News

ကျောင်းရဲ့ခြံစည်းရိုးအနားမှာ အတူထမင်းစားခဲ့ကြတဲ့ သားအဖနှစ်ဦးရဲ့ ရင်ထဲထိရှလွန်းတဲ့အဖြစ်

Written by admin

ဖခင်တွေဟာ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ချစ်ခြင်းမေတ္တာတွေကို မိခင်ဖြစ်သူတွေလောက် ထုတ်မပြတတ်ပေမဲ့လည်း သားသမီးတွေအပေါ် အချစ်ကြီး ချစ်ကြသူတွေပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ဖခင်တစ်ဦးဟာ အသက် 15 နှစ်ရှိပြီဖြစ်ပြီး ကျောင်းအိပ်ကျောင်းစားလက်ခံတဲ့ကျောင်းမျိုးမှာ ပညာသင်ကြားနေတဲ့ သမီးလေးကို လွမ်းလွန်းကျောင်းအထိ စားစရာတွေယူဆောင်သွားပြီး သမီးလေးနဲ့အတူ ညစာ စားခဲ့ကြပါတယ် ။

အရင်ချိန်တုန်းက သမီးဖြစ်သူဟာ အိမ်အနီးနားက ကျောင်းမှာသာ တက်ရောက်ခဲ့တဲ့အတွက် နေ့တိုင်းတွေ့နေကြမို့ အဆင်ပြေခဲ့ပေမဲ့လည်း ယခုကျောင်းကတော့ တစ်ပတ်မှာတစ်ကြိမ် ဒါမှမဟုတ် တစ်လမှာတစ်ကြိမ်သာ အိမ်ပြန်ခွင့်ပေးလို့ ဖခင်ဖြစ်သူက သမီးကို အမျှော်ကြီး မျှော်နေခဲ့ရတာပါ ။

ဒါကြောင့် ဖခင်ဖြစ်သူက မတွေ့ရတာကြာပြီဖြစ်တဲ့ သမီးဖြစ်သူ နေကောင်းကျန်းမာတာကိုတွေ့ခဲ့ရလို့ အပျော်ကြီးပျော်နေခဲ့တာပါ ။ ကျောင်းခြံစည်းရိုးခြားပြီး ထမင်း အတူစားနေကြတဲ့ သားအဖနှစ်ယောက်ရဲ့ ပုံစံက ထူးဆန်းနေပေမဲ့လည်း သမီးဖြစ်သူအတွက်ကတော့ မေ့မရနိုင်တဲ့ အမှတ်တရမျိုး ဖြစ်ခဲ့မှာ အမှန်ပါပဲလေ ။

Zawgyi

ဖခင္ေတြဟာ သားသမီးေတြအေပၚမွာ ထား႐ွိတဲ့ခ်စ္ျခင္းေမတၱာေတြကို မိခင္ျဖစ္သူေတြေလာက္ ထုတ္မျပတတ္ေပမဲ့လည္း သားသမီးေတြအေပၚ အခ်စ္ႀကီး ခ်စ္ၾကသူေတြပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက ဖခင္တစ္ဦးဟာ အသက္ 15 ႏွစ္႐ွိၿပီျဖစ္ၿပီး ေက်ာင္းအိပ္ေက်ာင္းစားလက္ခံတဲ့ေက်ာင္းမ်ိဳးမွာ ပညာသင္ၾကားေနတဲ့ သမီးေလးကို လြမ္းလြန္းေက်ာင္းအထိ စားစရာေတြယူေဆာင္သြားၿပီး သမီးေလးနဲ႔အတူ ညစာ စားခဲ့ၾကပါတယ္ ။

အရင္ခ်ိန္တုန္းက သမီးျဖစ္သူဟာ အိမ္အနီးနားက ေက်ာင္းမွာသာ တက္ေရာက္ခဲ့တဲ့အတြက္ ေန႔တိုင္းေတြ႔ေနၾကမို႔ အဆင္ေျပခဲ့ေပမဲ့လည္း ယခုေက်ာင္းကေတာ့ တစ္ပတ္မွာတစ္ႀကိမ္ ဒါမွမဟုတ္ တစ္လမွာတစ္ႀကိမ္သာ အိမ္ျပန္ခြင့္ေပးလို႔ ဖခင္ျဖစ္သူက သမီးကို အေမ်ွာ္ႀကီး ေမ်ွာ္ေနခဲ့ရတာပါ ။

ဒါေၾကာင့္ ဖခင္ျဖစ္သူက မေတြ႔ရတာၾကာၿပီျဖစ္တဲ့ သမီးျဖစ္သူ ေနေကာင္းက်န္းမာတာကိုေတြ႔ခဲ့ရလို႔ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့တာပါ ။ ေက်ာင္းျခံစည္း႐ိုးျခားၿပီး ထမင္း အတူစားေနၾကတဲ့ သားအဖႏွစ္ေယာက္ရဲ႕ ပံုစံက ထူးဆန္းေနေပမဲ့လည္း သမီးျဖစ္သူအတြက္ကေတာ့ ေမ့မရႏိုင္တဲ့ အမွတ္တရမ်ိဳး ျဖစ္ခဲ့မွာ အမွန္ပါပဲေလ ။

Jasmine (NIKHIT)

About the author

admin

Leave a Comment