11 နှစ်ခန့်ကျွေးမွေးစောင့်ရှောက်ထားရတဲ့ သားလေး နဲ့ သွေးသားမတော်စပ်မှန်း ရင်နင့်ဖွယ်သိလိုက်ရတဲ့ ဖခင် အဖြစ်

ဒီအဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် 47 နှစ်အရွယ် Tan Xingsheng အမည်ရှိတဲ့အမျိုးသားဟာ 11 နှစ်ကြာမှ သူကျွေးမွေးပြုစုလာတဲ့ သားလေးက သူ့သားမဟုတ်မှန်း ရုတ်တရက်ရှာဖွေတွေ့ရှိခဲ့ရတာပါ ။ အကြောင်းကတော့ မိသားစုဝင်တွေရဲ့ အိမ်ထောင်စုဇယားမှတ်ပုံတင်ထဲမှာ သားဖြစ်သူရဲ့ နာမည်က မပါရှိသေးတဲ့အတွက် ကျောင်းတက်ဖို့ ကောင်လေးက စာရွက်စာတမ်းတွေ လိုအပ်နေခဲ့တာပါ ။ လင်မယားနှစ်ယောက်ကလည်း ကွာရှင်းထားကြတာမို့ ကောင်လေးကို DNA စစ်ပြီးတော့သာ သက်သေအထောက်အထားပြဖို့ လိုအပ်လာခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း ဆေးစစ်ချက်ထွက်လာပြီးခဲ့ချိန်မှာတော့ Mr.Tan ဟာ ဖခင်အရင်းမဟုတ်မှန်း ထိတ်လန့်စွာသိခဲ့ရတာပါ ။

.

ဖြစ်စဉ်ကတော့ သူတို့လင်မယားနှစ်ဦးဟာ စက်ရုံတစ်ခုမှာ အလုပ်အတူတူလုပ်ရင်း တွေ့ဆုံခဲ့ကြကာ ချစ်ကြိုက်သွားခဲ့ကြပြီး အလျင်အမြန်ပဲ အတူနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ဇနီးဖြစ်သူ ကိုယ်ဝန်ရှိခဲ့ချိန်မှ လက်ထပ်ခဲ့ကြပြီး ကလေးမွေးဖွားခဲ့ချိန်မှာတော့ မွေးစာရင်းလုပ်ဖို့ မေ့သွားခဲ့ကြတာပါ ။ ထို့နောက် အချိန်အတော်ကြာ Mr.Tan က ဓာတ်ခွဲခန်းမှာ အလုပ်ဝင်နေရလို့ ဇနီးဖြစ်သူက ကွာရှင်းခွင့်တောင်းခဲ့ပြီး သားဖြစ်သူကိုတော့ Mr.Tan က အုပ်ထိန်းခွင့်ရခဲ့တာပါ ။

အခုချိန်မှာတော့ သားဖြစ်သူအတွက် ဇနီးဟောင်းထံသို့သွားပြီး ဇနီးဖြစ်သူရဲ့ အိမ်ထောင်စုစာရင်းမှာ သားနာမည်ကို ထည့်ပေးဖို့ပြောခဲ့ပေမဲ့ ဇနီးဟောင်းက ငြင်းဆိုနေလို့ နောက်ဆုံး DNA စစ်ဆေးချက်နဲ့ သွားရောက်ပြောဆိုခဲ့ရပါတယ် ။ ဇနီးဟောင်းဖြစ်သူကတော့ သူမ မသိကြောင်း သားက Mr.Tan ရဲ့သားသာ ဖြစ်ကြောင်း ဆက်ငြင်းနေခဲ့တာပါ ။

.

ဇနီးဟောင်းရဲ့မိခင်ဖြစ်သူမှာလည်း အဆိုပါအကြောင်းကို သိနင့်နေပြီးသားဖြစ်ပုံရပြီး တစ်စက်ကလေးတောင် ထိတ်လန့်ပုံမရတဲ့အပြင် သူ့သမီးဟာ ယခုအိမ်ထောင်သစ်နဲ့ အဆင်ပြေနေပြီမို့ လာရောက် မပက်သက်ဖို့သာ ပြောဆိုနေခဲ့တာပါ ။ ဒါကြောင့် Mr.Tan လည်း လက်ရှိမှာ သားလေးအတွက် ဇနီးဟောင်းနဲ့လုံးဝမပက်သက်တော့ဘဲ သူကိုယ်တိုင်ပဲ အစွမ်းကုန် ပြုစုပျိုးထောင်းသွားဖို့ ဆုံးဖြတ်ထားလျက်ရှိပါတယ် ။

Jasmine (NIKHIT)

Leave a Reply

Your email address will not be published. Required fields are marked *