International News

ကြယ်၅ပွင့်ဟိုတယ်မှ စားဖိုမှုးကြီးက လမ်းဘေးတွင်စျေးထွက်ရောင်းခဲ့ရာ ဝယ်ယူသူတွေက တန်းစီပြီး စောင့်ဆိုင်းကာဝယ်ယူကြသည့်အတွက် ဟိုတယ်ကထက်ပင် ဝင်ငွေပိုရနေခဲ့

Written by admin

အဆင့်မြင့်လှသော ကြယ်၅ပွင့်ဟိုတယ်မှ အစားအစာများဆိုတာဟာ အခြေခံလူတန်းစားများမဆိုထားနှင့် သာမန်လူတန်းစားများအတွက်ပင် စားသုံးနိုင်ရန် လက်လှမ်းမမီကြပေ။ကြယ်၅ပွင့်ဟိုတယ်မှ စားဖိုမှုးများဟာလည်း ကျွမ်းကျင်စွာဖြင့် ဟင်းမျိုးစုံကို အရသာရှိစွာ ချက်ပြုတ်နိုင်ကြပါတယ်။

ယခုတွင်တော့ အသက်၄၃နှစ်အရွယ်ရှိ Muhammad Khairul Nizzam Mamatဆိုသူမှာ ကြယ်၅ပွင့်ဟိုတယ်က စားဖိုမှုးအလုပ်မှ ထွက်ခဲ့တာဖြစ်ပါတယ်။ထို့နောက် လမ်းဘေးတစ်နေရာတွင် အစားအသောက်တွေကို ရောင်းချရာမှ နာမည်ကြီးလာခဲ့ပြီး ဟိုတယ်မှ အလုပ်လုပ်စဥ်က ရရှိခဲ့သည့် ဝင်ငွေကထက်ပင် ပိုမိုရရှိနေခဲ့ပါတယ်။

စားဖိုမှူးကြီး၏လမ်းဘေးဆိုင်လေးဟာ ဝယ်ယူသူတွေက ဆိုင်မဖွင့်ခင်ကပင် တန်းစီပြီး ဝယ်ယူရန် လာစောင့်နေတတ်ကြပါပြီး အချိန်၂နာရီလောက်ဆိုလျှင်ပင် ဆိုင်လေးက ရောင်းကုန်နေခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ကြယ်၅ပွင့်ဟိုတယ်မှ စားဖိုမှုးကြီးက လမ်းဘေးတွင်ဈေးထွက်ရောင်းခဲ့ရာ ဝယ်ယူသူတွေက တန်းစီပြီး စောင့်ဆိုင်းကာဝယ်ယူကြသည့်အတွက် ဟိုတယ်ကထက်ပင် ဝင်ငွေပိုရနေခဲ့




Shoon (Cele Daily)

About the author

admin

Leave a Comment