ကျောင်းလစာနဲ့မလောက်လို့အပြင်အလုပ်ပါလုပ်ပီးရတဲ့ဝင်ငွေလေးတွေစုပီး၊ဆင်းရဲချို့တဲ့ကျောင်းသားလေးတွေကိုထောက်ပံ့ပေးခဲ့တဲ့ကျောင်းဆရာတစ်ဦး
ကျောင်းဆရာ/မ များဟာကျွန်ုပ်တို့ရဲ့ဒုတိယမိဘများလို့တင်စားရမှာပါ။ဆရာများဟာကျွန်ုပ်တို့အတွက်အသိပညာအတတ်ပညာတိုးတက်စေဖို့အနီးကပ်သင်ယူပေးတဲ့သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများပင်ဖြစ်တာကြောင့်ဂါရဝတရားပြုရန်မမေ့ကြဖို့လိုပါပေတယ်။ယခုတစ်ခေါက်မှာလဲကျောင်းသားများကိုသားသမီးရင်းသဖွယ်စောင့်ရှောက်ပေးတတ်တဲ့ Ngo Hong Khiem ဆိုတဲ့ကျောင်းဆရာတစ်ဦးရဲ့သတင်းလေးဟာ၊ ဗီယက်နမ်နိုင်ငံတွင်းမှာအများချီးကျူးလေးစားရတဲ့သတင်းလေးဖြစ်လို့နေခဲ့ပါတယ်။
ထိုကျောင်းဆရာကတော့ကျောင်းလစာဝင်ငွေအပြင်၊အခမ်းနားတွေမှာ MC တစ်ယောက်လုပ်ရင်းရလာတဲ့ဝင်ငွေလေးတွေကိုစုပီးဆင်းရဲချို့တဲ့တဲ့ကျောင်းသားတွေကိုထောက်ပံ့ပေးလေ့ရှိပါတယ်။ဆရာကိုယ်တိုင်ကလဲငယ်စဥ်ကဆင်းရဲခဲ့သူမို့ချို့တဲ့ကျောင်းသားတွေရဲ့ဒုက္ခကိုကောင်းကောင်းနားလည်လို့ယခုလိုထောက်ပံ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Everonline
Zawgyi
ကျောင်းလစာဝင်ငွေနဲ့မလောက်လို့အပြင်အလုပ်ပါလုပ်ပီးရတဲ့ဝင်ငွေလေးတွေစုပီး၊ဆင်းရဲချို့တဲ့ကျောင်းသားလေးတွေကိုထောက်ပံ့ပေးခဲ့တဲ့ကျောင်းဆရာတစ်ဦး
Everonline
ကျောင်းလစာနဲ့မလောက်လို့အပြင်အလုပ်ပါလုပ်ပီးရတဲ့ဝင်ငွေလေးတွေစုပီး၊ဆင်းရဲချို့တဲ့ကျောင်းသားလေးတွေကိုထောက်ပံ့ပေးခဲ့တဲ့ကျောင်းဆရာတစ်ဦး Read More
ထူးချွန်ကျောင်းသားတွေအတွက်ဆုပေးပွဲမှာဂုဏ်ပြုမှတ်တမ်းအစား၊ဝက်သားတစ်ယောက်တပိသာချီးမြင့်ခဲ့တဲ့စာသင်ကျောင်းပုံရိပ်များ
ကျောင်းသူ/သားများအနေနဲ့စာသင်နှစ်တစ်တန်းပြီးတိုင်း၊တနှစ်ပတ်လုံးကြိုးစားထားတဲ့အရည်ချင်းတွေနဲ့ရရှိမဲ့ဂုဏ်ပြုမှတ်တမ်းဆုလေးကိုစာသင်ကျောင်းတာဝန်ရှိသူများက၊အခမ်းအနားနဲ့ပေးအပ်တတ်ကြတဲ့ပွဲကိုစာဖတ်သူတို​ကြုံဖူးမြင်ဖူးကြတာပင်မဟုတ်ပါလား။သို့ပေမဲ့ယခုတစ်ခေါက်ထူးခြားတဲ့သတင်းအနေနဲ့၊တရုတ်နိုင်ငံစီချွမ်းပြည်နယ် Luzhou ဒေသမှာရှိတဲ့စာသင်ကျောင်းတစ်ကျောင်းရဲ့ဆုပေးပွဲအခမ်းနားအဖြစ်ပျက်ပုံရိပ်လေးဟာ၊ social media ထက်မှာအများစိတ်ဝင်စားစေခဲ့တဲ့သတင်းလေးဖြစ်ခဲ့ပါတယ်။
