ဝေးလံခေါင်သီးတဲ့တောင်တန်းပေါ်မှာ တည်ဆောက်ထားတဲ့ သက်တမ်း နှစ် 100 လောက်ရှိပြီဖြစ်သော ကမ္ဘာ့အထီးကျန်ဆုံးအိမ်

ဝေးလံခေါင်သီတဲ့တောင်တန်းတစ်ခုမှာ နှစ်ပေါင်း ၁၀၀ ကြာ ပိတ်မိနေတဲ့ ကမ္ဘာ့အထီးကျန်ဆုံးအိမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို The Sun က ဖော်ပြလာခဲ့ပါတယ် ။ အဆိုပါ ကမ္ဘာ့အထီးကျန်ဆုံးအိမ် ကို Buffa di Perrero လို့ခေါ်ပြီး အီတလီနိုင်ငံရှိ Dolomite တောင်များကြားမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ 9,000 နီးပါးမြင့်တဲ့ ‘ကမ္ဘာ့အထီးကျန်ဆုံးအိမ်’ လို့လူသိများပါတယ် ။ မတ်စောက်တဲ့ ကျောက်ကမ်းပါးပေါ်မှာ တည်ဆောက်ထားတဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ် ။

အုတ်နံရံ၊ လျှောစောက်ခေါင်မိုး၊ လေးဘောင်ပြတင်းပေါက် နဲ့ စခန်းချ ကုလားထိုင်များ ပါဝင်တဲ့အသွင်အပြင်ကြောင့် လာရောက်လည်ပတ်သူ အများအပြားက အဆိုပါ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ပရိဘောဂများကို မည်သို့ ယူဆောင်လာသလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ် ။

အဆိုပါအိမ်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက တည်ဆောက်ခဲ့တာလို့ ယူဆရပါတယ် ။ ပထမကမ္ဘာစစ်အတွင်း အီတလီစစ်သားများက ရိက္ခာများ သိုလှောင်ရန် အမိုးအကာတစ်ခု တည်ဆောက်ခဲ့တာပါ ။ မယုံနိုင်စရာ ဗိသုကာလက်ရာများကို ယာယီကြိုးလှေကားများမှတဆင့် သို့မဟုတ် ကြမ်းတမ်းတဲ့ တောင်တက်လမ်းများမှတဆင့် ရောက်ရှိနိုင်ပါတယ် ။

အဲဒီလမ်းကြောင်းဟာ Ferrata Ivano Dibona Via Ferrata Ivano Dibona အမြင့်လမ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဒေသခံကျွမ်းကျင်သူတွေက ပြောပြခဲ့ပြီး တောင်တက်ဖို့အတွက် စွန့်စားသူများအတွက် ခက်ခဲတဲ့ လမ်းများကို ဖြတ်ကျော်ရန် တောင်ပေါ်ရှိ အန္တရာယ်ရှိတဲ့နေရာများအတွက် သံမဏိလှေကားများနဲ့ ကေဘယ်ကြိုးများ တပ်ဆင်ထားပါတယ် ။

အထီးကျန်အိမ်သို့ ခရီးသွားသူများက လျှို့ဝှက်ဆန်းကြယ်တဲ့ စာရွက်ကို ကြည့်ရှုနိုင်ပြီး အမြင့်ကနေ မြင်ကွင်းကျယ်တွေကို သဘောကျဖွယ်ကောင်းတဲ့အပြင် စိတ်လှုပ်ရှားစရာ အလွန်ကောင်းပါတယ် ။

အဆိုပါအထီးအိမ်ဖြစ်တဲ့ Buffa di Perrero ဟာ အနားယူစရာနေရာအဖြစ် လောလောဆယ်မရရှိနိုင်သေးသော်လည်း Buffa di Perrero က စွဲမက်ဖွယ်ကောင်းတဲ့ Dolomite တောင်များကို အလွန်ကောင်းမွန်တဲ့ရှုခင်းများကို ပေးဆောင်နေဆဲဖြစ်ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Leave a Reply

Your email address will not be published. Required fields are marked *