ကမ်းခြေမှာ လမ်းလျှောက်ရင်း ဒေါ်လာ ၃၂၀,၀၀၀ တန်တဲ့ ဝေလငါးအန်ဖက်လုံးကြီးကို တွေ့ရှိခဲ့တဲ့ ဆင်းရဲသားတံငါသည်တစ်ဦး

ထိုင်းနိုင်ငံက အသက် 55 နှစ်အရွယ် Jumrus Thiachot အမည်ရှိ ဆင်းရဲသားတံငါသည်တစ်ဦးဟာ ယခု နှစ်အစောပိုင်းက Koh Samui ကမ်းခြေမှာ လမ်းလျှောက်ထွက်စဉ် ဝေလငါးအန်အလုံးအလုံးများကို ပထမဆုံးတွေ့ရှိခဲ့ပါတယ် ။ရှာဖွေတွေ့ရှိမှုဟာ တကယ့်လက်တွေ့ဖြစ်မဖြစ်ကို သူပထမဆုံးစတွေ့တုန်းက မသေချာခဲ့ပါဘူး ။ ကံကောင်းထောက်မစွာ Thiachot က ၎င်းကို အိမ်သို့ယူဆောင်လာပြီး ၎င်းရဲ့ခြံမှာ သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာ ၎င်းတို့ရဲ့ စမ်းသပ်မှုများ မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ ပြီး ဝေလငါးက အမှန်တကယ် အန်ခြင်းရှိ၊ မရှိ အတည်မပြုနိုင်ပါဘူး ။

“ဝေလငါးအော့အန်တာကို တွေ့တယ်လို့ ကျွန်တော့်တူဖြစ်သူက ရွာသူရွာသားတွေကို ပြောပြပြီးနောက် အိမ်နီးနားချင်း သုံးယောက်က လာကြည့်ခဲ့ပါတယ်” လို့ Thiachot က The Sun သို့ ပြောကြားခဲ့ပါတယ် ။ နောက်ဆုံးမှာ Thiachot က အဖုကိုစစ်ဆေးရန် အထူးကုများထံရောက်လာပြီး နောက်ပိုင်းမှာ ဆိုင်ရာအစိုးရထံ ဆက်သွယ်ခဲ့ပါတယ် ။ ။“အမှန်အတိုင်း သိဖို့လိုတယ် ဒါကြောင့်မို့လို့ အာဏာပိုင်တွေကို စစ်ဆေးဖို့ ဆက်သွယ်တယ်။ အခု ဝေလငါး အန်ဖတ်အစစ်မှန်းသိလို့ ရောင်းမယ်” ဆိုပြီး Thiachot က ပြောပါတယ် ။

Surat Thani ပြည်နယ်အုပ်ချုပ်ရေးမှူး Witchawuth Jinto ရဲ့ ပြောကြားချက်အရ အဆိုပါအဖုက အမှန် တကယ် အဖိုးတန်တဲ့ ဝေလငါးအန်အလုံးကြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။ မထင်မှတ်ဘဲ ရှာဖွေ တွေ့ရှိမှုအပြီးမှာ Jinto က ၎င်းတို့ဟာ တစ်လုံးတစ်ခဲရဲ့ အကောင်းဆုံးဈေးနှန်းကို ရရှိရန်အတွက် ဘာ လုပ်သင့်လဲဆိုတာကို အကြံပေးမယ်လို့ ပြောကြားခဲ့ပါတယ် ။

Thiachi ရဲ့ရှာဖွေတွေ့ရှိခဲ့တဲ့ ဝေလငါးအန်ဖတ် သို့မဟုတ် ambergris လို့လည်းသိကြတဲ့ အဆိုပါ ဝေလငါး အလုံးက အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ အထိ တန်ကြေးရှိပါတယ် ။၎င်းကိုများသောအားဖြင့် မီးခိုးရောင် သို့မဟုတ် အနက်ရောင် အရိပ်များ ပါရှိပြီး သုတ်ပိုးဝေလငါးများ ရဲ့ အစာခြေစနစ်မှ ထုတ်လုပ်ပါတယ် ။ ပုံမှန်ကျောက်တုံးတစ်ခုလို ဖြစ်နေသော်လည်း၊ ဝေလငါးအန် ဖက်က အမှန်တကယ် တန်ဖိုးကြီးတဲ့ ရေမွှေးများမှာ သုံးလေ့ရှိတဲ့ အရာတစ်ခုဖြစ်ပါတယ် ။

ရေမွှေးမှာသုံးတဲ့ ရှားပါးပစ္စည်းတွေထဲက တစ်ခုဖြစ်လို့ အရမ်းဈေးကြီးပါတယ် ။ လောလောဆယ်မှာ ။ အရည်အသွေးအမြင့်မားဆုံးဖြစ်တဲ့ အန်ဖတ်က တစ်ကီလိုဂရမ်ဆိုရင် US$20,000 ဖြင့် ရောင်းချနိုင်ပါ တယ် ။

Zawgyi

ကမ္းေျခမွာ လမ္းေလွ်ာက္ရင္း ေဒၚလာ ၃၂၀,၀၀၀ တန္တဲ့ ေဝလငါးအန္ဖက္လုံးႀကီးကို ေတြ႕ရွိခဲ့တဲ့ ဆင္းရဲသားတံငါသည္တစ္ဦး