ထိုစာသင်ကျောင်းတစ်ခုရဲ့ဆုပေးပွဲအခမ်းနားမှာ၊ထူးချွန်ကျောင်းသားလေးတွေရဲ့အမှတ်တရဓာတ်ပုံတွေရိုက်ကြတဲ့အချိန်မှာဝက်သားအစိမ်းကိုင်ထားပီးအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြတာကိုတွေ့ရှိရမှာပါ။အကြောင်းကတော့ကျောင်းတာဝန်ရှိသူနဲ့ထိုကျောင်းရဲ့ကျောင်းသားဟောင်းများရဲ့စီစဥ်မှုအရ၊ကျောင်းတနှစ်တာလုံးထူးချွန်ခဲ့တဲ့ကျောင်းသားတွေကိုဂုဏ်ပြုမှတ်တမ်းအစား၊ဝက်သားတစ်ယောက်တပိသာနဲ့ဂုဏ်ပြုပေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ထိုကဲ့သို့ရရှိခဲ့ကြတဲ့ထူးချွန်ကျောင်းသားတွေဟာ၊ကျောင်းစင်မြင့်ထက်မှာယခုလိုဂုဏ်ယူစွာနဲ့ဓာတ်ပုံရိုက်ကူးခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။ထိုကျောင်းတာဝန်ရှိသူတွေရဲ့လုပ်ရပ်ကိုတော့၊ကျောင်းသားမိဘများနဲ့ netizen များကတော့ဘဝင်မကျခဲ့ကြတာတော့အမှန်ပါပဲ။
Everonline
Zawgyi
Everonline
ထူးချွန်ကျောင်းသားတွေအတွက်ဆုပေးပွဲမှာဂုဏ်ပြုမှတ်တမ်းအစား၊ဝက်သားတစ်ယောက်တပိသာချီးမြင့်ခဲ့တဲ့စာသင်ကျောင်းပုံရိပ်များ Read More
မိဘမဲ့ဖြစ်ခဲ့ရတဲ့မြေးနှစ်ယောက်ကိုထောက်ပံ့ဖို့ပလုံကောက်တဲ့အလုပ်နဲ့၊ထီလည်ရောင်းပီးရှာကျွေးနေရတဲ့အသက်(70)ရွယ်ဖိုးအိုစုံတွဲအဖြစ်
အသက်(70)အရွယ်အဖိုးနဲ့အသက်(ကျောင်း်တာကြောင့်ကိုယ့်ဝမ်းစာကိုယ်ကျောင်းနေခဲ့ရပါတယ်။လက်ရှိမှာလဲနိုင်ငံရပ်ခြားကိုအလုပ်သွားလုပ်ရင်းမတော်တဆမှုကြောင့်၊ကွယ်လွန်သွားခဲ့တဲ့သာနေခဲ့ရပါတယ်။လက်ရှိမှာလဲနိုင်ငံရပ်ခြားကိုအလုပ်သွားလုပ်ရင်းမတော်တဆမှုကြောင့်၊ကွယ်လွန်သွားခဲ့တဲ့သားဖြစ်သူရဲ့ခလေးနှစ်ယောက်ကိုထိန်းကျောင်းရင်းရှာဖွေကျွေးထားရပါတယ်။
မြေး(2)ဦးအတွက်အဖွားအိုက​တေ့ာပလုံကောက်ပီး၊အဖိုးအိုကတော့ရပ်ကွက်လည်ပီးထီလက်မှတ်ရောင်းရင်းဘဝကိုခက်ခဲစွာဖြတ်သန်းနေရပါတယ်။အိမ်အိုအိမ်ဟောင်းလေးထဲမှာအိပ်ရာမရှိပဲ၊ကြမ်းပြင်မှာသာမြေး(2)ယောက်နဲ့အတူအိပ်စက်ခဲ့ကြရပါတယ်။မြေး(2)ယောက်အတွက်ပူပန်နေရတဲ့အဖိုးအိုစုံတွဲကိုတော့အိမ်နီးချင်းများကကူညီထောက်ပံ့တာတွေရှိပီး၊ယခုအခါဒေသတွင်းမှာရှိတဲ့အလှုရှင်များလဲသွားရောက်လှုဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
Everonline
Zawgyi
Everonline
မိဘမဲ့ဖြစ်ခဲ့ရတဲ့မြေးနှစ်ယောက်ကိုထောက်ပံ့ဖို့ပလုံကောက်တဲ့အလုပ်နဲ့၊ထီလည်ရောင်းပီးရှာကျွေးနေရတဲ့အသက်(70)ရွယ်ဖိုးအိုစုံတွဲအဖြစ် Read More
