News

ညတိုင်း သေဆုံးသွားခဲ့တဲ့ ဇနီးသည်ကိုလွမ်းလွန်းလို့ အမြဲငိုကြွေးနေခဲ့တဲ့ အဘိုးအို

Written by admin

ကိုယ့်ရဲ့အချစ်ရဆုံးသောသူနဲ့ ကွဲကွာရခြင်းဟာ အတော့်ကိုနာကျင်လွန်းလှပါတယ် ။ အထူးသဖြင့် သေကွဲ ကွဲခဲ့ရရင်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း H.T အမည်ရှိတဲ့ မိန်းကလေးဟာ ကွယ်လွန်သွားခဲ့တာ 2 ပတ်ကျော်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဘွားဖြစ်သူကို လွမ်းလွန်းလို့ ညတိုင်း အဘွားဖြစ်သူရဲ့စင်ကို ကြည့်ပြီး ငိုကြွေးနေခဲ့တဲ့ အဘိုးဖြစ်သူရဲ့ video ကို TikTok ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။

အဘွားဖြစ်သူဟာ နာတာရှည်ရောဂါတစ်မျိုးကို 8လ ခန့် ခံစားပြီးခဲ့ပြီးနောက်မှာ ကွယ်လွန်သွားခဲ့တာပါ ။ အဘိုးဖြစ်သူကတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရလို့ အတော်လေးငိုကြွေးခဲ့ပြီး အဘွားဖြစ်သူရဲ့အသိအမှတ်ပြုရာထားရှိထားတဲ့ စင်လေးကို ကြည့်ပြီး ‘ မင်းအဲ့မှာ ပျော်ရဲ့လား ၊ အဆင်ပြေရဲ့လား ‘ ဆိုပြီးတော့ မေးခွန်းတွေ မေးနေခဲ့ပါတယ် ။ သားသမီးတွေ ၊ မြေးတွေက အဘိုးကို အိပ်ယာထဲဝင်ခိုင်းခဲ့ပေမဲ့လည်း အဘိုးအိုကတော့ အဆိုပါစင်အနားမှာသာနေပြီး ငိုကြွေးနေခဲ့တာပါ ။

အဆိုပါ video ကိုကြည့်ပြီး လူအတော်အများက ငိုကြွေးခဲ့ရသလို ၊ အိုမင်းသွားခဲ့လို့ တစ်ဦးက ဖျားနာပြီး ဆုံးပါးသွားခဲ့ချိန် ကျန်ရစ်ခဲ့တဲ့ တစ်ဦးရဲ့အထီးကျန်မှုကို စာနာသနားမိကြောင်း မှတ်ချက်ပေး ရေးသားသွားခဲ့ကြပါတယ် ။

.

Zawgyi

ကိုယ့္ရဲ႕အခ်စ္ရဆံုးေသာသူနဲ႔ ကြဲကြာရျခင္းဟာ အေတာ့္ကိုနာက်င္လြန္းလွပါတယ္ ။ အထူးသျဖင့္ ေသကြဲ ကြဲခဲ့ရရင္ေပါ့ ။ ဒီတစ္ေခါက္မွာလည္း H.T အမည္႐ွိတဲ့ မိန္းကေလးဟာ ကြယ္လြန္သြားခဲ့တာ 2 ပတ္ေက်ာ္ခန္႔ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ အဘြားျဖစ္သူကို လြမ္းလြန္းလို႔ ညတိုင္း အဘြားျဖစ္သူရဲ႕စင္ကို ၾကည့္ၿပီး ငိုေႂကြးေနခဲ့တဲ့ အဘိုးျဖစ္သူရဲ႕ video ကို TikTok ေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။

အဘြားျဖစ္သူဟာ နာတာ႐ွည္ေရာဂါတစ္မ်ိဳးကို 8လ ခန္႔ ခံစားၿပီးခဲ့ၿပီးေနာက္မွာ ကြယ္လြန္သြားခဲ့တာပါ ။ အဘိုးျဖစ္သူကေတာ့ သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းကို ဆံုး႐ႈံးလိုက္ရလို႔ အေတာ္ေလးငိုေႂကြးခဲ့ၿပီး အဘြားျဖစ္သူရဲ႕အသိအမွတ္ျပဳရာထား႐ွိထားတဲ့ စင္ေလးကို ၾကည့္ၿပီး ‘ မင္းအဲ့မွာ ေပ်ာ္ရဲ႕လား ၊ အဆင္ေျပရဲ႕လား ‘ ဆိုၿပီးေတာ့ ေမးခြန္းေတြ ေမးေနခဲ့ပါတယ္ ။ သားသမီးေတြ ၊ ေျမးေတြက အဘိုးကို အိပ္ယာထဲဝင္ခိုင္းခဲ့ေပမဲ့လည္း အဘိုးအိုကေတာ့ အဆိုပါစင္အနားမွာသာေနၿပီး ငိုေႂကြးေနခဲ့တာပါ ။

အဆိုပါ video ကိုၾကည့္ၿပီး လူအေတာ္အမ်ားက ငိုေႂကြးခဲ့ရသလို ၊ အိုမင္းသြားခဲ့လို႔ တစ္ဦးက ဖ်ားနာၿပီး ဆံုးပါးသြားခဲ့ခ်ိန္ က်န္ရစ္ခဲ့တဲ့ တစ္ဦးရဲ႕အထီးက်န္မႈကို စာနာသနားမိေၾကာင္း မွတ္ခ်က္ေပး ေရးသားသြားခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

About the author

admin

Leave a Comment