Lifestyle

ညမိုးချုပ်သည်ထိကို ထမင်းတစ်နပ်မှ မစားရသေးတာကြောင့် ဗိုက်အရမ်းဆာလာကာ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ဝင်ရောက်ပြီး စားကျန်များကို ယူစားနေသော ကောင်လေး

Written by admin

လောကကြီးရှိ မိသားစုတိုင်းသည် အခက်အခဲကိုယ်စီရှိကြပေမယ့် အချို့သော မိဘများကျ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက်ကိုပင် တာဝန်မယူချင်ကြပဲ ကလေးတွေကသာ ဆင်းရဲ ဒုက္ခအမျိုးမျိုးကြုံကြရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိဘနှစ်ပါးရဲ့ စွန့်ပစ်ခြင်းကို ခံရကာ ဦးလေးဖြစ်သူနှင့်သာ နေခဲ့ရပြီး စားဝတ်နေရေးအတွက်ကို ကိုယ့်ကိုယ်ဝင်ငွေရှာ၍ နေထိုင်ခဲ့ရသည်။

ကောင်လေးသည် နေ့စဥ်လမ်းမပေါ်ထွက်ပြီး လှည့်လည် တောင်းရမ်းခြင်းဖြင့် ကျင်လည်နေရကာ ညမိုးချုပ်သည်ထိ ထမင်းတစ်နပ်ကလေးမှ မစားရသောအခါ ဗိုက်အရမ်းဆာလာ၍ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့သည်။

ကောင်လေးသည် ဝယ်စားဖို့ရာ သူ့မှာပိုက်ဆံမရှိ၍ အခြားသောသူများမှာစားပြီး မကုန်ပဲကျန်နေခဲ့သည့် စားပွဲဝိုင်းနားသွားကာ စားစရာအချို့ကို ယူစားခဲ့ရာ မြင်တွေ့သူများမှ စိတ်မကောင်းဖြစ်မိပြီး ကောင်လေးရဲ့အခက်အခဲအား ကူညီပေးကြရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

About the author

admin

Leave a Comment