News

ခမ်းနားကြီးကျယ်တဲ့မွေးနေ့မျိုးကျင်းပပေးခဲ့တဲ့ ကောင်လေးကို မွေးနေ့ကိတ်က သေးလို့ဆိုပြီး အပြစ်ရှာခဲ့တဲ့ မိန်းကလေး

Written by admin

ချစ်သူစုံတွဲတွေ မကြာခဏ အချင်းချင်းစိတ်ဆိုးဒေါသထွက်တတ်တာမျိုး မြင်ဖူး ၊ တွေ့ဖူး ပေမဲ့လည်း အချို့သောသူတွေက ဘားမှမဟုတ်တဲ့အကြောင်းပြချက်မျိုးနဲ့ စိတ်ဆိုးတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကောင်မလေးမွေးနေ့ကို Luxury ဆန်ဆန်လေး ကျင်းပပေးချင်လို့ ကာရာအိုကေဘားတစ်ခုမှာ ဘိုကင်ယူထားပေးပြီး မွေးနေ့ကျင်းပပေးခဲ့ပါတယ် ။ သို့ပေမဲ့ အဆိုပါနေ့မှာ မွေးနေ့ကိတ်လေးကို မီးလေးထွန်းပြီး ကောင်မလေး ရောက်အလာလို့ စောင့်ဆိုင်းနေခဲ့ပေမဲ့လည်း ကောင်မလေးက ရောက်ရောက်ချင်းမှာပဲ မွေးနေ့ကိတ်က သေးလွန်းတယ်လို့ အပြစ်ရှာကာ စိတ်ဆိုးပြီး မွေးနေ့ပွဲတောင် မကျင်းပလိုက်ဘဲ ထွက်ခွာသွားခဲ့ပါတယ် ။

ကောင်မလေးရဲ့လုပ်ရပ်ကြောင့် ကောင်လေးက ဘာလို့ စိတ်ဆိုးခံခဲ့ရလည်းဆိုတာကို မသိနားမလည်းလောက်အောင်ဖြစ်ခဲ့ရပါတယ် ။ ကောင်လေးအတွက်တော့ စိတ်မကောင်းစေတဲ့အရာမျိုးဖြစ်ခဲ့ပေမဲ့လည်း လူအတော်အများကတော့ ကောင်မလေးရဲ့ကလေးဆန်ပြီး စိတ်ဆိုးတတ်လွန်းတဲ့အဖြစ်ကို လူအများက ဝေဖန်ပြစ်တင်ခဲ့ကြပါတော့တယ် ။

Zawgyi



Jasmine (NIKHIT)

About the author

admin

Leave a Comment