Lifestyle

သခင်အသစ်နှင့်အတူ အိမ်လိုက်ပြန်ရင်း မွေးစားပေးလို့ ဘယ်လောက်ကျေးဇူးတင်တဲ့အကြောင်းကို မျက်ရည်ကျဖွယ်အပြုအမူဖြင့် ပြသနေခဲ့တဲ့ လမ်းဘေးခွေးတစ်ကောင် (ရုပ်သံ)

Written by admin

စွန့်ပစ်ခံရတဲ့ခွေးတိုင်းဟာ ၎င်းတို့အား တစ်စုံတစ်ဦးက တိရိစ္ဆာန်အမိုးအကာမှကယ်တင်ပေးတဲ့အခါ နောက်ဆုံးမှာ ၎င်းတို့ ချစ်ခြင်းမေတ္တာခံစားရမည့်အချိန်ရောက်တော့မှာကို တွေးမိနေတတ်ကြပါတယ်။ သာယာတဲ့နေ့တစ်နေ့မှာ အိုးမဲ့အိမ်မဲ့ခွေးလေးတစ်ကောင်က ၎င်းရဲ့တိရိစ္ဆာန်အမိုးအကာမှ ထွက်ခွါကာ သခင်ဖြစ်သူ မိခင်အသစ်နှင့် အိမ်လိုက်ပြန်သွားနိုင်တဲ့အခါမှာ မိခင်အသစ်အား သူ မည်မျှကျေးဇူးတင်ကြောင်းကို ပြသလိုခဲ့ပါတယ်။ ကျေးဇူးတင်စွာဖြင့် ထိုနေ့မှာ အမျိုးသမီးတစ်ဦးက သံကြိုးဖြင့် ချည်နှောင်ထားခံရတဲ့ ထိုချစ်စဖွယ်ခွေးလေးတစ်ကောင်အား တွေ့ရှိခဲ့ပြီး ထိုခွေးလေးအား မွေးစားရန်ဆုံးဖြတ်ခဲ့ကာ သူမနှင့်အတူ အိမ်သို့ ခေါ်ဆောင်လာခဲ့ပါတယ်။

ထို့နောက် အိမ်သစ်သို့သွားရာလမ်းမှာ ထိုခွေးလေးက ကားမောင်းနေတဲ့သူ့မိခင်အသစ်ရဲ့ဘေးထိုင်ခုံမှာ ထိုင်နေရင်း မိခင်အသစ်အား ဘယ်လောက်ကျေးဇူးတင်ကြောင်း ပြသချင်နေခဲ့ပါတယ်။ ထိုခွေးလေးက သူ့ခေါင်းကို သူမရဲ့လက်မောင်းနား ပွတ်သီးပွတ်သပ်လုပ်လိုက်ပြီးနောက်မှာ အဆိုပါမွေးစားမိခင်အား ဝမ်းနည်းမှု နှင့် ချစ်ခြင်းမေတ္တာများဖြင့် ငိုကြွေးသွားစေခဲ့ပါတယ်။ နောက်တော့ သူမ မျက်ရည်ကျနေတာကို ခံစားမိတဲ့အခါ အဆိုပါသနားစရာကောင်းတဲ့ခွေးလေးက သူမအား နှစ်သိမ့်ပေးဖို့ကြိုးစားနေခဲ့ပြန်ပါတယ်။

အဆိုပါအမျိုးသမီးဟာ ဒီခွေးလေးရဲ့ ခံနိုင်ရည်ရှိခဲ့တဲ့ ဝမ်းနည်းပူဆွေးမှုကြောင့် မျက်ရည်ကျခဲ့ရပြီး နောက်ဆုံးမှာ ခွေးလေးကို သူမကိုယ်တိုင်ပြုစုစောင့်ရှောက်ရတော့မယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်မှုကိုတွေးရင်း မျက်ရည်များကို ထိန်းထားနိုင်ခဲ့ပါတယ်။ ခွေးလေးပိုချစ်ဖို့ကောင်းသွားစေတာက ခွေးလေးဟာ သူ့မိခင်အသစ်ကို ပိုကောင်းလာအောင်လုပ်ပေးဖို့က သူ့တာဝန်လို့ ခံစားနေလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်းကတော့ အခုချိန်မှာ သူကသာ ပြုစုစောင့်ရှောက်ခံရမယ့် အလှည့်လို့သာထင်ပါတယ်ဗျာ ။

Mia (KB Chimmy one)

Reference : aubtu

Zawgyi

စြန႔္ပစ္ခံရတဲ့ေခြးတိုင္းဟာ ၎တို႔အား တစ္စုံတစ္ဦးက တိရိစာၦန္အမိုးအကာမွကယ္တင္ေပးတဲ့အခါ ေနာက္ဆုံးမွာ ၎တို႔ ခ်စ္ျခင္းေမတၱာခံစားရမည့္အခ်ိန္ေရာက္ေတာ့မွာကို ေတြးမိေနတတ္ၾကပါတယ္။ သာယာတဲ့ေန႔တစ္ေန႔မွာ အိုးမဲ့အိမ္မဲ့ေခြးေလးတစ္ေကာင္က ၎ရဲ႕တိရိစာၦန္အမိုးအကာမွ ထြက္ခြါကာ သခင္ျဖစ္သူ မိခင္အသစ္ႏွင့္ အိမ္လိုက္ျပန္သြားႏိုင္တဲ့အခါမွာ မိခင္အသစ္အား သူ မည္မွ်ေက်းဇူးတင္ေၾကာင္းကို ျပသလိုခဲ့ပါတယ္။ ေက်းဇူးတင္စြာျဖင့္ ထိုေန႔မွာ အမ်ိဳးသမီးတစ္ဦးက သံႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားခံရတဲ့ ထိုခ်စ္စဖြယ္ေခြးေလးတစ္ေကာင္အား ေတြ႕ရွိခဲ့ၿပီး ထိုေခြးေလးအား ေမြးစားရန္ဆုံးျဖတ္ခဲ့ကာ သူမႏွင့္အတူ အိမ္သို႔ ေခၚေဆာင္လာခဲ့ပါတယ္။

ထို႔ေနာက္ အိမ္သစ္သို႔သြားရာလမ္းမွာ ထိုေခြးေလးက ကားေမာင္းေနတဲ့သူ႔မိခင္အသစ္ရဲ႕ေဘးထိုင္ခုံမွာ ထိုင္ေနရင္း မိခင္အသစ္အား ဘယ္ေလာက္ေက်းဇူးတင္ေၾကာင္း ျပသခ်င္ေနခဲ့ပါတယ္။ ထိုေခြးေလးက သူ႔ေခါင္းကို သူမရဲ႕လက္ေမာင္းနား ပြတ္သီးပြတ္သပ္လုပ္လိုက္ၿပီးေနာက္မွာ အဆိုပါေမြးစားမိခင္အား ဝမ္းနည္းမႈ ႏွင့္ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ငိုေႂကြးသြားေစခဲ့ပါတယ္။ ေနာက္ေတာ့ သူမ မ်က္ရည္က်ေနတာကို ခံစားမိတဲ့အခါ အဆိုပါသနားစရာေကာင္းတဲ့ေခြးေလးက သူမအား ႏွစ္သိမ့္ေပးဖို႔ႀကိဳးစားေနခဲ့ျပန္ပါတယ္။

အဆိုပါအမ်ိဳးသမီးဟာ ဒီေခြးေလးရဲ႕ ခံႏိုင္ရည္ရွိခဲ့တဲ့ ဝမ္းနည္းပူေဆြးမႈေၾကာင့္ မ်က္ရည္က်ခဲ့ရၿပီး ေနာက္ဆုံးမွာ ေခြးေလးကို သူမကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ရေတာ့မယ္ဆိုတဲ့အသိနဲ႔ ေပ်ာ္႐ႊင္မႈကိုေတြးရင္း မ်က္ရည္မ်ားကို ထိန္းထားႏိုင္ခဲ့ပါတယ္။ ေခြးေလးပိုခ်စ္ဖို႔ေကာင္းသြားေစတာက ေခြးေလးဟာ သူ႔မိခင္အသစ္ကို ပိုေကာင္းလာေအာင္လုပ္ေပးဖို႔က သူ႔တာဝန္လို႔ ခံစားေနလို႔ပါပဲ။ ဒါေပမဲ့ တကယ္တမ္းကေတာ့ အခုခ်ိန္မွာ သူကသာ ျပဳစုေစာင့္ေရွာက္ခံရမယ့္ အလွည့္လို႔သာထင္ပါတယ္ဗ်ာ ။

Mia (KB Chimmy one)

About the author

admin

Leave a Comment