မိဘများနဲ့ရုပ်မတူပဲကွဲပြားနေတဲ့သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ကြောင့်၊သူဌေးမိသားစုဝင်တစ်စုရဲ့သမီးဖြစ်နိုင်တယ်လို့ယုံကြည်ပီး၊မိခင်ဖြစ်သူကို DNA တောင်းစစ်ခဲ့တဲ့ကောလိပ်ကျောင်းသူအဖြစ်
ယခုဖော်ပြပေးမဲ့အသက်(21)နှစ်အရွယ်ကောလိပ်ကျောင်းသူလေးကတော့၊မိသားစု drama ကားတွေအကြည့်လွန်ပီးစိတ်ကူးယဥ်ခဲ့တဲ့သူမရဲ့လုပ်ရပ်မှားကတော့ netizများကိုပင်အံ့အားသင့်ခဲ့ရပါတယ်။အကြောင်းကတော့ထိုကျောင်းသူလေးဟာ၊သူမရဲ့ရုပ်ရည်နဲ့ပတ်သတ်ပီး၊မိဘများနဲ့တူတဲ့နေရာလုံးဝမရှိတဲ့အပြင်မွေးချင်းမောင်နှမငါးယောက်မှာလဲအချောဆုံးသမီးတစ်ယောက်ဖြစ်နေတာမို့၊မိဘများရဲ့သမီးအရင်းမဟုတ်ပဲချမ်းသာတဲ့မိသားစုအသိုင်းဝိုင်းကလာတဲ့သူဌေးသမီးများဖြစ်နေမလားဆိုပီးယုံကြည်မှုလွန်ကဲခဲ့ပါတယ်။
ဒါ့အပြင်သူမငယ်စဥ်တုန်းကလဲအမဖြစ်သူတွေနဲ့ကတောက်ကဆဖြစ်တိုင်း၊မိခင်ကသူမကိုပဲပြစ်တင်ဆုံးမလေ့ရှိတဲ့အပြင်၊သူမယခုအရွယ်ထိသုံးနိုင်ဖြုန်းနိုင်တာကလဲသူမရဲ့မိဘရင်းများကထောက်ပံ့ပေးနိုင်တာဖြစ်တယ်လို့ဆိုပါတယ်။ထို့ကြောင့်သူမဟာမိဘများကိုဖွင့်ပြောခဲ့ပီး၊မိခင်ဖြစ်သူအား DNA စစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမရဲ့တောင်းဆိုချက်ကမိဘများအနေနဲ့ရင်နာခဲ့ရပေမဲ့၊သူမရဲ့ထင်ယောင်ထင်မှားယုံကြည်မှုလွန်ကဲနေတဲ့စိတ်ကြောင့်မိခင်ဖြစ်သူက DNA စစ်ပေးခဲ့ပါတယ်။
ထို့​နောက် DNA အဖြေအရသူမဟာမိခင်ဖြစ်သူရဲ့သမီးရင်းဖြစ်တယ်ဆိုတာကိုသိရှိပီးနောက်ပိုင်း၊မိဘများထံလုံးဝပြန်မလာတော့ပဲသူမရဲ့ဘဝကိုတစ်ကိုယ်တည်းဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမကတော့ DNA ရလဒ်အဖြေကိုလုံးဝအယုံကြည်မရှိသေးဘူးဆိုပီး၊သူမရဲ့လုပ်ရပ်အပေါ်နောင်တတောင်မရခဲ့ပါဘူး။
Everonline
Zawgyi
Everonline
မိဘများနဲ့ရုပ်မတူပဲကွဲပြားနေတဲ့သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ကြောင့်၊သူဌေးမိသားစုဝင်တစ်စုရဲ့သမီးဖြစ်နိုင်တယ်လို့ယုံကြည်ပီး၊မိခင်ဖြစ်သူကို DNA တောင်းစစ်ခဲ့တဲ့ကောလိပ်ကျောင်းသူအဖြစ် Read More
တစ်ရွာလုံး YouTuber တွေကြီးမို့”Youtube ရွာ”လို့အမည်ပေးထားခံရတဲ့ရွာဒေသခံများအကြောင်း
အိန္ဒိယနိိုင်ငံ Chhattisgarh မြို့နယ်တွင်းမှာရှိတဲ့ Tulsi ဆိုတဲ့ရွာလေးဟာ၊ယခုအခါမှာတော့ “YouTuber Village”ဆိုတဲ့ရွာအဖြစ်အမည်တွင်ကာရေပန်းစားလျက်ရှိတဲ့ရွာလေးဖြစ်နေပါတယ်။အကြောင်းကတော့ထိုရွာလေးမှာနေထိိုင်တဲ့ဒေသခံပေါင်း(3,000)လုံးကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ၊Youtuber များလုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။ထိုရွာလေးမှာနေထိုင်တဲ့ဒေသခံများဟာ၊ဒေသတွင်းအထင်ကရနေရာများနဲ့ရိုးရာယဥ်ကျေးမှုဓလေ့တွေကိုဗီဒီယိုရိုက်ကူးကြပီး၊ YouTube စာမျက်နှာထက်မှာတင်ကြတာဖြစ်ပါတယ်။
ယခင်ကတော့ထိုဒေသလေးမှာလယ်ယာစိုက်ပျိုးခြင်းကိုအဓိကအဖြစ်အသက်မွေးဝမ်းကျောင်းပြုကြပေမဲ့လို့၊ယခုအခါမှာတော့ YouTube channel တွေမှာ vlog ရိုက်တင်ကြတဲ့ YouTuber အဖြစ်၊အသက်မွေးဝမ်းကျောင်းပြုသူများပြားလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထိုကဲ့သို့တရွာလုံးနီးပါး YouTuber ဖြစ်ကြရတဲ့အ​​ကြောင်းကတော့၊ Gyanendra Shukla နဲ့ Jal Verma ဆိုတဲ့လူငယ်နှစ်ဦးကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။
ထိုလူငယ်နှစ်ဦးဟာ၎င်းတို့ရဲ့အင်ဂျင်နီယာ၊ကျောင်းဆရာအလုပ်ကိုစွန့်လွှတ်ပီးအောင်မြင်တဲ့ youtuber များအဖြစ်ရပ်တည်နိုင်ခဲ့ကြတာကြောင့်၊ဒေသခံများကထိုလူငယ်နှစ်ဦးကိုအားကျပီးယခုလို၎င်းတို့ရဲ့ခြေလှမ်းအတိုင်းလိုက်နင်းခဲ့ကြတာဖြစ်ပါတယ်။ဒေသခံအများစုဟာ၎င်းတို့ရဲ့ video clip တွေကို Youtube,tiktok,Instagram စတဲ့ social platform တွေမှာပိုစ့်တင်ရင်း၊ငွေကြေးရှာဖွေမှုစီးပွားရေးတစ်ခုအနေဖြင့်လုပ်ကိုင်လာကြတာဖြစ်ပါတယ်။ရွာဒေသခံများထဲကအသက်အငယ်ဆုံး youtuber အဖြစ်အသက်(15)နှစ်မှစရှိသလို၊အသက်အကြီးဆုံးကတော့(95)နှစ်အရွယ်Youtuber လဲပါဝင်တယ်လို့သိရပါတယ်။
Everonline
Zawgyi
Everonline
တစ်ရွာလုံး YouTuber တွေကြီးမို့”Youtube ရွာ”လို့အမည်ပေးထားခံရတဲ့ရွာဒေသခံများအကြောင်း Read More
ကွယ်လွန်သွားပီဖြစ်တဲ့ဇနီးဖြစ်သူရဲ့အုတ်ဂူနားသွားရောက်ခဲ့ရင်း၊လူငြီးသံကြားလို့အုတ်ဂူဖောက်လိုက်တဲ့အခါမှာတေ့ာ၊အသက်ရှိနေသေးတဲ့ဇနီးရဲ့အသက်ကိုကယ်တင်နိုင်လိုက်တဲ့အမျိုးသား
West Honduras , La Entrada ဒေသမှာဖြစ်ပွားသွားတဲ့ထူးဆန်းဖြစ်ရပ်လေးဟာ၊ဒေသတွင်းရုပ်သံလိုင်းတွေမှာပါဖော်ပြခြင်းခံခဲ့ရပါတယ်။အကြောင်းကတော့ Neysi Perez ဆိုတဲ့လူလတ်ပိုင်းကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ၊နေအိမ်တွင်းအိမ်သာထဲမှာလဲလျောင်းတဲ့အနေထားနဲ့၊ပါးစပ်ထဲကအမြုပ်တွေထွက်ပီးသတိလစ်မေ့မျောနေခဲ့တာကိုခင်ပွန်းဖြစ်သူကတွေ့ရှိခဲ့ပါတယ်။အိမ်နီးချင်းတွေကတော့၊သူမအနေနဲ့ထိန့်လန့်တုန်လှုပ်စရာကောင်းတဲ့အသံကိုကြားမိပီးအလန့်လွန်သွားတာကြောင့်၊သတိမေ့မျောသွားတာဖြစ်နိုင်တယ်ဆိုပီးယူဆခဲ့ကြပါတယ်။
ထို့နောက်သတိမလည်သေးပဲဘာအချက်မှမပြတော့တဲ့ဇနီးကိိုခင်ပွန်းဖြစ်သူကနီးစပ်ရာဆေးရုံကိုအမြန်ခေါ်သွားခဲ့လိုက်တဲ့အခါမှာတေ့ာ့၊ဆရာဝန်များကသူမဟာလွန်ခဲ့တဲ့(3)နာရီလောက်တည်းကအသက်မရှိတော့ဘူးဆိုတာကိုကောက်ချက်ချခဲ့ပါတယ်။ထို့နောက်ဆင်းရဲလှတဲ့မိသားစုအခြေနေကြောင့်၊သူမကိုချက်ချင်းပဲဒေသတွင်းသချိုင်းကုန်းမှာဂူသွင်းဖို့သာဆုံးဖြတ်ခဲ့​ကြပါတယ်။
နောက်တနေ့မှာတော့သူမရဲ့အုတ်ဂူကိုသတိရခြင်းများစွာနဲ့ခင်ပွန်းဖြစ်သူကသွားရောက်ခဲ့ချိန်မှာပဲ၊အုတ်ဂူထဲကနေမိန်းမဖြစ်သူရဲ့ငြီးသံကိုကြားခဲ့ရတယ်ဆိုတာကြောင့်၊ပတ်ဝန်းကျင်ရဲ့အကူညီယူပီးဂူဖောက်ခဲ့ကြပါတယ်။ထို့နောက်ခင်ပွန်းဖြစ်သူရဲ့အထင်အတိုင်း၊ဇနီးဖြစ်သူဟာအသက်ရှင်နေခဲ့ပီးခန္ဓာကိုယ်တစ်ခုလုံးနွေးတဲ့အနေထားနဲ့ရှိနေတာကြောင့်၊ဆေးရုံကိုခေါ်သွားခဲ့ပီးလိုအပ်တဲ့ဆေးကုသမှုတွေပြုလုပ်ခဲ့ပီးနောက်သတိပြန်လည်လာခဲ့တယ်လို့သိရပါတယ်။
Everonline
Zawgyi
ကွယ်လွန်သွားပီဖြစ်တဲ့ဇနီးဖြစ်သူရဲ့အုတ်ဂူနားသွားရောက်ခဲ့ရင်း၊လူငြီးသံကြားလို့အုတ်ဂူဖောက်လိုက်တဲ့အခါမှာတော့၊အသက်ရှိနေသေးတဲ့ဇနီးရဲ့အသက်ကိုကယ်တင်နိုင်လိုက်တဲ့အမျိုးသား
Everonline
ကွယ်လွန်သွားပီဖြစ်တဲ့ဇနီးဖြစ်သူရဲ့အုတ်ဂူနားသွားရောက်ခဲ့ရင်း၊လူငြီးသံကြားလို့အုတ်ဂူဖောက်လိုက်တဲ့အခါမှာတေ့ာ၊အသက်ရှိနေသေးတဲ့ဇနီးရဲ့အသက်ကိုကယ်တင်နိုင်လိုက်တဲ့အမျိုးသား Read More
အသက်(18)နှစ်နဲ့ဖခင်ဖြစ်သူထံမှအမွေရခဲ့ပီးနောက်၊ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးငယ်လေးတစ်ဦး
