တုတ်တစ်ချောင်းဖြင့် တစ်ချိန်တည်းမှာ မတူညီတဲ့ အံ့ဩဖွယ် ပုံတူပန်းချီတွေကို လက်ရာမြောက်အောင် ဖန်တီးနိုင်တဲ့ လူငယ်အနုပညာရှင်တစ်ဦး

ထူးချွန်တဲ့အနုပညာရှင်တစ်ဦးဟာ မတူညီတဲ့ပုံတူများစွာကို တစ်ပြိုင်နက်တည်းဖန်တီးတဲ့ ၎င်းရဲ့ ဗီဒီယိုဖိုင်တစ်ခုကို မျှဝေပြီးနောက် သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့် မကြာသေးမီက လူပြောများသွားခဲ့ပါတယ်။ ပုံတူတစ်ပုံဖန်တီးရန် ခက်ခဲပေမဲ့လည်း ဤလူငယ်ကတော့ ၎င်းကို အလွန်လွယ်ကူစေခဲ့ပါတယ်။သို့ပေမဲ့ ပုံတူပန်းချီဆွဲနိုင်သူအများစုပင်လျှင် တစ်ကြိမ်မှာ ပုံတူတစ်ပုံသာ ရေးဆွဲနိုင်ကြပါတယ်။

နောက်ဆုံးအနေနဲ့၊ မင်းရဲ့ဦးနှောက်၊ လက်၊ မျက်လုံးနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက အဲဒီရုပ်ပုံ တစ်ပုံအတွက် မင်းဘာလုပ်နေလဲဆိုတာကို အာရုံစိုက်ဖို့ လိုတယ်မဟုတ်လားဗျာ။ ၎င်းက ဒါပေမဲ့ ဖိလစ် ပိုင်နိုင်ငံတောင်ပိုင်း ၊ Mindanao ကျွန်းမှ Juniel ဆိုသူ အရည်အချင်းရှိတဲ့ အနုပညာရှင်လူငယ်အတွက် တော့ မဟုတ်နေပါဘူး။တစ်ချိန်တည်းမှာ ပုံတူတစ်ပုံဆွဲမယ့်အစား ဒီလူငယ်လေးဟာ တစ်ချိန်တည်းမှာဘဲ ပုံပေါင်းများစွာကို ဖန်တီးနိုင်ပါတယ်။ အခုတော့၊ အနုပညာရှင်တစ်ယောက်အတွက် ဒီလိုစွမ်းဆောင်ချက်က “လွယ်တယ်” လို့ ပြောလို့ရတာ ဘာကြောင့်လဲဆိုတော့ သူတို့က ballpens တော်တော်များများကို တုတ်တစ်ချောင်းမှာ ထည့်ပြီး တူညီတဲ့ ပုံတစ်ပုံတည်းကို ပုံပွါးတွေလို ဖန်တီးနိုင်လို့ပါပဲ။

ဒါပေမယ့်လည်း Juniel ကတော့ တစ်ချိန်တည်းမှာ မတူညီတဲ့ ပုံတူတွေကို ဖန်တီးပါတယ်။ မတူညီတဲ့ ပုံတူတွေကိုဖန်တီးဖို့ Juniel ရဲ့ တုတ်ချောင်းပုံတူပန်းချီများက မတူညီတဲ့ အယူအသိမ်းဖြင့် ဘောပင်များ အား ထိန်းချုပ်နိုင်ပုံကို အင်တာနက်အသုံးပြုသူများ အတော်လေး သဘောကျခဲ့ကြပါတယ်။ပိုလို့တောင် အထင်ကြီးစရာကောင်းတာက ဒီပုံတစ်ပုံချင်းစီက အံ့မခန်းစရာကောင်းနေတာပါဘဲ။ ပန်းချီ ကားတစ်ချပ်စီကို လက်ရာမြောက်ကြောင်း သေချာအောင် သူအချိန်အတော်ကြာအောင် ရေးဆွဲရသလို ပါဘဲ။ ရိုက်ထားတဲ့ဗီဒီယိုသာမရှိရင် Juniel ဟာ ဒီအရာအားလုံးကို တစ်ကြိမ်တည်းနဲ့ ဖန်တီးနိုင်တယ်ဆို တာကို လူတွေက ယုံကြည်ဖို့ ခက်နေပါလိမ့်မယ်။

ဒါ့ပြင် ငှက်ပျောသီးရောင်းရင်း လယ်သမားဖြစ်နေရတဲ့ သူ့မိခင်ကို တစ်ဖက်တစ်ခမ်းကနေ ကူညီပြီး ဝင်ငွေကူရှာဖို့ Juniel ဟာ အခုလို အထင်ကြီးလေးစားစရာကောင်းအောင် အံ့မခန်းပုံတူပန်းချီတွေ ဆွဲ ပေးနေသူလည်းဖြစ်ပါတယ်။

Zawgyi

တုတ္တစ္ေခ်ာင္းျဖင့္ တစ္ခ်ိန္တည္းမွာ မတူညီတဲ့ အံ့ဩဖြယ္ ပုံတူပန္းခ်ီေတြကို လက္ရာေျမာက္ေအာင္ ဖန္တီးႏိုင္တဲ့ လူငယ္အႏုပညာရွင္တစ္ဦး

