Lifestyle

ကားတစ်စီးကို အိမ်အဖြစ်သဘောထားပြီး တောထဲ၌ ၁၇နှစ်အကြာ တစ်ယောက်တည်းနေထိုင်ခဲ့သော အမျိုးသားကြီးတစ်ဦး

Written by admin

အိန္ဒိယနိုင်ငံမှ ၅၀ကျော်အရွယ် အမျိုးသားကြီးတစ်ဦးသည် နေစရာအိမ်ဝိုင်းမရှိသောကြောင့် တောအုပ်ထဲသို့ သွားရောက်ကာ ကားအစုတ်လေးထဲမှာနေထိုင်ခဲ့ရသည်။

အမျိုးသားကြီးသည် သူ့ရဲ့ဘဝတိုးတက်ရာ တိုးတက်ကြောင်း စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ရန်အတွက် အရင်းအနှီးမရှိ၍ ဒေသရှိချေးငွေကုမ္ပဏီတစ်ခုတွင် ရူပီး၄၀၀၀၀ကို အာမခံစာချုပ်တွေနှင့်အတူ ထုတ်ချေးခဲ့သည်။

ကံမကောင်းစွာပဲ အမျိုးသားသည် သူဦးဆောင်သော စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်ပဲအရှုံးပေါ်ခဲ့၍ ချေးငွေကုမ္ပဏီကိုလည်း အကြွေးပြန်မဆပ်နိုင်ပဲရှိခဲ့ရာ တရားစွဲခံရပြီးနောက် သူဧ။်အိမ်နှင့် လယ်ယာမြေများကို အပိုင်သိမ်းသွားခဲ့သည်။

အမျိုးသားသည် အိမ်ခြေရာမဲ့ဘဝကို ရောက်ရှိသွားပြီး အစ်မအရင်းအိမ်ဆီသို့ ကပ်နေခဲ့ရာ စကားများရန်ဖြစ်ပြီးနောက် စိတ်ကုန်ကာ သူ့ရဲ့ကားအစုတ်လေးကို ၄ကီလိုမီတာအကွာအဝေးထိ တောထဲသို့မောင်းဝင်ခဲ့ပြီး တစ်ယောက်တည်း ၁၇နှစ်ကြာ နေထိုင်ခဲ့သည်။

အမျိုးသားသည် ကားကို အိမ်လို့သဘောထားပြီး တောထဲရှိ သစ်သီးသစ်ဖုနှင့် ဆေးမြစ်များကို အနီးနားရှိ ရွာလေးမှာ သွားရောက်ကာ ရောင်းချပြီး ဆန် ဆီ ဆားတို့ကိုဝယ်ယူကာ သူ့ရဲ့မြေယာကို ပြန်လိုချင်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi

ကားတစ္စီးကို အိမ္အျဖစ္သေဘာထားၿပီး ေတာထဲ၌ ၁၇ႏွစ္အၾကာ တစ္ေယာက္တည္းေနထိုင္ခဲ့ေသာ အမ်ိဳးသားႀကီးတစ္ဦး

အိႏၵိယႏိုင္ငံမွ ၅၀ေက်ာ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးသည္ ေနစရာအိမ္ဝိုင္းမရွိေသာေၾကာင့္ ေတာအုပ္ထဲသို႔ သြားေရာက္ကာ ကားအစုတ္ေလးထဲမွာေနထိုင္ခဲ့ရသည္။

အမ်ိဳးသားႀကီးသည္ သူ႔ရဲ႕ဘဝတိုးတက္ရာ တိုးတက္ေၾကာင္း စီးပြားေရးလုပ္ငန္းတစ္ခုလုပ္ကိုင္ရန္အတြက္ အရင္းအႏွီးမရွိ၍ ေဒသရွိေခ်းေငြကုမၸဏီတစ္ခုတြင္ ႐ူပီး၄၀၀၀၀ကို အာမခံစာခ်ဳပ္ေတြႏွင့္အတူ ထုတ္ေခ်းခဲ့သည္။

ကံမေကာင္းစြာပဲ အမ်ိဳးသားသည္ သူဦးေဆာင္ေသာ စီးပြားေရးလုပ္ငန္းမွာ မေအာင္ျမင္ပဲအရႈံးေပၚခဲ့၍ ေခ်းေငြကုမၸဏီကိုလည္း အေႂကြးျပန္မဆပ္ႏိုင္ပဲရွိခဲ့ရာ တရားစြဲခံရၿပီးေနာက္ သူဧ။္အိမ္ႏွင့္ လယ္ယာေျမမ်ားကို အပိုင္သိမ္းသြားခဲ့သည္။

အမ်ိဳးသားသည္ အိမ္ေျခရာမဲ့ဘဝကို ေရာက္ရွိသြားၿပီး အစ္မအရင္းအိမ္ဆီသို႔ ကပ္ေနခဲ့ရာ စကားမ်ားရန္ျဖစ္ၿပီးေနာက္ စိတ္ကုန္ကာ သူ႔ရဲ႕ကားအစုတ္ေလးကို ၄ကီလိုမီတာအကြာအေဝးထိ ေတာထဲသို႔ေမာင္းဝင္ခဲ့ၿပီး တစ္ေယာက္တည္း ၁၇ႏွစ္ၾကာ ေနထိုင္ခဲ့သည္။

အမ်ိဳးသားသည္ ကားကို အိမ္လို႔သေဘာထားၿပီး ေတာထဲရွိ သစ္သီးသစ္ဖုႏွင့္ ေဆးျမစ္မ်ားကို အနီးနားရွိ ႐ြာေလးမွာ သြားေရာက္ကာ ေရာင္းခ်ၿပီး ဆန္ ဆီ ဆားတို႔ကိုဝယ္ယူကာ သူ႔ရဲ႕ေျမယာကို ျပန္လိုခ်င္ေၾကာင္း ဆိုခဲ့သည္။

Rain (For Ialinks)

About the author

admin

Leave a Comment