​တောင်ကိုးရီးယားနိုင်ငံမှာနေထိုင်ပီးအသက်(18)နှစ်အရွယ်သာရှိသေးတဲ့ Kim Jung-youn ဆိုသူဆယ်ကျော်သက်အမျိုးသမီးငယ်လေးဟာ၊ဖခင်ဖြစ်သူကွယ်လွန်ပီးနောက်မှာတော့ကမ္ဘာ့အသက်အငယ်ဆုံးဆယ်ကျော်သက်ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပါတယ်။သူမနဲ့အမအဖြစ်သူ Kom Jung-min တို့ကိုဖခင်ဖြစ်သူက၊၎င်းရဲ့ NXC (Nexon)ဆိုတဲ့ဂိမ်းကုမ္ပဏီကြီးရဲ့ရှယ်ယာ(48%)စီကိုအမွေအဖြစ်ပေးအပ်ခဲ့ပါတယ်။သူမတို့မောင်နှမရရှိထားတဲ့ရှယ်ယာတွေဟာငွေကြေးတန်ဖိုးအရ၊တစ်ယောက်(1billion)စီပမာဏစီပိုင်ဆိုင်ထားသူများဖြစ်တယ်လို့ Forbes သတင်းဌာနကထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဖခင်ဖြစ်သူအနေနဲ့မသေဆုံးခင်မှာသမီးနှစ်ယောက်ကိုရှယ်ယာအမွေပေးခဲ့ပေမဲ့၊သမီးနှစ်ယောက်ရဲ့အသက်ရွယ်အရရှယ်ယာထိန်းချုပ်နိုင်တဲ့အရည်ချင်းတောင်မရှိသေးတဲ့အချိန်မှာသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဖခင်ဖြစ်သူ Kim Jung-ju ဟာလဲသက်ရှိထင်ရှားရှိစဥ်အခါက၊တောင်ကိုးရီးယားနိုင်ငံရဲ့တတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။
၎င်းဟာ(1994)ခုနှစ်မှာ Nexon ဆိုတဲ့ဂိမ်းကုမ္ပဏီကြီးကိုတည်ထောင်ခဲ့ပီး၊ယခုအခါမှာတော့တောင်ကိုးရီးယားနိုင်ငံရဲ့အကြီးဆုံးဂိမ်းကုမ္ပဏီအဖြစ်ရပ်တည်လျက်ရှိပါတယ်။ယခု (2004)ခုနှစ်ဖွားသမီးဖြစ်သူ Kim Jung-youn ဟာဖခင်ဖြစ်သူရဲ့အမွေလက်ခံရရှိပီးနောက်မှာ၊ယခုလိုကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်အဖြစ်ရပ်တည်လျက်ရှိတာဖြစ်တယ်လို့ဖော်ပြချက်တွေအရသိရှိရပါတယ်။
Everonline
Zawgyi
Everonline
အသက်(18)နှစ်နဲ့ဖခင်ဖြစ်သူထံမှအမွေရခဲ့ပီးနောက်၊ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးငယ်လေးတစ်ဦး Read More
လွန်ခဲ့တဲ့နှစ်သန်းပေါင်း(400)ခန့်ကပထမဆုံးဒိုင်နို​ဆောရုပ်ကြွင်းလို့ယူဆရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းငယ်နှစ်ခုကိုတွေ့ရှိခဲ့တဲ့အသက်(11)နှစ်အရွယ်ကောင်လေးတစ်ဦး
ဂျပန်နိုင်ငံကအသက်(11)နှစ်အရွယ် Makoto Hitani ဆိုတဲ့ကောင်လေးဟာ၊၎င်းရဲ့ဖခင်ဖြစ်သူနဲ့အတူ Senaba အနီးတစ်ဝိုက်မှာရှိတဲ့မြက်ခင်းတောထဲကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ထိုအချိန်မှာပဲ Makoto ဟာတောက်ပပီး၊ထူးဆန်းသဏ္ဍန်ရှိတဲ့ကျောက်ခဲလေးနှစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ထို့နောက်အခြားကျောက်ခဲတွေနဲ့မတူပဲခြားနားနေတဲ့ကျောက်ခဲလေးမို့၊ဖခင်ဖြစ်သူက Makoto တွေ့ရှိခဲ့တဲ့ကျောက်ခဲလေးနှစ်ခုကို Okinawa Stone Culture Museum ဆီကိုစစ်ဆေးဖို့ပို့ဆောင်ခဲ့ပါတယ်။