ထူးခြၽန္တဲ့အႏုပညာရွင္တစ္ဦးဟာ မတူညီတဲ့ပုံတူမ်ားစြာကို တစ္ၿပိဳင္နက္တည္းဖန္တီးတဲ့ ၎ရဲ႕ ဗီဒီယိုဖိုင္တစ္ခုကို မွ်ေဝၿပီးေနာက္ သူ႔ရဲ႕ထူးျခားတဲ့စြမ္းရည္ေတြေၾကာင့္ မၾကာေသးမီက လူေျပာမ်ားသြားခဲ့ပါတယ္။ ပုံတူတစ္ပုံဖန္တီးရန္ ခက္ခဲေပမဲ့လည္း ဤလူငယ္ကေတာ့ ၎ကို အလြန္လြယ္ကူေစခဲ့ပါတယ္။သို႔ေပမဲ့ ပုံတူပန္းခ်ီဆြဲႏိုင္သူအမ်ားစုပင္လွ်င္ တစ္ႀကိမ္မွာ ပုံတူတစ္ပုံသာ ေရးဆြဲႏိုင္ၾကပါတယ္။

ေနာက္ဆုံးအေနနဲ႔၊ မင္းရဲ႕ဦးေႏွာက္၊ လက္၊ မ်က္လုံးနဲ႔ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြက အဲဒီ႐ုပ္ပုံ တစ္ပုံအတြက္ မင္းဘာလုပ္ေနလဲဆိုတာကို အာ႐ုံစိုက္ဖို႔ လိုတယ္မဟုတ္လားဗ်ာ။ ၎က ဒါေပမဲ့ ဖိလစ္ ပိုင္ႏိုင္ငံေတာင္ပိုင္း ၊ Mindanao ကြၽန္းမွ Juniel ဆိုသူ အရည္အခ်င္းရွိတဲ့ အႏုပညာရွင္လူငယ္အတြက္ ေတာ့ မဟုတ္ေနပါဘူး။တစ္ခ်ိန္တည္းမွာ ပုံတူတစ္ပုံဆြဲမယ့္အစား ဒီလူငယ္ေလးဟာ တစ္ခ်ိန္တည္းမွာဘဲ ပုံေပါင္းမ်ားစြာကို ဖန္တီးႏိုင္ပါတယ္။ အခုေတာ့၊ အႏုပညာရွင္တစ္ေယာက္အတြက္ ဒီလိုစြမ္းေဆာင္ခ်က္က “လြယ္တယ္” လို႔ ေျပာလို႔ရတာ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ballpens ေတာ္ေတာ္မ်ားမ်ားကို တုတ္တစ္ေခ်ာင္းမွာ ထည့္ၿပီး တူညီတဲ့ ပုံတစ္ပုံတည္းကို ပုံပြါးေတြလို ဖန္တီးႏိုင္လို႔ပါပဲ။

ဒါေပမယ့္လည္း Juniel ကေတာ့ တစ္ခ်ိန္တည္းမွာ မတူညီတဲ့ ပုံတူေတြကို ဖန္တီးပါတယ္။ မတူညီတဲ့ ပုံတူေတြကိုဖန္တီးဖို႔ Juniel ရဲ႕ တုတ္ေခ်ာင္းပုံတူပန္းခ်ီမ်ားက မတူညီတဲ့ အယူအသိမ္းျဖင့္ ေဘာပင္မ်ား အား ထိန္းခ်ဳပ္ႏိုင္ပုံကို အင္တာနက္အသုံးျပဳသူမ်ား အေတာ္ေလး သေဘာက်ခဲ့ၾကပါတယ္။ပိုလို႔ေတာင္ အထင္ႀကီးစရာေကာင္းတာက ဒီပုံတစ္ပုံခ်င္းစီက အံ့မခန္းစရာေကာင္းေနတာပါဘဲ။ ပန္းခ်ီ ကားတစ္ခ်ပ္စီကို လက္ရာေျမာက္ေၾကာင္း ေသခ်ာေအာင္ သူအခ်ိန္အေတာ္ၾကာေအာင္ ေရးဆြဲရသလို ပါဘဲ။ ႐ိုက္ထားတဲ့ဗီဒီယိုသာမရွိရင္ Juniel ဟာ ဒီအရာအားလုံးကို တစ္ႀကိမ္တည္းနဲ႔ ဖန္တီးႏိုင္တယ္ဆို တာကို လူေတြက ယုံၾကည္ဖို႔ ခက္ေနပါလိမ့္မယ္။

ဒါ့ျပင္ ငွက္ေပ်ာသီးေရာင္းရင္း လယ္သမားျဖစ္ေနရတဲ့ သူ႔မိခင္ကို တစ္ဖက္တစ္ခမ္းကေန ကူညီၿပီး ဝင္ေငြကူရွာဖို႔ Juniel ဟာ အခုလို အထင္ႀကီးေလးစားစရာေကာင္းေအာင္ အံ့မခန္းပုံတူပန္းခ်ီေတြ ဆြဲ ေပးေနသူလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *