News

လောင်းကစားရုံမှာ လာဘ်ပွင့်အောင် ရုပ်ပွားတော်တွေ ယူဆောင်သွားခဲ့ကြတဲ့ အမျိုးသားနှစ်ဦး

Written by admin

အချို့သောလူတွေဟာ လာဘ်ပွင့်အောင် ၊ သိန်းထီဆုကြီးတွေပေါက်အောင် အဆောင်တွေ ဝတ်ဆင်ယူဆောင်ကြရတာမျိုးကို သဘောကျတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက လောင်ကစားရုံတစ်ခုအတွင်းသို့ အမျိုးသားနှစ်ဦးဟာ ထူးဆန်းတဲ့ ပုံစံမျိုးနဲ့ ရောက်ရှိလာခဲ့ပါတယ် ။ တစ်ဦးကတော့ လာဘ်ပွင့်အောင် ရုပ်ပွားတော်နှစ် ဆူကို လက်နဲ့ ပွေ့ပိုက်လာပြီး ၊ ကျန်တစ်ဦးကတော့ လည်ပင်းတွင် ရုပ်ပွားတော်ဆွဲကြိုးကြီးကို ဆွဲထားပြီး ဦးခေါင်းမှာလည်း ရုပ်ပုံတစ်ခုရဲ့ဦးခေါင်းပုံကို ဆောင်းထားပါသေးတယ် ။

ဒါ့အပြင် အဆိုပါအမျိုးသားက ‘0330’ ဆိုတဲ့ ဂဏန်းကို ဝယ်ယူခဲ့ကြောင်း နှင့် ပထမဆုကို အနိုင်ရရှိခဲ့ကြောင်း social media ပေါ်မှာ ကြေညာခဲ့ပါတယ် ။ သို့ပေမဲ့လည်း social media အသုံးပြုသူတွေကတော့ အဆိုပါအမျိုးသား ပထမဆုရရှိတာ မယုံကြည်နိုင်ကြောင်း နှင့် ဆုရရှိသူတွေက သူခိုးတွေကိုကြောက်ကြလို့ အခုလိုကြေညာမှာ မဟုတ်ကြောင်း ပြောဆိုလာခဲ့ကြပါတယ် ။ အချို့ကျတော့လည်း သူတို့ရဲ့စီးပွားရေးကို လူသိများအောင် ကြော်ညာနေတာဖြစ်ကြောင်း မျိုးဆုံးမှတ်ချက်ပေးခဲ့ကြပါတယ် ။

.

.

Zawgyi



Jasmine (NIKHIT)

About the author

admin

Leave a Comment