့ၿပီး အဆိုၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ရင္းကေန ဆုရ႐ွိခဲ့ၿပီး အခုဆိုရင္ သူမကိုယ္သူမ စိတ္ဓာတ္က်ေနရာကေန ႐ုန္းကန္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။ ဒါေၾကာင့္ သူမဟာ မိသားစုၿပိဳကြဲခဲ့ရသူျဖစ္ခဲ့တဲ့အျပင္ ၊ နဖူးက ထူးဆန္းတဲ့ ပန္းပြင့္ပံုေၾကာင့္ လူေတာမတိုးႏိုင္တဲ့အေျခအေနကေန လက္႐ွိမွာေတာ့ ယံုၾကည္ခ်က္႐ွိ႐ွိနဲ႔ ဘဝကို ျဖတ္သန္းေနလ်က္႐ွိပါတယ္ ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *