အခွံနဲ့ အရွက်တွေကို မခွါဘဲ နာနတ်သီးကို အိမ်လုပ်ငရုတ်သီးနစ်နဲ့ တို့ပြီး ကိုက်စားတဲ့ မိန်းကလေး

နာနတ်သီးက ဒေသတွင်း လူကြိုက်များတဲ့ အသီးအနှံများထဲမှ တစ်ခု ဖြစ်ပါတယ်။ ၎င်းတို့က အရသာရှိ ရုံသာမက အသီးအနှံတွေမှာလည်း အာဟာရဓာတ်တွေ ကြွယ်ဝပြီး ရောဂါတွေကို တိုက်ဖျက်နိုင်တဲ့ antioxidants တွေ ပါဝင်ပါတယ်။မစားသုံးမီ အရံရွက်နဲ့အခွံများကို ခွါရပေမဲ့ ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ အခွံနဲ့ အရွက်များကို မ ခွာဘဲ နာနတ်သီးကို လုံးလိုက် စားသုံးခြင်းဖြင့် အင်တာနက် သုံးသူများက ထူးထူးခြားခြား ငြင်းဆန်ခဲ့ပါ တယ်။ 1 မိနစ်ကြာ TikTok ဗီဒီယိုမှာ သူမက ကင်မရာနဲ့စကားပြောနေစဉ် အိမ်လုပ်ငရုပ်သီးဆော့စ်ထဲသို့ မလှီးဖြတ်ရသေးတဲ့ နာနတ်သီးတစ်လုံးကို နှစ်ပြီးကိုက်စားခဲ့ပါတယ်။

ဗီဒီယိုကိုကြည့်ရင် သူမက မလှီးဖြတ်ထားတဲ့ နာနတ်သီးကို ဝါးရင်း နာကျင်မှုကို ခံစားရပုံမပေါ်ပါဘူး။ အခွံမခွါဘဲ အသီးအနှံတွေ ဝါးစားနိုင်မှုကို အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာပုံမှန်မဟုတ်ပေမယ့် နာနတ်သီးအခွံဟာ စားသုံးနိုင်ရုံသာမကဘဲ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အစာခြေ စနစ်ကိုလည်း တိုးတက်ကောင်းမွန်စေတယ်လို့ Ready Cooks page က ဖော်ပြခဲ့ပါတယ်။

သွားဖုံးနဲ့ တစ်ရှူးများမှာ ရောဂါများကို တိုက်ဖျက်ခြင်းအပြင် ခံတွင်းကျန်းမာရေးကိုလည်း မြှင့်တင်ပေး နိုင်ပါတယ်။ နာနတ်သီးအရေခွံက ယေဘူယျအားဖြင့် အဆိပ်မရှိသော်လည်း မမှည့်သေးပဲစားမယ်ဆို ရင် လျှာ၊ နှုတ်ခမ်းနဲ့ လည်ချောင်းတို့မှာ မီးလောင်နာများကဲ့သို့သော ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ် ပေါ်စေပါတယ်။ ထို့အပြင် အခွံကို ဖျော်ရည်နဲ့ လက်ဖက်ခြောက်ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါ တယ်။

Zawgyi

အခြံနဲ႔ အ႐ြက္ေတြကို မခြါဘဲ နာနတ္သီးကို အိမ္လုပ္င႐ုတ္သီးနစ္နဲ႔ တို႔ၿပီး ကိုက္စားတဲ့ မိန္းကေလး

နာနတ္သီးက ေဒသတြင္း လူႀကိဳက္မ်ားတဲ့ အသီးအႏွံမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ ၎တို႔က အရသာရွိ ႐ုံသာမက အသီးအႏွံေတြမွာလည္း အာဟာရဓာတ္ေတြ ႂကြယ္ဝၿပီး ေရာဂါေတြကို တိုက္ဖ်က္ႏိုင္တဲ့ antioxidants ေတြ ပါဝင္ပါတယ္။မစားသုံးမီ အရံ႐ြက္နဲ႔အခြံမ်ားကို ခြါရေပမဲ့ ထိုင္းႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးဟာ အခြံနဲ႔ အ႐ြက္မ်ားကို မ ခြာဘဲ နာနတ္သီးကို လုံးလိုက္ စားသုံးျခင္းျဖင့္ အင္တာနက္ သုံးသူမ်ားက ထူးထူးျခားျခား ျငင္းဆန္ခဲ့ပါ တယ္။ 1 မိနစ္ၾကာ TikTok ဗီဒီယိုမွာ သူမက ကင္မရာနဲ႔စကားေျပာေနစဥ္ အိမ္လုပ္င႐ုပ္သီးေဆာ့စ္ထဲသို႔ မလွီးျဖတ္ရေသးတဲ့ နာနတ္သီးတစ္လုံးကို ႏွစ္ၿပီးကိုက္စားခဲ့ပါတယ္။

ဗီဒီယိုကိုၾကည့္ရင္ သူမက မလွီးျဖတ္ထားတဲ့ နာနတ္သီးကို ဝါးရင္း နာက်င္မႈကို ခံစားရပုံမေပၚပါဘူး။ အခြံမခြါဘဲ အသီးအႏွံေတြ ဝါးစားႏိုင္မႈကို အံ့အားသင့္ခဲ့ရပါတယ္။ ဒါဟာပုံမွန္မဟုတ္ေပမယ့္ နာနတ္သီးအခြံဟာ စားသုံးႏိုင္႐ုံသာမကဘဲ ကြၽႏ္ုပ္တို႔ရဲ႕ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးၿပီး အစာေျခ စနစ္ကိုလည္း တိုးတက္ေကာင္းမြန္ေစတယ္လို႔ Ready Cooks page က ေဖာ္ျပခဲ့ပါတယ္။

သြားဖုံးနဲ႔ တစ္ရႉးမ်ားမွာ ေရာဂါမ်ားကို တိုက္ဖ်က္ျခင္းအျပင္ ခံတြင္းက်န္းမာေရးကိုလည္း ျမႇင့္တင္ေပး ႏိုင္ပါတယ္။ နာနတ္သီးအေရခြံက ေယဘူယ်အားျဖင့္ အဆိပ္မရွိေသာ္လည္း မမွည့္ေသးပဲစားမယ္ဆို ရင္ လွ်ာ၊ ႏႈတ္ခမ္းနဲ႔ လည္ေခ်ာင္းတို႔မွာ မီးေလာင္နာမ်ားကဲ့သို႔ေသာ ေဘးထြက္ဆိုးက်ိဳးအခ်ိဳ႕ကို ျဖစ္ ေပၚေစပါတယ္။ ထို႔အျပင္ အခြံကို ေဖ်ာ္ရည္နဲ႔ လက္ဖက္ေျခာက္ျပဳလုပ္ရာမွာလည္း အသုံးျပဳႏိုင္ပါ တယ္။

Leave a Reply

Your email address will not be published. Required fields are marked *