လူအများ အထင်ကြီးသွားစေမယ့် သူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့လက်ဖက်ရည်ဖျော်စကေးကိုပြသခဲ့တဲ့ လမ်းဘေးစျေးသည်တစ်ဦး (ရုပ်သံ)

အာရှမှာ အဓိကအချိုရည်က ဘာလဲလို့မေးလာရင်တော့ အာရှသားတိုင်းက လက်ဖက်ရည်လို့ ဖြေကြမှာ အသေအချာပါဘဲ။ ဗြိတိသျှတို့သာမက အာရှလူမျိုးတွေဟာ ဒေသအနှံ့မှအမျိုးမျိုးသော လက်ဖက်ရည်ကြမ်းကို အလွန်နှစ်သက်ကြပါတယ်။ ဂျပန်ရဲ့ လက်ဖက်စိမ်း၊ သီရိလင်္ကာရဲ့ သီဟိုဠ်စေ့လက်ဖက်ရည်၊ ထိုင်ဝမ်ရဲ့ bubble လက်ဖက်ရည်နဲ့ အရှေ့တောင်အာရှရဲ့ အချစ်ဆုံး Teh tarik လို့ခေါ်တဲ့လက်ဖက်ရည် တွေရှိပါတယ်။ လက်ဖက်စိမ်းကိုအခြောက်လှမ်းပြီး နှပ်ကာ နို့ဆီနှင့်ဖျော်သောက်တဲ့ မြန်မာ့လက်ဖက်ရည်ကလည်း မြန်မာမှာ အလွန်ရေပန်းစားတဲ့ သောက်စရာတစ်ခုပါဘဲ။ ထို့အပြင် စုံလင်စွာပေါင်းထားတဲ့ လက်ဖက်ရည်ပြုလုပ်ခြင်းအနုပညာဟာ လေးနက်သောကျွမ်းကျင်မှုနှင့် နည်းပညာအချို့ လိုအပ်ပါတယ်။

ဘန်ကောက်မြို့၏ အကြီးဆုံး သီတင်းပတ်ကုန်စျေးကွက်ဖြစ်တဲ့ Chatuchak စျေးမှ စျေးသည်တစ်ဦးဟာ ၎င်းတို့ရဲ့တိုင်းပြည်မှာ လက်ဖက်ရည်ကို အမှန်တကယ် ဘယ်လိုဖျော်ပြီး ဘယ်လိုလုပ်ဆောင်ရသည်ကို ပြသခဲ့ပါတယ်။

ရိုးရာပါတိတ်နှင့်ဝတ်စုံကို ၀တ်ဆင်ထားသည့် အဆိုပါအမျိုးသားတစ်ဦးဟာ အတွင်းမှာပါရှိတဲ့ နို့လက်ဖက်ရည်နှင့်အတူ သတ္တုခွက်ကြီးနှစ်လုံးကို ကိုင်ဆောင်ကာ ဘယ်လိုလက်ဖက်ရည်ဖျော်ရမှာကို စတင်ပြသခဲ့ပါတယ်။

ထို့နောက် အဆိုပါအမျိုးသားဟာ ၎င်းသတ္တုခွက်ကြီးနှစ်ခွက်ကြီးထဲက နို့လက်ဖက်ရည်ကို ခွက်တစ်ခွက်ဆီမှ နောက်တစ်ခွက်ဆီသို့ ဘယ်၊ညာ လောင်းထည့်နေရင်း သူ့ရဲ့ခန္ဓာကိုယ်ပါ တစ်ပတ်လှည့်ကာ နို့လက်ဖက်ရည်လေးတစ်စက်မှ မြေကြီးပေါ်မကျသွားအောင် pro ကျကျနဲ့ ဖောက်သည်တွေရှေ့မှာ လက်ဖက်ရည်ဖျော်ပြနေခဲ့ပါတယ်။

လူအုပ်ကြီးက စောင့်ကြည့်နေတာကြောင့် သူဟာ လေထဲမှာ လက်ဖက်ရည်လောင်းရင်း ရေခဲစကိတ် ကိုယ်လုံးကိုယ်ထည် တွန့်လိမ်ကာ သူ့ရဲ့စကေးကို အရှိန်မြှင့်လိုက်ပါသေးတယ်။ အံ့သြစရာကောင်းတာက၊ ဒါတွေကိုလုပ်ပြနေရင်း ကြမ်းပြင်ပေါ်မှာ လက်ဖက်ရည်တစ်စက်မှကျမသွားဘဲ ပြီးသွားခဲ့တာပါပဲ။

မြန်မာမှာတော့ လက်ဖက်ရည်လို့သာခေါ်ဝေါ်ကြပေမဲ့ ထိုင်းမှာတော့ ၎င်းကို Charchuck လို့ခေါ်ကြပါတယ်။ ဤကဲ့သို့သော နည်းအမျိုးမျိုးဖြင့် လက်ဖက်ရည်ဖျော်ခြင်းအနုပညာမှာ သူ့ရဲ့ရဲစွမ်းသတ္တိအတွက် ဤအမျိုးသားဟာ ဆုချီးမြှင့်ခံရဖို့ အလွန်ပင်ထိုက်တန်ပါတယ်။

ဒီတော့ သူ့ရဲ့လက်ဖက်ရည်ဖျော်တဲ့ စကေးကတော့ အံ့မခန်းဖြစ်စရာကောင်းနေတာကို ဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါတယ်ဗျ။

Mia (KB Chimmy One)

Reference : gtgoodtimes

Leave a Reply

Your email address will not be published. Required fields are marked *