9 နှစ်အရွယ်ထဲနဲ့ ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရတဲ့ မိခင်ဖြစ်ခဲ့ရတဲ့ ကောင်မလေး

လွန်ခဲ့တဲ့ 12 နှစ်က ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 9 နှစ်အရွယ် Hoang Thi Cap ဆိုတဲ့ ကောင်မလေးရဲ့အဖြစ်ဟာ ရင်နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။ အကြောင်းကတော့ ကလေးမရဲ့မိခင်နဲ့ 4 နှစ်သားအရွယ် မောင်ဖြစ်သူတို့ဟာ ရေလွမ်းမိုးမှုနဲ့အတူ ပျောက်ဆုံးသွားခဲ့ရတာပါ ။ Thi ရဲ့ ဖခင်ဖြစ်သူကလည်း ကျန်ရစ်နေတဲ့ သားသမီး 3 ယောက်လုံးကို တာဝန်ယူစောင့်ရှောက်ခြင်းမရှိပါဘူး ။ ဒါကြောင့် Thi ဟာ ကျန်ရစ်နေခဲ့တဲ့ မောင်နှစ်ယောက်နဲ့အတူ တောင်ပေါ်တက်ပြီး သစ်သီး ၊ သစ်ဥတွေ ရှာဖွေကာ ချက်ပြုတ်စားသောက်ခဲ့ရပါတယ် ။ Thi ဟာ မောင်နှစ်ယောက်ကို အစားအသောက်တွေ အရင်စားခိုင်းခဲ့ပြီး သူမကတော့ ကြွင်းကျန်ရစ်တဲ့အရာတွေသာ စားသောက်ခဲ့ပါတယ် ။

.

Thi ဟာ ကလေးနှစ်ယောက်ရဲ့ မိခင်တစ်ဦးလို ဘဝကိုခက်ခဲစွာရုန်းကုန်ခဲ့ရင်း သူမရဲ့ ကျောင်းသူဘဝကိုလည်း စွန့်လွတ်ခဲ့ရပါတယ် ။ Thi ရဲ့အဖြစ်ကို ဆရာမဖြစ်သူက သနားလွန်းလို့ သူမရဲ့ဖခင်ထံသွားပြီး Thi ကို ကျောင်းတက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဖခင်ဖြစ်သူက ကျန်ရစ်နေတဲ့ မောင်နှစ်ယောက်ကို Thi ကသာ စောင့်ရှောက်ရမှာမို့ ကျောင်းတက်ခွင့်မပေးခဲ့ပါဘူး ။ ဒါကြောင့် နောက်ဆုံး ဆရာမဖြစ်သူက Thi ကို ကျောင်းသို့ ကလေးခေါ်ဆောင်လာခွင့်ပါပေးပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ် ။ ဒါကြောင့် Thi ဟာ တောင်တန်းတွေကိုဖြတ်ကျော်ရင်း မောင်နှစ်ယောက်ရဲ့လက်ကိုဆွဲကာ စာသင်ကြားခွင့်ရခဲ့ပါတယ် ။ Thi ရဲ့ စာတွေကြိုးပမ်းသင်ယူမှုတွေက လူတိုင်းကို လေးစားအားကျစိတ်ဖြစ်စေခဲ့ပါသေးတယ် ။

.

သားသမီးတွေကို တာဝန်မယူခဲ့တဲ့ Thi ရဲ့ ဖခင်ဟာလည်း 2014 ခုနှစ်မှာ ဖျားနာပြီး သေဆုံးသွားခဲ့ပါတယ် ။ ထိုအချိန်မှစပြီး Thi တို့ မောင်နှမဟာ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခံခဲ့ရပြီး လက်ရှိမှာတော့ Thi ဟာ အထက်တန်းကျောင်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ပြီး ၊ မောင်နှစ်ယောက်လုံးကလည်း ပညာကို ကြိုးစားသင်ယူခွင့်ရရှိခဲ့ပြီဖြစ်ပါတယ် ။

.

Zawgyi

လြန္ခဲ့တဲ့ 12 ႏွစ္က ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 9 ႏွစ္အရြယ္ Hoang Thi Cap ဆိုတဲ့ ေကာင္မေလးရဲ႕အျဖစ္ဟာ ရင္နင့္ဖြယ္ေကာင္းလြန္းလွပါတယ္ ။ အေၾကာင္းကေတာ့ ကေလးမရဲ႕မိခင္နဲ႔ 4 ႏွစ္သားအရြယ္ ေမာင္ျဖစ္သူတို႔ဟာ ေရလြမ္းမိုးမႈနဲ႔အတူ ေပ်ာက္ဆံုးသြားခဲ့ရတာပါ ။ Thi ရဲ႕ ဖခင္ျဖစ္သူကလည္း က်န္ရစ္ေနတဲ့ သားသမီး 3 ေယာက္လံုးကို တာဝန္ယူေစာင့္ေ႐ွာက္ျခင္းမ႐ွိပါဘူး ။ ဒါေၾကာင့္ Thi ဟာ က်န္ရစ္ေနခဲ့တဲ့ ေမာင္ႏွစ္ေယာက္နဲ႔အတူ ေတာင္ေပၚတက္ၿပီး သစ္သီး ၊ သစ္ဥေတြ ႐ွာေဖြကာ ခ်က္ျပဳတ္စားေသာက္ခဲ့ရပါတယ္ ။ Thi ဟာ ေမာင္ႏွစ္ေယာက္ကို အစားအေသာက္ေတြ အရင္စားခိုင္းခဲ့ၿပီး သူမကေတာ့ ႂကြင္းက်န္ရစ္တဲ့အရာေတြသာ စားေသာက္ခဲ့ပါတယ္ ။

.

Thi ဟာ ကေလးႏွစ္ေယာက္ရဲ႕ မိခင္တစ္ဦးလို ဘဝကိုခက္ခဲစြာ႐ုန္းကုန္ခဲ့ရင္း သူမရဲ႕ ေက်ာင္းသူဘဝကိုလည္း စြန္႔လြတ္ခဲ့ရပါတယ္ ။ Thi ရဲ႕အျဖစ္ကို ဆရာမျဖစ္သူက သနားလြန္းလို႔ သူမရဲ႕ဖခင္ထံသြားၿပီး Thi ကို ေက်ာင္းတက္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဖခင္ျဖစ္သူက က်န္ရစ္ေနတဲ့ ေမာင္ႏွစ္ေယာက္ကို Thi ကသာ ေစာင့္ေ႐ွာက္ရမွာမို႔ ေက်ာင္းတက္ခြင့္မေပးခဲ့ပါဘူး ။ ဒါေၾကာင့္ ေနာက္ဆံုး ဆရာမျဖစ္သူက Thi ကို ေက်ာင္းသို႔ ကေလးေခၚေဆာင္လာခြင့္ပါေပးၿပီး ေက်ာင္းတက္ခိုင္းခဲ့ပါတယ္ ။ ဒါေၾကာင့္ Thi ဟာ ေတာင္တန္းေတြကိုျဖတ္ေက်ာ္ရင္း ေမာင္ႏွစ္ေယာက္ရဲ႕လက္ကိုဆြဲကာ စာသင္ၾကားခြင့္ရခဲ့ပါတယ္ ။ Thi ရဲ႕ စာေတြႀကိဳးပမ္းသင္ယူမႈေတြက လူတိုင္းကို ေလးစားအားက်စိတ္ျဖစ္ေစခဲ့ပါေသးတယ္ ။

သားသမီးေတြကို တာဝန္မယူခဲ့တဲ့ Thi ရဲ႕ ဖခင္ဟာလည္း 2014 ခုႏွစ္မွာ ဖ်ားနာၿပီး ေသဆံုးသြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွစၿပီး Thi တို႔ ေမာင္ႏွမဟာ မိဘမဲ့ေဂဟာသို႔ ပို႔ေဆာင္ခံခဲ့ရၿပီး လက္႐ွိမွာေတာ့ Thi ဟာ အထက္တန္းေက်ာင္းကို ၿပီးဆံုးေအာင္ တက္ေရာက္ႏိုင္ခဲ့ၿပီး ၊ ေမာင္ႏွစ္ေယာက္လံုးကလည္း ပညာကို ႀကိဳးစားသင္ယူခြင့္ရ႐ွိခဲ့ၿပီျဖစ္ပါတယ္ ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *