News

လက်ထပ်ခဲ့မိလို့ နောင်တရကြောင်းနဲ့ ရည်းစားဟောင်းကို မမေ့နိုင်သေးကြောင်း ဇနီးသည်ကို ရင်ဖွင့်ခဲ့တဲ့ အမျိုးသား

Written by admin

စုံတွဲတွေအတွက်ကတော့ လက်ထပ်ပြီးသွားခဲ့ရင် ဇာတ်လမ်းက အဆုံးသတ်ပဲလို့ ထင်နေကြပေမဲ့ အချို့သောသူတွေအတွက်ကတော့ happy ending ဖြစ်မနေခဲ့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ဇနီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ ရင်ဖွင့်စကားကြောင့် ရင်ကွဲနာကျင်ခဲ့ရပါတယ် ။ အကြောင်းကတော့ သူမအပြင်ကနေ ပြန်ရောက်လာချိန် ခင်ပွန်းဖြစ်သူက အိပ်ချင်မူးတူးပုံစံနဲ့ ‘ ငါနင့်နဲ့ လက်ထပ်မိလို့ နောင်တရတယ်လို့ ပြောနေတာလေ ၊ ငါ့ရဲ့ ရည်းစားဟောင်းကို ချစ်နေတုန်းပဲ ၊ ဒါပေမဲ့ အခွင့်အရေးဆိုတာ မရှိတော့ဘူး ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ သူမအိမ်စပြန်ရောက်ချိန်ကတည်းက ခင်ပွန်းဖြစ်သူက အဆိုပါစကားမျိုးပြောနေခဲ့လို့ မယုံကြည်နိုင်လို့ သူမက video ရိုက်ကူးထားပြီး နောက်တစ်ကြိမ်ထပ်ပြောခိုင်းခဲ့တာ ဖြစ်ပါတယ် ။

ဇနီးဖြစ်သူကတော့ သူမရဲ့ခင်ပွန်းကို ‘ နင် ဖျားနေတာလား ၊ နင် အရက်တွေ အရမ်းသောက်ထားတာလား ‘ ဆိုပြီးတော့သာ စိတ်ဆိုးပြီး ပြန်ပြောနေခဲ့တာပါ ။ ဇနီးဖြစ်သူကတော့ ခင်ပွန်းကိုချစ်လွန်းလို့ မိဘတွေရဲ့အဝေးမှာ ခွဲနေပြီး သူ့ကိုလက်ထပ်ခဲ့တာပါ ။နောက်ပိုင်း ပိုက်ဆံအနည်းငယ်ရှိလာတော့ သူမတို့ဇနီးမောင်နှံ ပေကျင်းမြို့သို့ပြောင်းရွှေ့လာခဲ့ပြီး အေးအတူပူအမျှ 5 နှစ်လုံးအတူ ဒုက္ခခံပြီး ကြိုးစားခဲ့ကြတာပါ ။ ဒါကြောင့် သူမတို့ဆက်ဆံရေးက အရမ်းကိုခိုင်မြဲနေမယ်လို့ သူမကတွေးထင်ခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူကတော့ အဆက်ဟောင်းကို မျှော်လင့်နေဆဲပါပဲ ။

.

အဆိုပါ 19 စက္ကန့်လောက်သာ ကြာမြင့်ခဲ့တဲ့ video ဟာ online ပေါ်မှာ အတော်လေး ပျံ့နှံ့သွားခဲ့ပြီး အချို့သူတွေက အိပ်ချင်မူးတူးမို့ ပြောချင်တာပြောမိလိုက်တာဆိုပြီး သူမကို နှစ်သိမ့်ခဲ့ပေမဲ့လည်း ၊ အချို့လူတွေကတော့ အဆိုပါအချိန်မှာပြောတဲ့စကားက အရိုးသားဆုံး ၊ အပွင့်လင်းဆုံးဖြစ်ကြောင်း သူမကို အသိပေးခဲ့ကြပါတယ် ။