ထိုင္းႏိုင္ငံက အသက္ 55 ႏွစ္အ႐ြယ္ Jumrus Thiachot အမည္ရွိ ဆင္းရဲသားတံငါသည္တစ္ဦးဟာ ယခု ႏွစ္အေစာပိုင္းက Koh Samui ကမ္းေျခမွာ လမ္းေလွ်ာက္ထြက္စဥ္ ေဝလငါးအန္အလုံးအလုံးမ်ားကို ပထမဆုံးေတြ႕ရွိခဲ့ပါတယ္ ။ရွာေဖြေတြ႕ရွိမႈဟာ တကယ့္လက္ေတြ႕ျဖစ္မျဖစ္ကို သူပထမဆုံးစေတြ႕တုန္းက မေသခ်ာခဲ့ပါဘူး ။ ကံေကာင္းေထာက္မစြာ Thiachot က ၎ကို အိမ္သို႔ယူေဆာင္လာၿပီး ၎ရဲ႕ၿခံမွာ သိမ္းဆည္းရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ၎တို႔ရဲ႕ စမ္းသပ္မႈမ်ား မေအာင္ျမင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ ၿပီး ေဝလငါးက အမွန္တကယ္ အန္ျခင္းရွိ၊ မရွိ အတည္မျပဳႏိုင္ပါဘူး ။

“ေဝလငါးေအာ့အန္တာကို ေတြ႕တယ္လို႔ ကြၽန္ေတာ့္တူျဖစ္သူက ႐ြာသူ႐ြာသားေတြကို ေျပာျပၿပီးေနာက္ အိမ္နီးနားခ်င္း သုံးေယာက္က လာၾကည့္ခဲ့ပါတယ္” လို႔ Thiachot က The Sun သို႔ ေျပာၾကားခဲ့ပါတယ္ ။ ေနာက္ဆုံးမွာ Thiachot က အဖုကိုစစ္ေဆးရန္ အထူးကုမ်ားထံေရာက္လာၿပီး ေနာက္ပိုင္းမွာ ဆိုင္ရာအစိုးရထံ ဆက္သြယ္ခဲ့ပါတယ္ ။ ။“အမွန္အတိုင္း သိဖို႔လိုတယ္ ဒါေၾကာင့္မို႔လို႔ အာဏာပိုင္ေတြကို စစ္ေဆးဖို႔ ဆက္သြယ္တယ္။ အခု ေဝလငါး အန္ဖတ္အစစ္မွန္းသိလို႔ ေရာင္းမယ္” ဆိုၿပီး Thiachot က ေျပာပါတယ္ ။

Surat Thani ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Witchawuth Jinto ရဲ႕ ေျပာၾကားခ်က္အရ အဆိုပါအဖုက အမွန္ တကယ္ အဖိုးတန္တဲ့ ေဝလငါးအန္အလုံးႀကီးျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္ ။ မထင္မွတ္ဘဲ ရွာေဖြ ေတြ႕ရွိမႈအၿပီးမွာ Jinto က ၎တို႔ဟာ တစ္လုံးတစ္ခဲရဲ႕ အေကာင္းဆုံးေဈးႏွန္းကို ရရွိရန္အတြက္ ဘာ လုပ္သင့္လဲဆိုတာကို အႀကံေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္ ။

Thiachi ရဲ႕ရွာေဖြေတြ႕ရွိခဲ့တဲ့ ေဝလငါးအန္ဖတ္ သို႔မဟုတ္ ambergris လို႔လည္းသိၾကတဲ့ အဆိုပါ ေဝလငါး အလုံးက အေမရိကန္ေဒၚလာ ၃၂၀,၀၀၀ အထိ တန္ေၾကးရွိပါတယ္ ။၎ကိုမ်ားေသာအားျဖင့္ မီးခိုးေရာင္ သို႔မဟုတ္ အနက္ေရာင္ အရိပ္မ်ား ပါရွိၿပီး သုတ္ပိုးေဝလငါးမ်ား ရဲ႕ အစာေျခစနစ္မွ ထုတ္လုပ္ပါတယ္ ။ ပုံမွန္ေက်ာက္တုံးတစ္ခုလို ျဖစ္ေနေသာ္လည္း၊ ေဝလငါးအန္ ဖက္က အမွန္တကယ္ တန္ဖိုးႀကီးတဲ့ ေရေမႊးမ်ားမွာ သုံးေလ့ရွိတဲ့ အရာတစ္ခုျဖစ္ပါတယ္ ။

ေရေမႊးမွာသုံးတဲ့ ရွားပါးပစၥည္းေတြထဲက တစ္ခုျဖစ္လို႔ အရမ္းေဈးႀကီးပါတယ္ ။ ေလာေလာဆယ္မွာ ။ အရည္အေသြးအျမင့္မားဆုံးျဖစ္တဲ့ အန္ဖတ္က တစ္ကီလိုဂရမ္ဆိုရင္ US$20,000 ျဖင့္ ေရာင္းခ်ႏိုင္ပါ တယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *