News

ကျားတစ်ကောင်ကဲ့သို့ အစင်းကြောင်းမျိုးပိုင်ဆိုင်ထားတဲ့ ဝက်တစ်ကောင်ကို အမြတ်ငွေမြောက်များစွာရမှ ရောင်းဖို့စီစဉ်နေတဲ့ ပိုင်ရှင်

Written by admin

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Mr.Chau အမည်ရှိတဲ့ အမျိုးသားဟာ ကျားအရေခွံကဲ့သို့ အစင်းကြောင်းများရှိနေတဲ့ ဝက်တစ်ကောင်ကို ပိုင်ဆိုင်ထားသူပါ ။ အဆိုပါ ဝက်ကိုတော့ အိမ်နီးချင်းအမျိုးသမီးတစ်ဦးစီကနေ ထူးဆန်းလို့ဆိုပြီး ဝယ်ယူထားခဲ့တာပါ ။ အဆိုပါ ဝက်ဟာ အသက် 15 နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဝက်ပေါက်လေးတွေ များစွာ မွေးဖွားထားခဲ့တဲ့ဝက်လည်းဖြစ်ပါတယ် ။ ဝက်တွေကို ရောင်းချတဲ့အခါ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ရောင်းချကြပေမဲ့လည်း ဒီထူးဆန်းတဲ့ အရေပြားနဲ့ဝက်ကိုတော့ သာမှန်ထက်ဈေးပိုရမှသာ ရောင်းချဖို့ ပိုင်ရှင်ဖြစ်သူက စီစဉ်ထားခဲ့တာပါ ။

Mr.Chau ရဲ့မိခင်ဖြစ်သူကတော့ တိရစ္ဆာန်မွေးမြူရေးနဲ့ ပက်သက်ပြီး အတွေ့အကြုံများခဲ့သူပါ ။ သူမ မွေးမြူခဲ့တဲ့အထဲမှာ ဒီဝက်ရဲ အရေပြားကတော့ အထူးဆန်းဆုံးပဲဆိုပြီး သူမက ပြောပြခဲ့ပါတယ် ။ အချို့ဝက်တွေက အသက်ကြီးရင့်လို့ အရေးပြားအစင်းကြောင်းပေါ်တတ်ကြပြီး ၊ အချို့ကျတော့လည်း နှစ်စဉ်သားပေါက်ရလို့ နောက်ဆုံးအရေပြား အစင်ကြောင်း ပေါ်တတ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဒီဝက်ရဲ့အရေပြား အစင်းကြောင်းတစ်ခုစီတိုင်းက ရှင်းလင်းပျက်သားလွန်းလှပါတယ် ။ ဝက်တွေရဲ့ သက်တမ်းဟာ 15 နှစ်ကနေ 20 နှစ်အထိ ရှိတတ်ကြပြီး အချို့ဆိုရင် အသက် 35 နှစ်အထိ ရှည်ကြောင်းလည်း သိရပါတယ် ။ ပိုင်ရှင်ဖြစ်သူကတော့ အဆိုပါ ဝက်အိုကြီးကို 4 billion dong ရမှ ရောင်းချဖို့ မျှော်လင့်နေလျက်ရှိပါတယ် ။ လူအချို့ကတော့ အဆိုပါဝက်ဟာ အရေပြားရောဂါရှိနေနိုင်လို့သာ အခုလို အစင်းကြောင်း ပေါ်နေနိုင်တာဖြစ်ကြောင်း မျိုးစုံ မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Zawgyi




Jasmine (NIKHIT)

About the author

admin

Leave a Comment