Lifestyle

ခန္ဓာကိုယ်ရဲ့ ၉၈%လောက်ကို ရောင်စုံတက်တူးထိုးထားကာ သတ္တုသွားတွေပါ တပ်ဆင်ပြီး သွေးစုပ်ဖုတ်ကောင်တိုင်း ပြောင်းလဲခဲ့သည့် အမျိုးသား

Written by admin

ယနေ့ခေတ်တွင် ခန္ဓာကိုယ်ပေါ်တက်တူးထိုးခြင်းသည် အထူးဆန်းကြီးမဟုတ်တော့ပေမယ့် တစ်ကိုယ်လုံးကို တက်တူးထိုးထားခြင်းက အဆန်းတကြယ်ဖြစ်နေသည်။

သို့ဖြစ်၍ ဘရာဇီးလ်နိုင်ငံမှ အသက်၃၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ္ဘာပေါ်တွင် တက်တူးအများဆုံးထိုးသည့် လူသားအဖြစ် သတ်မှတ်ခံထားရပြီး တစ်ကိုယ်လုံးကို နေရာလွတ်မရှိလေအောင် တက်တူးပေါင်း ၁၀၀၀ကျော်ထိုးထားခြင်းဖြင့် နာမည်ကြီးလာခဲ့သည်။

အမျိုးသားသည် တက်တူးကို အသက်၁၅နှစ်အရွယ် ကတည်းက ကြိုက်နှစ်သက်ခဲ့ပြီး မျက်လုံးပါမကျန် တစ်ကိုယ်လုံးကို ရောင်စုံတက်တူးများနဲ့ဖုံးထားကာ သတ္တုသွားကိုပါ တပ်ဆင်ထားသော်လည်း သားသမီးနှစ်ယောက်နှင့် မိသားစု သူငယ်ချင်းအပေါင်းအသင်းများက ထောက်ခံအားပေးခဲ့၍ ကိုယ့်ကိုယ်ကိုလည်း အခြားလူတစ်ယောက်လိုပြောင်းလဲလိုက်နိုင်ခြင်းအတွက် ဂုဏ်ယူနေခဲ့သည်။

အမျိုးသားသည် သွေးစုပ်ဖုတ်ကောင်တွေအတိုင်း ပြုပြင်ခဲ့ပြီး အပြင်ထွက်တိုင်းလည်း အများရဲ့အာရုံစိုက်ခြင်းကိုခံရကာ တကယ်ဟုတ်မဟုတ် အနီးကပ်လာကြည့်ကြပြီး ဓာတ်ပုံတွေပါ အတူတူတွဲရိုက်ခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

About the author

admin

Leave a Comment