News

ကပ်စေးနှဲလွန်းတဲ့ ခင်ပွန်းကြောင့် တစ်နှစ်မှာ 1 ကြိမ် ၊ 2 ကြိမ်ခန့်သာ အသားဟင်းစားရတဲ့ အမျိုးသမီးရဲ့ ခက်ခဲပင်ပန်းမှု

Written by admin

အမျိုးသမီးတစ်ဦးဟာ မကြာသေးခင်က online ပေါ်မှာ သူမရဲ့ ဝမ်းကွဲအစ်မဖြစ်သူရဲ့ အကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။ အစ်မဖြစ်သူဟာ ချွေတာလွန်းပြီး ၊ ကပ်စေးနှဲလွန်းတဲ့ ခင်ပွန်းနဲ့ လက်ထပ်ခဲ့လို့ တစ်နေကုန်အလုပ်ပင်ပန်းစွာ လုပ်ခဲ့ရပေမဲ့ အိမ်ပြန်ရောက်ရင် အသီးအရွက်ဟင်းသာ စားရပါတယ် ။ အသားဟင်ဆိုရင် တစ်နှစ်မှာ 1 ကြိမ် ၊ 2 ကြိမ်ခန့်သာ စားရလို့ အစ်မဖြစ်သူက သူမရဲ့ဘဝကိုသာ အားကျနေရတာပါ ။ ဒါ့အပြင် အစ်မဖြစ်သူဟာ အိုးခွက်ပန်းကန်ဆေးရင် ပန်းကန်ဆေးဆပ်ပြာရည်အခုချိန်ထိသုံးခွင့်မရှိပဲ ၊ ရေနွေးဖြင့်သာ ပန်းကန်တွေကို ဆေးကြောနေခဲ့ရတာပါ ။

ဒါ့အပြင် အဝတ်လျှော်ဖွတ်တဲ့အချိန်မှာ ဆပ်ပြာအများကြီးသုံးမိရင် ခင်ပွန်းဖြစ်သူက ဆူလို့မဆုံးနိုင်အောင်ဖြစ်တတ်ကြောင်း နှင့် ဟင်းချက်ရာတွင် အသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း အပိုလက်ဆောင်ရထားတဲ့အရာတွေသာ အသုံးပြုရကြောင်း သိရပါတယ် ။

ဒါတင်မကသေးပါဘူး ခင်ပွန်းဖြစ်သူဟာ ဖျားနာလာခဲ့ရင်လည်း ဆေးရုံသို့လုံးဝမသွားဘဲ နေအိမ်မှာသာ ကုသ တတ်ပါတယ် ။ အိမ်ထောင်သည်လင်မယားတွေဟာ ချွေတာသုံးစွဲပြီး ၊ ရှာဖွေစုဆောင်ကြရမှာ သဘာဝဆိုပေမဲ့လည်း အခုလို ကပ်စေးနှဲလွန်းတဲ့ ခင်ပွန်းသည်ကို ဘာကြောင့် သည်းခံပြီး ဆက်ပေါင်းနေရတာလည်းဆိုပြီး လူအများက မေးခွန်းထုတ်လာခဲ့ပါတယ် ။ အစ်မဖြစ်သူကတော့ သားသမီးတွေကို ဖခင်မရှိတဲ့သူတွေအနေနဲ့ ရှေ့ဆက်မသွားချင်လို့ အခုလို ဆက်ပြီးနေထိုင်နေရတာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း လူအတော်အများကတော့ သူမနည်းတူ သူမရဲ့သားသမီးတွေလည်း အဆိုပါဒဏ်ကိုခံစားရမှာမို့ သားသမီးအတွက် အကောင်းဆုံးသောအရာက ဘာလဲဆိုတာ သေချာဆုံးဖြတ်ပြီး ဘဝကိုရှေ့ဆက်ဖို့ အကြံပေးလာခဲ့ကြပါတယ် ။

