News

သာမှန်ဈေးထက် ငွေပိုပေးရပေမဲ့လည်း ရုပ်ဆိုးလွန်းတဲ့ မျက်ခုံးတက်တူးပုံစံသာ ရရှိခဲ့တဲ့ အမျိုးသမီး

Written by admin

ခေတ်ကာလအရ မျက်ခုံးတက်တူးတွေ ထိုးခြင်းက အမျိုးသမီးတွေ အကြားမှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အချို့က မျက်ခုံးတက်တူးကြောင့် ပိုလှပသွားပေမဲ့လည်း အချို့ကတော့ နဂိုရုပ်တွေထက်ပိုရုပ်ဆိုးသွားလို့ အခက်တွေ့ခဲ့ရသူမှ အများကြီးပါ ။ ဒီတစ်ခေါက်မှာလည်း အမျိုးသမီးတစ်ဦးဟာ မျက်ခုံးတက်တူးထိုးခဲ့ပေမဲ့လည်း မျက်ခုံးက သာမှန်ထက်ကိုပိုကြီးနေပြီး ၊ ပိုပြီးမဲနက်ကာ မျက်နှာနဲ့လည်း လုံးဝမလိုက်မဖက်ဖြစ်ခဲ့ရပါတယ် ။ ဒါ့အပြင် professional မဆန်ပုံများကတော့ တက်တူးဟာ တွန့်လိမ်နေပြီး သာမှန်တက်တူးပုံတစ်ခု မျက်နှာပေါ်မှာရှိနေသလိုသာ ပုံပေါ်နေလို့ အရမ်းကိုရုပ်ဆိုးလွန်းလှပါတယ် ။

ဒါ့အပြင် ဆိုင်ရှိဝန်ထမ်းက သာမှန် 300 ခန့်သာ ကျသင့်ရမှာကို အချိန်ပိုကြာပြီးလုပ်ဆောင်ပေးခဲ့ရလို့ 500 အထိ မတန်မဆ တောင်းဆိုခဲ့ပါသေးတယ် ။ အဆိုပါ clip လေးက online ပေါ် ပျံ့နှံ့သွားခဲ့ချိန်မှာတော့ တန်ကြေးငွေအနေနဲ့ ပေးလိုက်ရတဲ့ ပိုက်ဆံကိုသာ နှမျောမိကြောင်း ၊ မျက်နှာပုံစံနဲ့ မလိုက်တဲ့မျက်ခုံးပုံစံမျိုးကို ရွေးချယ်ပြီး ထိုးပေးခဲ့တဲ့ ဆိုင်ဝန်ထမ်းဟာလည်း တာဝန်ယူမှု ၊ တာဝန်ခံမှုအပြည့်မပေးနိုင်ဘဲ အရည်အချင်းမရှိသူဖြစ်ကြောင်း မျိုးစုံမှတ်ချက်ပေး ရေးသားသွားခဲ့ကြပါတယ် ။

Zawgyi

.



Jasmine (NIKHIT)

About the author

admin

Leave a Comment