News

မုန့်ထုပ် နဲ့ နှာခေါင်းစည်း mask တွေကို ကားမှာ ကပ်ထားပြီး တွေ့တဲ့သူတိုင်းယူနိုင်အောင် အလှူပေးခဲ့တဲ့ အမျိုးသား

Written by admin

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ 19 ရက်နေ့က ထူးဆန်းတဲ့ အလှူအတန်းတစ်ခု ပြုလုပ်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကား ဘေးပတ်ပတ်လည်မှာ မုန့်ထုပ်တွေနဲ့ နှာခေါင်းစည်း mask တွေကို ကပ်ထားခဲ့ပြီး လမ်းမပေါ်မှာ မောင်းနှင်နေခဲ့တာပါ ။ ဒါ့အပြင် ‘ အခမဲ့ ဆွဲပြီး ယူနိုင်ပါတယ် ‘ ဆိုပြီး စာတစ်စောင်ကိုပါ ကားအနားမှာ ကပ်ထားပါသေးတယ် ။ အဆိုပါကားကိုတော့ သူ့ရဲ့အနောက်ကနေ လိုက်လာတဲ့ ယာဉ်မောင်းတစ်ဦးက video ရိုက်ယူထားပြီး TikTok ပေါ်မှာ ဝေမျှခဲ့တာပါ ။

ဒါကြောင့် လူအတော်အများကတော့ အဆိုပါအမျိုးသားရဲ့ ဘယ်သူကမှ မတွေးထင်ထားတဲ့ နည်းလမ်းနဲ့ အလှူအတန်းပြုလုပ်ခဲ့တဲ့ ရက်ရောလွန်းတဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ကြတဲ့အပြင် ၊ အချို့သောသူများကလည်း အဆိုပါအမျိုးသားလို လူသားမျိုး အများအပြားရှိသင့်ကြောင်း မျိုးစုံ မှတ်ချက်ပေးရေးသားသွားခဲ့ကြပါတယ် ။

Zawgyi

ထိုင္းႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ 19 ရက္ေန့က ထူးဆန္းတဲ့ အလႉအတန္းတစ္ခု ျပဳလုပ္ခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ သူ႔ရဲ႕ကား ေဘးပတ္ပတ္လည္မွာ မုန္႔ထုပ္ေတြနဲ႔ ႏွာေခါင္းစည္း mask ေတြကို ကပ္ထားခဲ့ၿပီး လမ္းမေပၚမွာ ေမာင္းႏွင္ေနခဲ့တာပါ ။ ဒါ့အျပင္ ‘ အခမဲ့ ဆြဲၿပီး ယူႏိုင္ပါတယ္ ‘ ဆိုၿပီး စာတစ္ေစာင္ကိုပါ ကားအနားမွာ ကပ္ထားပါေသးတယ္ ။ အဆိုပါကားကိုေတာ့ သူ႔ရဲ႕အေနာက္ကေန လိုက္လာတဲ့ ယာဥ္ေမာင္းတစ္ဦးက video ႐ိုက္ယူထားၿပီး TikTok ေပၚမွာ ေဝမ်ွခဲ့တာပါ ။

ဒါေၾကာင့္ လူအေတာ္အမ်ားကေတာ့ အဆိုပါအမ်ိဳးသားရဲ႕ ဘယ္သူကမွ မေတြးထင္ထားတဲ့ နည္းလမ္းနဲ႔ အလႉအတန္းျပဳလုပ္ခဲ့တဲ့ ရက္ေရာလြန္းတဲ့ စိတ္ဓာတ္ကို ခ်ီးက်ဴးခဲ့ၾကတဲ့အျပင္ ၊ အခ်ိဳ႕ေသာသူမ်ားကလည္း အဆိုပါအမ်ိဳးသားလို လူသားမ်ိဳး အမ်ားအျပား႐ွိသင့္ေၾကာင္း မ်ိဳးစံု မွတ္ခ်က္ေပးေရးသားသြားခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

About the author

admin

Leave a Comment