Lifestyle

ဆွေမျိုးတွေက ငါးကန်ရဲ့အောင်စီဂျင်ခလုတ်ကို ပိတ်ပြီး ပြန်ဖွင့်ဖို့မေ့သွားလို့ ကန်ထဲက ငါး ၁၂၂ ကောင်ကို ဆုံးရှုံးသွားခဲ့တဲ့ အမျိုးသား(ရုပ်သံ)

Written by admin

အသက် ၃၃နှစ်အရွယ် မစ္စတာသနဒုံ ဝူဆမ် အမည်ရှိ အမျိုးသားက အလှမွေးထားတဲ့ ငါးကန်ထဲက ငါးကြင်းအကောင်ရေ ၁၁၂ ကောင်ဟာ ဆုံးရှုံးခဲ့ရတဲ့အဖြစ်ကို ဝမ်းနည်းစွာ ဝေမျှလာခဲ့ပါတယ် ။ မစ္စတာသနဒုံ ဝူဆမ်နဲ့ စကားပြောဆိုမှုမှာ အခင်းဖြစ်ပွားတဲ့နေ့က အိမ်ခေါင်မိုးကို ပြုပြင်ရန် နည်းပညာရှင်တစ်ဦး ရောက်လာတယ်လို့ ဆိုပါတယ် ။ တစ်ချိန်တည်းမှာပင် ဆွေမျိုးများက လာရောက်လည်ပတ်ကြပြီး စကားပြောပြီးတာနဲ့ အလုပ်ဆက်လုပ်လိုက်ပါတယ် ။

ဆွေမျိုးတွေက ဓါတ်ပုံရိုက်ပြီး ထုံးစံအတိုင်း ငါးကို အစာကျွေးဖို့ အောက်ဆီဂျင်ခလုတ်ကို ပိတ်လိုက်ပါတယ် ။ အိမ်မပြန်ခင် ခလုတ်ပြန်ဖွင့်ဖို့ မေ့သွားခဲ့ပါတယ် ။ ခလုတ်ပိတ်ရတဲ့အကြောင်းရင်းက ခလုတ်ကိုဖွင့်ထားရင် ရေလှိုင်းများကြောင့် ငါးများတက်မလာတော့ဘဲ ငါးတွေကို မြင်ရမှာမဟုတ်ပါဘူး ။ ဒါပေမယ့် ခလုတ်ပိတ်ပြီး ဆွေမျိုးတွေက ပြန်ဖွင့်ဖို့ မေ့သွားခဲ့ပါတယ် ။ မစ္စတာသနဒုံ ဝူဆမ်ကလည်း အဲဒီ့နေ့က အိမ်အလုပ်တွေ တနေကုန်ရှုပ်နေတာကြောင့် ငါးကန်ကို လာကြည့်ဖို့ လုံးဝမေ့သွားခဲ့ပါတယ် ။

မနက်အထိ ဇနီးသည်က ရေကန်ထဲမှာ မျောနေတဲ့ငါးသေတွေကို တွေ့ပြီး ရေတွင်းထဲက ငါးသေကောင်တွေကို ဖမ်းပြီး ရေကို စုပ်လိုက်ပါတယ် ။ အိမ်ဆောက်ပြီးကတည်းက ဒီငါးကြင်တွေကို မွေးမြူလာတာ (၇) နှစ်ရှိပြီး လို့ ဆိုပါတယ် ။ ဖြစ်ပျက်ပြီးတဲ့ နောက်မှာ ဆွေမျိုးတွေ ပြန်လာလည်ပြီး သူ့အတွက်စိတ်မကောင်းဖြစ်ကြောင့် လာပြောခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : khaosod

Zawgyi




JRose (KB Chimmy one)

About the author

admin

Leave a Comment