Zawgyi

စံုတြဲေတြအတြက္ကေတာ့ လက္ထပ္ၿပီးသြားခဲ့ရင္ ဇာတ္လမ္းက အဆံုးသတ္ပဲလို႔ ထင္ေနၾကေပမဲ့ အခ်ိဳ႕ေသာသူေတြအတြက္ကေတာ့ happy ending ျဖစ္မေနခဲ့ပါဘူး ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက ဇနီးတစ္ဦးဟာ ခင္ပြန္းျဖစ္သူရဲ႕ ရင္ဖြင့္စကားေၾကာင့္ ရင္ကြဲနာက်င္ခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ သူမအျပင္ကေန ျပန္ေရာက္လာခ်ိန္ ခင္ပြန္းျဖစ္သူက အိပ္ခ်င္မူးတူးပံုစံနဲ႔ ‘ ငါနင့္နဲ႔ လက္ထပ္မိလို႔ ေနာင္တရတယ္လို႔ ေျပာေနတာေလ ၊ ငါ့ရဲ႕ ရည္းစားေဟာင္းကို ခ်စ္ေနတုန္းပဲ ၊ ဒါေပမဲ့ အခြင့္အေရးဆိုတာ မ႐ွိေတာ့ဘူး ‘ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ သူမအိမ္စျပန္ေရာက္ခ်ိန္ကတည္းက ခင္ပြန္းျဖစ္သူက အဆိုပါစကားမ်ိဳးေျပာေနခဲ့လို႔ မယံုၾကည္ႏိုင္လို႔ သူမက video ႐ိုက္ကူးထားၿပီး ေနာက္တစ္ႀကိမ္ထပ္ေျပာခိုင္းခဲ့တာ ျဖစ္ပါတယ္ ။

ဇနီးျဖစ္သူကေတာ့ သူမရဲ႕ခင္ပြန္းကို ‘ နင္ ဖ်ားေနတာလား ၊ နင္ အရက္ေတြ အရမ္းေသာက္ထားတာလား ‘ ဆိုၿပီးေတာ့သာ စိတ္ဆိုးၿပီး ျပန္ေျပာေနခဲ့တာပါ ။ ဇနီးျဖစ္သူကေတာ့ ခင္ပြန္းကိုခ်စ္လြန္းလို႔ မိဘေတြရဲ႕အေဝးမွာ ခြဲေနၿပီး သူ႔ကိုလက္ထပ္ခဲ့တာပါ ။ေနာက္ပိုင္း ပိုက္ဆံအနည္းငယ္႐ွိလာေတာ့ သူမတို႔ဇနီးေမာင္ႏွံ ေပက်င္းၿမိဳ႕သို႔ေျပာင္းေရႊ႔လာခဲ့ၿပီး ေအးအတူပူအမ်ွ 5 ႏွစ္လံုးအတူ ဒုကၡခံၿပီး ႀကိဳးစားခဲ့ၾကတာပါ ။ ဒါေၾကာင့္ သူမတို႔ဆက္ဆံေရးက အရမ္းကိုခိုင္ျမဲေနမယ္လို႔ သူမကေတြးထင္ခဲ့ေပမဲ့လည္း ခင္ပြန္းျဖစ္သူကေတာ့ အဆက္ေဟာင္းကို ေမ်ွာ္လင့္ေနဆဲပါပဲ ။

အဆိုပါ 19 စကၠန္႔ေလာက္သာ ၾကာျမင့္ခဲ့တဲ့ video ဟာ online ေပၚမွာ အေတာ္ေလး ပ်ံ့ႏွံ႔သြားခဲ့ၿပီး အခ်ိဳ႕သူေတြက အိပ္ခ်င္မူးတူးမို႔ ေျပာခ်င္တာေျပာမိလိုက္တာဆိုၿပီး သူမကို ႏွစ္သိမ့္ခဲ့ေပမဲ့လည္း ၊ အခ်ိဳ႕လူေတြကေတာ့ အဆိုပါအခ်ိန္မွာေျပာတဲ့စကားက အ႐ိုးသားဆံုး ၊ အပြင့္လင္းဆံုးျဖစ္ေၾကာင္း သူမကို အသိေပးခဲ့ၾကပါတယ္ ။

Jasmine (NIKHIT)

About the author

admin

Leave a Comment