ထို့နောက်စစ်ဆေးမှုရလဒ်အရထိုကျောက်ခဲနှစ်ခုဟာ”Ammonite fossil” လို့ခေါ်ပီး၊လွန်ခဲ့တဲ့နှစ်သန်းပေါင်း(400)ခန့်ကပထမဆုံးဒိုင်နိုဆောကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းအစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုသိရှိလိုက်ရပါတယ်။ထို့​နောက်ပြတိုက်တစ်ခုရဲ့ဒါရိုက်တာတစ်ဦးက၊ဂျပန်နိုင်ငံ Nanjo city မှာကျင်းပခဲ့တဲ့ Okinawa World In Tamiki ဆိုတဲ့ညီလာခံပွဲကြီးမှာ၊ရှားပါးပီးရှာဖွေခက်ခဲလှတဲ့ကျောက်ဖြစ်ရုပ်ကြွင်းလေးကိုတွေ့ရှိခဲ့တဲ့ Makoto ကို၊ “Eagle Eye”ဆိုတဲ့ကလောင်နာမည်ပေးပီးချီးကျူးဂုဏ်ပြုခဲ့တယ်လို့သိရပါတယ်။
Everonline
Zawgyi
Everonline
လွန်ခဲ့တဲ့နှစ်သန်းပေါင်း(400)ခန့်ကပထမဆုံးဒိုင်နို​ဆောရုပ်ကြွင်းလို့ယူဆရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းငယ်နှစ်ခုကိုတွေ့ရှိခဲ့တဲ့အသက်(11)နှစ်အရွယ်ကောင်လေးတစ်ဦး Read More
ထီဆု​ကြီးပေါက်ခဲ့တဲ့ငွေအားလုံးနဲ့ရွာသားအယောက်စီတိုင်းကိုငွေကြေးထောက်ပံပေးခဲ့ပီး၊ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ဘုန်းတော်ကြီးတစ်ပါးရဲ့ကြည်ညိုလေးစားဖွယ်လုပ်ရပ်
ထိုင်းနိုင်ငံတွင်းက Nakhon Phanom ဆိုတဲ့ဘုန်းတော်ကြီးကျောင်းမှာသတင်းသုံးနေတဲ့ဘုန်းကြီးတစ်ပါးဟာ၊ပီးခဲ့တဲ့လတုန်းကထိုင်းထီ(ဘက်6သန်း)တန်ထီဆုကြီးသုံးခုကိုကံထူးခဲ့ပါတယ်။ထိုဆုကြီးကနေရရှိတဲ့ငွေတန်ဖိုးပေါင်းဟာထိုင်းဘက်(18သန်း)ရရှိခဲ့တယ်လို့သိရပါတယ်။ထိုထီဆုကြီးပေါက်ခဲ့တဲ့ငွေတွေနဲ့၊ဘုန်းတော်ကြီးဟာ၎င်းရဲ့ကျောင်းမှာသီတင်းသုံးလျက်ရှိတဲ့ဓမ္မမိတ်ဆွေတွေနဲ့၊ကျေးရွာဒေသခံတစ်ယောက်စီတိုင်းကိုထိုင်းဘက်ငွေ(500)စီအလှူဒါနပြုခဲ့ပီး၊စုစုပေါင်းထိုင်းဘက်(800,000)ထိအလှူဒါနပြုခဲ့ပါတယ်။
ဒါ့အပြင်လက်ရှိသီတင်းသုံးနေတဲ့ကျောင်းမှာထိုင်းဘက်(4,000,000)တန်ဖိုးရှိတဲ့ကျောင်းဆောင်ကြီးကိုပါဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ကျန်ရှိတဲ့ဆုငွေများအားလုံးကိုလဲဒေသတွင်းမှာရှိတဲ့ပရဟိသအသင်းတွေဆီကိုမျှဝေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ထိုဘုန်းတော်ကြီးရဲ့အလှူဒါနကြောင့်ထိုင်း netizen