News

သူငယ်ချင်းရဲ့ မင်္ဂလာပွဲသို့သွားခဲ့ပေမဲ့ ဘယ်သူကမှ အဖတ်မလုပ်ကြလို့ ထပြန်လာခဲ့ရတဲ့ မိန်းကလေးအဖြစ်

Written by admin

မင်္ဂလာပွဲဟာ စုံတွဲတွေအတွက် အရေးကြီးတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး အဆိုပါနေ့တွေမှာ သူငယ်ချင်းမိတ်ဆွေတွေ ၊ ဆွေမျိုးတွေ ရောက်ရှိလာပြီး လာရောက်ချီးကျူးဂုဏ်ပြုကြတာမျိုးကို စုံတွဲတိုင်းက လိုချင်မိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မိန်းကလေးကတော့ သူမရဲ့သူငယ်ချင်းဖြစ်သူ သတို့သမီးရဲ့ ဖိတ်ကြားမှုကိုခံခဲ့ရလို့ အလှပဆုံး ပြင်ဆင်ပြီး အချိန်ကုန် ၊ ငွေကုန် ခံပြီး မင်္ဂလာပွဲသို့ ရောက်ရှိလာခဲ့ပါတယ် ။

မင်္ဂလာပွဲသို့ရောက်ရှိပြီး 1 နာရီကျော်ကြာတဲ့အထိ သတို့သမီး နဲ့ သူမရဲ့မိသားစုဝင်တို့ အနားလာပြီး ဧည့်ခံပြောဆိုတာမျိုး လုံးဝမရှိတဲ့အပြင် သူမကို တစ်ယောက်ကမှ အဖတ်မလုပ်ခဲ့ကြပါဘူး ။ ဒါကြောင့် သူမလည်း အချိန်ကုန်ခံပြီး အလှပဆုံးဝတ်ဆင်ကာလာခဲ့ရပေမဲ့လည်း ယခုလို ဆက်ဆံခံခဲ့ရလို့ အတော်လေးဒေါသထွက်ပြီး မင်္ဂလာပွဲကနေ ထပြန်လာခဲ့ပါတယ် ။

သူမရဲ့အဖြစ်ကို online ပေါ်မှာ ဝေမျှခဲ့ချိန်မှာတော့ သတို့သမီးအနေနဲ့ မင်္ဂလာပွဲနေ့မှာ ဧည့်သည်တွေအကုန်လုံးကို ဧည့်မခံနိုင်တာမျိုး ဖြစ်နိုင်ပေမဲ့လည်း ၊ သူငယ်ချင်းတစ်ယောက်လုံးကို ယခုလို အချိန်ကြာတဲ့အထိ လုံးဝမနှုတ်ဆက်တာကတော့ အတော်လေး လွန်ကြောင်း နှင့် သတို့သမီးရဲ့မိသားစုဝင်တွေကလည်း ဧည့်သည်ကိုတော့ ဧည့်ခံသင့်ကြောင်း ၊ ပွဲလာ မိန်းကလေးကို စာနာမိကြောင်း မျိုးစုံမှတ်ချက်ပေး ရေးသားသွားခဲ့ကြပါတယ် ။

Zawgyi




Jasmine (NIKHIT)

About the author

admin

Leave a Comment