International News

ပန်းခြံသို့သွားရောက်လည်ပတ်နေစဉ် အမှတ်မထင်ဘဲ 4.38 ကာရက်ရှိတဲ့ ရှားပါးအဝါရောင်စိန်တုံးကို ကောက်ရသွားခဲ့တဲ့ အမျိုးသမီး

Written by admin

ပြီးခဲ့တဲ့ယမန်နှစ် စက်တင်ဘာလ 23 ရက်နေ့မှာ Noreen Wredberg အမည်ရှိ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတစ်ဦးက Michael အမည်ရှိသူမရဲ့ခင်ပွန်းနှင့်အတူ အမေရိကန် Arkansas ပြည်နယ်ရှိ Crater of Diamonds State ပန်းခြံသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဆိုပါပန်းခြံက စိန်များရှိနေတဲ့ဧရိယာလို့ ကမ္ဘာတစ်ဝှမ်းမှာကျော်ကြားပြီး အများပြည်သူကြည့်ရှုရှာဖွေနိုင်ရန် ဖွင့်လှစ်ထားတာဘဲဖြစ်ပါတယ်။ ထိုနေ့မှာ Noreen ဟာ မြေကြီးပေါ်မှာ တောင်ပြောင်နေတဲ့ “ အဝါရောင်အတုံးတစ်တုံး” ကို စိန်တုံးမှန်းမသိဘဲ အမှတ်တမဲ့ ကောက်ယူခဲ့တယ်လို့ သိထားရပါတယ်။ Noreen က သူမ ကောက်တွေ့ခဲ့တဲ့ ထိုအဝါရောင်ကျောက်တုံးကို ပန်းခြံအကဲဖြတ်ရေးစင်တာသို့ ပို့လိုက်တဲ့အခါမှ ထိုအရာက အလေးချိန် 4.38 ကာရက်ရှိတဲ့စိန်တစ်လုံးဖြစ်နေမှန်း သိခဲ့ရပါတယ်။

” ကယ်လီဖိုးနီးယားပြည်နယ် Granite Bay မှ ထိုစုံတွဲက ပန်းခြံသို့ လာရောက်လည်ပတ်ခြင်းမပြုခင် ရက်ပိုင်းအလိုမှာ Arkansas ပြည်နယ်မှာ မိုးရွာသွန်းခဲ့တယ်။

ဒါ့ကြောင့် ပိုကြီးတဲ့စိန်ကြီးက မိုးရွာပြီးနောက်မှာ မြေကြီးပေါ် ထွက်လာခဲ့ပုံရတယ်၊ နောက်ပြီး သူ့ရဲ့ရောင်ပြန်ဟပ်တဲ့မျက်နှာပြင်က မြင်သာနေတော့ Noreen က အဲ့စိန်တစ်လုံးကိုရှာတွေ့ဖို့ တစ်နာရီတောင် မကြာလိုက်ပါဘူး ” လို့ ပန်းခြံရှိ သက်ဆိုင်သူ Waymon Cox က ပြောကြားခဲ့ပါတယ်။ ” ထိုစိန်က သစ်တော်သီးပုံသဏ္ဍာန် နှင့် လင်မနစ်အရောင်ရှိပြီး ဂျယ်လီစေ့အရွယ်အစားခန့်ရှိပါတယ်။

ဒီစိန်ကို အဏုကြည့်မှန်ပြောင်းအောက်မှာ ပထမဆုံးမြင်ရတဲ့အခါ ‘ဝိုး၊ ဘယ်လောက်လှတဲ့ ပုံသဏ္ဍာန်နဲ့ အရောင်အသွေးလဲ’ လို့ တွေးမိတယ် ” လို့လည်း ပန်ခြံရဲ့ Park Superintendent Caleb Howell က ထပ်မံပြောကြားခဲ့ပါတယ်။ 1972 ခုနှစ်မှာ Crater of Diamonds State Park ကို Arkansas ပန်းခြံအမွေအနှစ် နှင့် ခရီးသွားလာရေးဌာနမှ စတင်တည်ထောင်ခဲ့ကြတာပါ။

ထိုပန်းခြံက ၃၇.၅ ဧက (၁၅.၂ ဟက်တာ) ကျယ်ဝန်းတဲ့ အသီးအနှံများစိုက်ပျိုးထားတဲ့မြေနေရာဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စိန်များပွင့်တဲ့ နေရာလည်းဖြစ်ပါတယ်။ မှတ်တမ်းများအရ ထိုပန်းခြံရဲ့အုပ်ချုပ်ရေးမှူးများက လာရောက်လည်ပတ်တဲ့ ဧည့်သည်များအား ပန်းခြံအတွင်း တွေ့ရှိသည့် ရတနာများကို အိမ်သို့ယူဆောင်သွားရန် ခွင့်ပြုထားပါတယ်။

၁၉၀၆ ခုနှစ်ကတည်းက ပန်းခြံထဲမှာ စိန်ပေါင်း ၇၅,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ စိန် ၂၅၈ ပွင့်ကို တူးဖော်ခဲ့ပြီး အကဲဖြတ်ဖို့အတွက် နေ့စဉ် ပျမ်းမျှ စိန် ၁ လုံး သို့မဟုတ် ၂ လုံးကိုရှာဖွေတွေ့ရှိခဲ့သလို စုစုပေါင်း ၄၆ ကာရက်အထိ အလေးချိန်ရှိတဲ့ စိန်တုံးများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့အားလပ်ရက်ဖြစ်သည့် 2020 ခုနှစ်စ အလုပ်သမားနေ့မှာ Arkansas မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပန်းခြံကို စတင်တည်ထောင်ပြီးကတည်းက တွေ့ရှိခဲ့သမျှ 9.07 ကာရက် အလေးချိန်ရှိသည့် ဒုတိယအကြီးဆုံးစိန်ကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ အခု Noreen Wredberg တွေ့ရှိခဲ့တဲ့စိန်တုံးက တတိယမြောက် အကြီးဆုံးအလေးချိန်ကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

Mia (KB Chimmy one)

Reference : goodtimes

About the author

admin

Leave a Comment