News

‘ရုပ်ဆိုးတဲ့မျက်နှာကြီးကို နေ့တိုင်း မျက်နှာချင်း မဆိုင်ချင်တော့ဘူး’ လို့ပြောပြီး လမ်းခွဲခဲ့တဲ့ ကောင်လေးကို ပညာပြခဲ့တဲ့ မိန်းကလေး

Written by admin

မိန်းကလေးအတော်များများကတော့ အသည်းကွဲရင် သူတို့အတွက် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အဓိက သော့ချက်ဖြစ်နေတတ်ပါတယ် ။ သို့ပေမဲ့လည်း အချို့သော ငယ်ရွယ်စဉ်ကတည်းက ဝလာခဲ့တဲ့သူတွေကတော့ အလွယ်တကူ ဝိတ်ချဖို့ ခက်ခဲလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက မိန်းကလေးတစ်ဦးဟာ ဝတဲ့အပြင် မဝတ်တတ် ၊ မျက်နှာ မပြင်မဆင်တတ်လို့ သူမရဲ့ချစ်သူကောင်လေးက အကြောင်းပြချက်ရှာပြီးလမ်းခွဲသွားခဲ့ပါတယ် ။

ကောင်လေးက ‘နင့်လို ရုပ်ဆိုးတဲ့ မျက်နှာကြီးကို နေ့တိုင်း မျက်နှာချင်းမဆိုင်ချင်တော့ဘူး ‘ ဆိုပြီး သူမအတွက် နာကျင်လွန်းတဲ့ စကားမျိုးကို ပြောဆိုပြီး လမ်းခွဲသွားခဲ့တာပါ ။ ကောင်လေးရဲ့စကားကြောင့် သူမဟာ အိပ်ခန်းထဲကနေ မထွက်ရဲအောင်ဖြစ်ခဲ့ရပြီး နောက်ဆုံး မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ စိုးရိမ်ပူပန်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။

သို့ပေမဲ့လည်း သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ကိုယ်အလေးချိန် 45kg အထိလျော့ချနိုင်ခဲ့တဲ့အပြင် မိတ်ကပ်တွေလည်း လိမ်းခြယ်တတ်လာပြီး ၊ အဝတ်အစားတွေလည်း စတိုင်လ်ကျကျ ဝတ်စားတတ်လာလို့ အခြားသူတစ်ယောက်လို ဖြစ်သွားခဲ့ပါတယ် ။ ဒါကြောင့် အခုဆိုရင် သူမက ‘ နင့်အပေါ် နာကျင်စေတဲ့သူအတွက် အချိန်မဖြုန်းပါနဲ့ ၊ ဘာလို့လည်း ဆိုတော့ သူတို့ဟာ နင့်ဘဝအတွက် အကျိုးသက်ရောက်မှုတွေမရှိလို့ပါ ။အခြားသူတွေ ကိုယ့်ကို မချစ်ခင် ကိုယ့်ကိုအရင်ဆုံး ချစ်ပါ ‘ ဆိုပြီး သူမလို အသည်းကွဲခဲ့ရသူတွေအတွက် ခွန်အားရှိစေမဲ့ စကားမျိုးတွေလည်း ဝေမျှသွားခဲ့ပါသေးတယ် ။

.

.

.

Zawgyi




Jasmine (NIKHIT)

About the author

admin

Leave a Comment