များကဆုတောင်းမေတ္တာပို့သခဲ့ကြပီး၊ဘုန်းကြီးသက်ရှည်ကျန်းမာပီးဒီထက်မကအလှူတန်းများစွာပြုလုပ်နိုင်သူဖြစ်ပါစေလို့ netizen များကဆုတောင်းပေးခဲ့ကြပါတယ်။ထီဆုကြီးပေါက်တဲ့ငွေနဲ့တပြားတချပ်မှကိုယ်ကျိုးအတွက်မသုံးပဲ၊အကျိုးရှိတဲ့နေရာတွေမှာလှူဒါန်းမှုပြုခဲ့တဲ့ဘုန်းတော်ကြီးရဲ့သတင်းဟာ၊အများတကာကြည်ညိုလေးစားတဲ့လုပ်ရပ်အဖြစ်ကျော်ကြားလျက်ရှိပါတယ်လေ။
Everonline
Zawgyi
Everonline
ထီဆု​ကြီးပေါက်ခဲ့တဲ့ငွေအားလုံးနဲ့ရွာသားအယောက်စီတိုင်းကိုငွေကြေးထောက်ပံပေးခဲ့ပီး၊ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ဘုန်းတော်ကြီးတစ်ပါးရဲ့ကြည်ညိုလေးစားဖွယ်လုပ်ရပ် Read More
ဝယ်ယူသွားတဲ့အင်္ကျီကို 4 ရက်လောက်ဝတ်ပြီး ဆိုင်မှာပြန်လာ လဲလှယ်ခွင့်တောင်းဆိုခဲ့တဲ့ အမျိုးသမီး
ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်လေးကတော့ တစ်ကယ့်ကို မမျှော်လင့်ထားစရာပါပဲ ။ အကြောင်းကတော့ ဈေးဝယ်အမျိုးသမီးတစ်ဦးဟာ ဆိုင်ကနေ လွန်ခဲ့တဲ့ 4 ရက်က အင်္ကျီလာရောက်ဝယ်ယူခဲ့ပြီး ယခုချိန်မှ ပြန်ပြီးလဲလှယ်ခွင့်တောင်းခဲ့တာပါ ။ ဆိုင်ရှင်ကတော့ အဝတ်ဟာ တံဆိပ်တွေမရှိတော့ဘဲ ၊ လျှော်ထားတဲ့ပုံစံလည်း ဖြစ်နေလို့ ဆိုင်ရှင်က လဲလှယ်ခွင့်မပေးခဲ့ပါဘူး ။ ဈေးဝယ်ကလည်း အဆိုပါအင်္ကျီကိုပြန်လဲပေးမယ်လို့ ဆိုင်ရှင်က ကတိပေးထားကြောင်းသာပြောဆိုပြီး ငြင်းနေခဲ့တဲ့အပြင် အဆိုပါနေ့က အင်္ကျီအလှတွေမရှိလို့ သူမနဲ့မမှန်တဲ့အဆိုပါအင်္ကျီကို ဝယ်ပြန်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။
ဆိုင်ရှင်ကတော့ အင်္ကျီတန်ဖိုးက ဘယ်လောက်မှ မရှိပေမဲ့လည်း အဆိုပါအမျိုးသမီးလို ဈေးဝယ်ကြောင့် အတော်ကို စိတ်ပျက်ခဲ့ရပြီး အချိန်တစ်နာရီခွဲခန့် ကုန်ခဲ့ရကြောင်း ၊ သူမလို ဈေးဝယ်မျိုးနဲ့သာတွေ့နေရရင် ဘယ်လို အဝတ်အစားတွေရောင်းစားရတော့မလဲဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။
ဈေးဝယ်အမျိုးသမီးကတော့ အင်္ကျီမလဲပေးလို့ဆိုပြီး ဒေါသထွက်ကာ သူမရဲ့အင်္ကျီကိုယူပြန်ပြီး နောက်ခါဒီဆိုင်ကို လုံးဝ လာအားမပေးတော့ဘူးဆိုပြီး ဝေဖန်အော်ဟောက်သွားခဲ့ကြောင်း သိရှိရပါတယ် ။
Zawgyi
Jasmine (NIKHIT)
ဝယ်ယူသွားတဲ့အင်္ကျီကို 4 ရက်လောက်ဝတ်ပြီး ဆိုင်မှာပြန်လာ လဲလှယ်ခွင့်တောင်းဆိုခဲ့တဲ့ အမျိုးသမီး Read More