Zawgyi

အမ်ိဳးသမီးတစ္ဦးဟာ မၾကာေသးခင္က online ေပၚမွာ သူမရဲ႕ ဝမ္းကြဲအစ္မျဖစ္သူရဲ႕ အေၾကာင္းကို ေဝမ်ွသြားခဲ့ပါတယ္ ။ အစ္မျဖစ္သူဟာ ေခြၽတာလြန္းၿပီး ၊ ကပ္ေစးႏွဲလြန္းတဲ့ ခင္ပြန္းနဲ႔ လက္ထပ္ခဲ့လို႔ တစ္ေနကုန္အလုပ္ပင္ပန္းစြာ လုပ္ခဲ့ရေပမဲ့ အိမ္ျပန္ေရာက္ရင္ အသီးအရြက္ဟင္းသာ စားရပါတယ္ ။ အသားဟင္ဆိုရင္ တစ္ႏွစ္မွာ 1 ႀကိမ္ ၊ 2 ႀကိမ္ခန္႔သာ စားရလို႔ အစ္မျဖစ္သူက သူမရဲ႕ဘဝကိုသာ အားက်ေနရတာပါ ။ ဒါ့အျပင္ အစ္မျဖစ္သူဟာ အိုးခြက္ပန္းကန္ေဆးရင္ ပန္းကန္ေဆးဆပ္ျပာရည္အခုခ်ိန္ထိသံုးခြင့္မ႐ွိပဲ ၊ ေရေႏြးျဖင့္သာ ပန္းကန္ေတြကို ေဆးေၾကာေနခဲ့ရတာပါ ။

ဒါ့အျပင္ အဝတ္ေလ်ွာ္ဖြတ္တဲ့အခ်ိန္မွာ ဆပ္ျပာအမ်ားႀကီးသံုးမိရင္ ခင္ပြန္းျဖစ္သူက ဆူလို႔မဆံုးႏိုင္ေအာင္ျဖစ္တတ္ေၾကာင္း ႏွင့္ ဟင္းခ်က္ရာတြင္ အသံုးျပဳတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုလည္း အပိုလက္ေဆာင္ရထားတဲ့အရာေတြသာ အသံုးျပဳရေၾကာင္း သိရပါတယ္ ။

ဒါတင္မကေသးပါဘူး ခင္ပြန္းျဖစ္သူဟာ ဖ်ားနာလာခဲ့ရင္လည္း ေဆးရံုသို႔လံုးဝမသြားဘဲ ေနအိမ္မွာသာ ကုသ တတ္ပါတယ္ ။ အိမ္ေထာင္သည္လင္မယားေတြဟာ ေခြၽတာသံုးစြဲၿပီး ၊ ႐ွာေဖြစုေဆာင္ၾကရမွာ သဘာဝဆိုေပမဲ့လည္း အခုလို ကပ္ေစးႏွဲလြန္းတဲ့ ခင္ပြန္းသည္ကို ဘာေၾကာင့္ သည္းခံၿပီး ဆက္ေပါင္းေနရတာလည္းဆိုၿပီး လူအမ်ားက ေမးခြန္းထုတ္လာခဲ့ပါတယ္ ။ အစ္မျဖစ္သူကေတာ့ သားသမီးေတြကို ဖခင္မ႐ွိတဲ့သူေတြအေနနဲ႔ ေ႐ွ႕ဆက္မသြားခ်င္လို႔ အခုလို ဆက္ၿပီးေနထိုင္ေနရတာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း လူအေတာ္အမ်ားကေတာ့ သူမနည္းတူ သူမရဲ႕သားသမီးေတြလည္း အဆိုပါဒဏ္ကိုခံစားရမွာမို႔ သားသမီးအတြက္ အေကာင္းဆံုးေသာအရာက ဘာလဲဆိုတာ ေသခ်ာဆံုးျဖတ္ၿပီး ဘဝကိုေ႐ွ႕ဆက္ဖို႔ အၾကံေပးလာခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

About the author

admin

Leave a Comment