Lifestyle

အမျိုးသမီးအ၀တ်အစားများ ဝတ်ဆင်ကာ မတော်တရော် ဓာတ်ပုံရိုက်ပြီး post တင်ခြင်းကြောင့် ဖမ်းဆီးခံရတဲ့ အမျိုးသား ၂ ဦး

Written by admin

မလေးရှားနိုင်ငံ၊ Johor ပြည်နယ်ရှိ Laman Mahkota Istana Bukit Serene ရှေ့မှာ အမျိုးသမီးအ၀တ်အစားများနဲ့ အတွင်းခံများ ဝတ်ဆင်ကာ ညစ်ညမ်းသော အပြုအမူများ ပြုလုပ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို ရဲများက ဖမ်းဆီးခဲ့ပါတယ် ။ Utusan Malaysia ရဲ့ အစီရင်ခံစာကို အသက် ၂၇ နှစ်နဲ့ ၂၄ နှစ်ကြား အမျိုးသား ၂ ဦးကို Taman Nusa Bestari အနီးတစ်ဝိုက်နဲ့ Johor Bahru Selatan ခရိုင်ရဲဌာနချုပ်ဖြစ်တဲ့ သီးခြားနေရာများမှာ ဖမ်းဆီးခဲ့ပါတယ် ။ သူတို့ရဲ့ ဓာတ်ပုံရိုက်ကူးမှု Post က ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့ပါတယ် ။

Johor National Association ရဲ့ Facebook အကောင့်မှ ‘Bryan Wee’ နဲ့ ‘Deacon Chai’ တို့ရဲ့ Facebook အကောင့်မှ ပြန်လည်ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ပါတယ် ။ ထို့အပြင် ပလပ်ဖောင်းများကို မမှန်မကန်လုပ်ရင် ဖမ်းဆီးမှာဖြစ်တယ်လို့ လူမှုမီဒီယာအသုံးပြုသူများကို Johor ရဲချုပ် Datuk Kamarul Zaman Mamat က အမြဲသတိပေးခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : worldofbuzz

Zawgyi



JRose (KB Chimmy one)

About the author

admin

Leave a Comment