News

တစ်နာရီခန့်ကြာတဲ့အထိ ထမင်းစားလို့ မပြီးနိုင်တဲ့ ကောင်မလေးကို စားသောက်ဆိုင်မှာ ထားရစ်ခဲ့တဲ့ ကောင်လေး

Written by admin

မကြာသေးခင်က ကောင်မလေးတစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေးအကြောင်းကို သူ့ရဲ့ social media ပေါ်မှာ ဖော်ပြသွားခဲ့ပါတယ် ။ အကြောင်းကတော့ သူမတို့စုံတွဲဟာ စားသောက်ဆိုင်မှာ ထမင်းသွားရောက်စားသောက်ခဲ့ကြပြီး 45 မိနစ်ကြာသည်အထိ သူမက ထမင်းတစ်ပန်းကန်ကို ပြီးအောင် မစားနိုင်ခဲ့တဲ့အတွက် ကောင်လေးက သူမကိုထားရစ်ခဲ့ပြီး အရင်ထပြန်သွားခဲ့ပါတယ် ။ ကောင်လေးဟာ စိတ်မရှည်နိုင်ဘဲ အလျင်လိုနေခဲ့တဲ့အတွက် သူ့ရဲ့ပိုက်ဆံအိတ်ကိုတောင် စားပွဲခုံပေါ်မှာ မေ့ကျန်ခဲ့ပါသေးတယ် ။

ကောင်မလေးရဲ့ပြောပြချက်အရ အရင်ချိန်တုန်းက ဆိုင်မှာအတူစားသောက်ကြရင် ကောင်လေးက သူမကိုအချိန်ပေးပြီး စောင့်ပေးလျက်ရှိပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ စိတ်မရှည်ဘဲ ထပြန်သွားခဲ့တာပါ ။ သို့ပေမဲ့လည်း လူအတော်အများက ကောင်မလေးရဲ့ အစားအသောက်ကို နှေးကွေးစွာစားတတ်တဲ့အကျင့်ကို ပြင်ဖို့အကြံပေးခဲ့ကြတဲ့အပြင် ၊ အချို့ကျတော့လည်း ကောင်မလေးကို တစ်ယောက်တည်း ချန်ထားရဲတဲ့ ကောင်လေးရဲ့လုပ်ရပ်ကို အံ့အားသင့်မိကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားသွားခဲ့ကြပါတယ် ။

.

.

.

Zawgyi



Jasmine (NIKHIT)

About the author

admin

Leave a Comment