တိုက်လေယာဉ် တွဲဖက်လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လှပပြီး ရဲရင့်သော မင်းသမီး

မြင့်မြတ်တဲ့ စိတ်သဘောထားနဲ့ အသက် 18 နှစ်အရွယ် နော်ဝေးနိုင်ငံမှ မင်းသမီး Ingrid Alexandra ဟာ သင့်ရဲ့ပုံမှန်မင်းသမီးမဟုတ်သလို ဘယ်ဒဏ္ဍာရီဗားရှင်းနဲ့မဆို နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ သူမဟာ ပြင်ပ လှုပ်ရှားမှုများစွာမှာ ပါဝင်နေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တိုက်လေယာဉ်တစ်စင်းနဲ့ ပျံသန်းခဲ့တာကြောင့် မီဒီ ယာတွေကြားမှာ အတော်လေးကို တုန်လှုပ်သွားစေခဲ့ပါတယ်။သူမရဲ့ လှပမှုနဲ့ ရဲရင့်မှုက သူမကို တခြားသူတွေကြားမှာ ထင်ရှားစေပါတယ်။ သူမက တောက်ပပြီး ဖော်ပြနိုင်စွမ်းရှိတဲ့ မျက်လုံးများ၊ အသွင်အပြင်နဲ့ နော်ဝေလူမျိုးများက သူမကို “ဒဏ္ဍာရီပုံပြင်” မင်းသမီးလို့ ခေါ်ဝေါ်တဲ့ ထင်ရှားသောအသွင်အပြင်ရှိပါတယ်။

သူမက ကျော်ကြားပြီး လူအများရဲ့ ချစ်ခင်ခြင်းကို ခံရသော်လည်း သူမက မောက်မာခြင်းမရှိပါဘူး။ လူ အုပ်ကြားထဲမှာတောင် သူမရဲ့ ပင်ကိုယ်စရိုက်က လင်းလက်နေပါတယ်။ သူမက ဉာဏ်ရည်ထက်မြက် ပြီး သင်ယူနိုင်စွမ်းလည်း အထူးကောင်းမွန်ပါတယ်။သူမရဲ့ လေ့ကျင့်ရေးပုံရိပ်တွေနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သင်တန်းသားတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့ ကြပြီး မင်းသမီးက မိုးပျံခုန်ဆင်းပြီး မြင့်မားတဲ့အဆောက်အဦးတွေကနေ ခုန်ချပုံကို ပြသခဲ့ပါတယ်။ သူမက မကြောက်မရွံ့ဘဲ အမြဲတမ်း အပြုသဘောဆောင်နေပြီး သူမရဲ့စိန်ခေါ်မှုအားလုံးကို အပြုံးဖြင့် ကြိုဆိုခဲ့ပါတယ်။

မင်းသမီး Ingrid က စစ်ရေးမှာ ကျွမ်းကျင်တဲ့အပြင် အားကစားတွင်လည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။သူမက လက်ဝှေ့၊ နှင်းလျှောစီးခြင်းနဲ့ ရေလှိုင်းစီးခြင်းစတဲ့ လှုပ်ရှားမှုများ ပါဝင်ခဲ့ပါတယ်။သူမ ငယ်ငယ်တုန်းက ရေလွှာလှိုင်းစီးနည်းကို သင်ယူနေတုန်းက လှိုင်းစီးဘုတ်ပေါ်မှာ ရဲရဲဝံ့ဝံ့ရပ်ပြီး လှိုင်းတွေကိုစီးခဲ့ပေမယ့် ကြောက်လန့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်း သူမက စတင်ယှဉ်ပြိုင်ခဲ့ပြီး National Youth Surfing ပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

သူမက ပြင်ပလှုပ်ရှားမှုများမှာ ပါဝင်တဲ့အခါ လှပပြီး ရဲရင့်နေသော်လည်း ဘုရင်မနဲ့ လိုက်ဖက်ကာ တင့်တယ်ပြီး ဂုဏ်သိက္ခာရှိသော ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။သူမဟာ ငယ်ရွယ်စဉ်မှာ အနာဂတ်ဘုရင်မရဲ့ ပြီးပြည့်စုံသော ဇာတ်ရုပ်ဖြစ်ပြီး နော်ဝေလူမျိုးများက မင်းသမီး Ingrid ကို ဘုရင်မဖြစ်လာရန် မျှော်လင့်နေကြပါတယ်။ သူမရဲ့ယုံကြည်မှု၊ မကြောက်မရွံ့မှုနနဲ့ ရဲရင့်မှုတို့ကြောင့် သူမဟာ ကာတွန်းရုပ်ရှင် “Brave” မှာ Merida နဲ့ အမြဲနှိင်းယှဉ်ခံရပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *