International News

တဖြည်းဖြည်းကြီးထွားလာတဲ့ အပေါ်သွားကြောင့် အစားမစားနိုင်လို့ ရှေ့သွားကို ထက်ဝက်ဖြတ်ထုတ်ခဲ့ရတဲ့ အလှမွေးငါးတစ်ကောင် (ရုပ်သံ)

Written by admin

Daniel Calvo Carrasco အမည်ရှိ တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဟာ အစာမစားနိုင်လောက်အောင် ကြီးထွားလာတဲ့ Goldie အမည်ရှိ Porcupine puffer ငါးတစ်ကောင်ရဲ့အပေါ်သွားကို တစ်ဝက်လှီးဖြတ်လိုက်မှ သူမရဲ့ထိုအခက်အခဲကို အထောက်အကူဖြစ်စေနိုင်မယ်လို့ ပိုင်ရှင်ဖြစ်သူအား ရှင်းပြခဲ့ပါတယ်။ Porcupine pufferfish ငါးရဲ့သွားများကို နှုတ်သီးများအဖြစ် လူသိများကြပြီး ၎င်းတို့ရဲ့သွားများက ၎င်းတို့ဘဝတစ်လျှောက်လုံး အဆက်မပြတ်ကြီးထွားလာကြတာဘဲဖြစ်ပါတယ်။

၎င်းတို့က ပုံမှန်အားဖြင့် အခွံမာတဲ့ အစားအစာတွေကို စားသုံးနေရတဲ့အတွက် ၎င်းတို့သွားက သဘာဝအတိုင်း တိုတောင်းလေ့ရှိပေမဲ့လည်း၊ Goldie က သူမရဲ့အိမ်ပတ်ဝန်းကျင်ရှိ ထောက်ပံ့ပေးနေတဲ့ အခွံမာအစားအစာများကို စားသုံးရန် အဆင်သင့်မဖြစ်သေးပုံရပါတယ်။

ထိုရလဒ်ကြောင့်လည်း သူမရဲ့အပေါ်သွားက သူမရဲ့အစာစားနိုင်စွမ်းကို အဟန့်အတားဖြစ်စေတဲ့အထိ ကြီးထွားလာခဲ့ပုံရပါတယ်။ Daniel က Goldie ရဲ့သွားကိုလှီးဖြတ်နေချိန်တလျှောက်လုံးမှာ ရေပြင်ပေါ်မှ သူမ စိတ်ဖိစီးမှုမရှိဘဲ ကောင်းကောင်းအသက်ရှုနေနိုင်အောင် Goldie ရဲ့ငါးကန်ထဲသို့ လိုင်စင်ရမေ့ဆေးအပေါ့စားကိုထည့်ခြင်းဖြင့် သူမ အောက်ဆီဂျင်အတွက် ခဏတာထိန်းထားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Debbie Addison အမည်ရှိ တိရိစ္ဆာန်ဆေးကု သူနာပြုတစ်ဦးက Goldie ရဲ့ခန္ဓာကိုယ်ရဲ့ဖောင်းပွမှုကို ခုခံခြင်းဖြင့် Goldie ကို စိုစွတ်တဲ့မျက်နှာသုတ်ပဝါဖြင့် ကိုင်ဆောင်ပေးခဲ့ပါတယ်။

Daniel က အတိုချုံးကာလအတွင်းမှာဘဲ Goldie ရဲ့ အပေါ်သွားအရှည်ကို အန္တရာယ်ကင်းကင်းနဲ့ ထက်ဝက်ဖြတ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ထို့နောက် Goldie ရဲ့ထုံဆေးပြယ်ပေါင် သူမရဲ့အိမ်တွင်းငါးကန်ထဲသို့ ပြန်ထည့်ပေးလိုက်ကြောင်း Daniel က ရှင်းပြခဲ့ပါတယ်။

ငါးကန်ထဲထည့်ပြီး နောက်ငါးမိနစ်အတွင်းမှာပဲ Goldie က ရေထဲမှာ ချက်ချင်းပြန်ထလာနိုင်ခဲ့ပြီး ဆယ်မိနစ်အတွင်းမှာပဲ သူမက ပျော်ရွှင်စွာ ရေကူးနိုင်ခဲ့ပြီး နှစ်နာရီအကြာမှာ ကောင်းကောင်းလည်းစားနိုင်ခဲ့ပါတယ်။

Goldie ရဲ့ပိုင်ရှင်ဖြစ်သူက လွန်ခဲ့တဲ့ သုံးလခန့်က Goldie က အခွံမာအစားအစာကို နေ့တိုင်းစားပေမဲ့လည်း သူမရဲ့ရှေ့သွားက အလွန်လျင်မြန်စွာ ကြီးထွားလာတာကို သတိပြုမိပြီးနောက် တိရိစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : 9gag

About the author

admin

Leave a Comment