News

မင်္ဂလာပွဲနေ့မှာ လက်ဖွဲ့အနေနဲ့ ရွှေတွေ များစွာရရှိခဲ့လို့ ပျော်ရွှင်စွာကခုန်ပြီး လူတိုင်းကို လိုက်ကြွားခဲ့တဲ့ သတို့သမီး

Written by admin

လူတွေဟာ မကြာခဏရွှေအမြောက်အများဝတ်ဆင်နိုင်ခဲ့ကြရတဲ့ video clip တွေကို မကြာခဏ ဝေမျှတာမျိုးတွေ့ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း သတို့သမီးတစ်ဦးဟာ ရွှေအမြောက်အများဝတ်ဆင်ပြီး ပျော်ရွှင်စွာကခုန်နေခဲ့တဲ့အဖြစ်ဟာ လူတိုင်းကို စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့ပါတယ် ။ အကြောင်းကတော့ သတို့သမီးဟာ မကြာသေးခင်ကမှ မင်္ဂလာပွဲကျင်းပခဲ့ပြီး သူမရဲ့ပွဲသို့ ဆွေမျိုးနဲ့ မိတ်ဆွေသူငယ်ချင်းတွေ မြောက်များစွာတက်ရောက်ခဲ့ကြပါတယ် ။

ဒါ့အပြင် အဆိုပါနေ့ထူးနေ့မြတ်မှာ သူမဟာ လက်ဆောင်အနေနဲ့ ရွှေလက်ဝတ်ရတနာတွေ အမြောက်အများရရှိခဲ့ပါတယ် ။ ဒါကြောင့် သူမဟာ ချက်ချင်းပဲ သီချင်းတွေထဖွင့်ပြီး သူမရဲ့လည်ပင် နဲ့ လက်တွေမှာဝတ်ဆင်ထားတဲ့ ရတနာတွေကို ကခုန်ပြီး ပွဲလာရောက်ခဲ့တဲ့ လူတိုင်းကို လိုက်ပြခဲ့ပါတော့တယ် ။

သူမရဲ့ဟာသဆန်ဆန် လုပ်ရပ်တွေက ပွဲသို့လာရောက်ခဲ့ကြတဲ့ လူတိုင်းကို ရယ်မောစေခဲ့ပါတယ် ။ အဆိုပါ video ကို ကြည့်မိကြတဲ့ မိန်းကလေးအတော်များများကလည်း သူမတို့ မင်္ဂလာပွဲကျရင်လည်း အဆိုပါမိန်းကလေးလို ရွှေလက်ဆောင်တွေ အများအပြားရရှိလိုကြောင်း ရေးသားဖော်ပြလာခဲ့ကြပါတယ် ။

Zawgyi




Jasmine (NIKHIT)

About the author

admin

Leave a Comment