News

ပိုက်ဆံထုတ်ကြီး ကောက်ရလို့ 1 နာရီအတွင်း ပိုင်ရှင်ဖြစ်သူ ပြန်လာရွေးဖို့ ကြေညာခဲ့တဲ့ အမျိုးသား

Written by admin

မကြာသေးခင်က ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ဦးရဲ့ post ကို ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပါတယ် ။အကြောင်းကတော့ အဆိုပါအမျိုးသားဟာ ထမင်းဆိုင်တစ်ဆိုင်မှာ နေ့လည်စာ သွားရောက်စားသောက်ရင်း ပိုက်ဆံထုတ်ကြီးကို ကောက်ရခဲ့တာပါ ။ အဆိုပါအမျိုးသားရဲ့ ပြောပြချက်အရ ပိုင်ရှင်က ပိုက်ဆံထုတ်ကြီးကို မေ့ခဲ့ပုံရကြောင်း ပိုက်ဆံတန်ဖိုးမှာ 300 million VND ရှိကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသားကတော့ ‘ ကျွန်တော်က တော်တော့်ကို ဆင်းရဲပါတယ် ၊ ဒါပေမဲ့ ကျွန်တော့်မှာ လောဘမရှိပါဘူး ၊ အခုချိန်မှာတော့ ပိုင်ရှင်ကိုရှာပြီး ပြန်ပေးချင်ပါတယ် ၊ တစ်ကယ်လို့ 1 နာရီအတွင်း မရောက်လာရင် ကျွန်တော် ရပ်ကွက်ထဲကို ပြန်ယူသွားမှာပါ ၊ ဘာလို့လည်းဆိုတော့ ကုန်တင်ကားဆရာ ညီအစ်ကိုတွေရဲ့ ပိုက်ဆံလို့ ကျွန်တော် ထင်မိလို့ပါ ‘ ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ် ။

အဆိုပါအမျိုးသားရဲ့ post ကို ဝေမျှသူ အမြောက်အများရှိခဲ့ပြီး အချို့ကတော့ ရိုးသားကာ စာနာစိတ်ရှိပြီး လောဘမကြီးတတ်တဲ့ အဆိုပါအမျိုးသားရဲ့ စိတ်ဓာတ်ကို လူအတော်အများက လေးစားအားကျလျက်ရှိနေပါတယ် ။

Zawgyi




Jasmine (NIKHIT)

About the author

admin

Leave a Comment